စည်ပင်ပိုင်ဆိုင်ခန်းများကို အမွေဆိုင်ပစ္စည်းကဲ့သို့ သဘောထားနေခြင်းအပေါ် ကိုင်တွယ်မည်ဟု ဦးဖြိုးမင်းသိန်းသတိပေး - Property News in Myanmar from iMyanmarHouse.com
1745 Views

စည်ပင်ပိုင်ဆိုင်ခန်းများကို အမွေဆိုင်ပစ္စည်းကဲ့သို့ သဘောထားနေခြင်းအပေါ် ကိုင်တွယ်မည်ဟု ဦးဖြိုးမင်းသိန်းသတိပေး

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပိုင်ဈေး များတွင် ဖွင့်လှစ်လုပ်ကိုင်နေ သည့် ဆိုင်ခန်းများ၌ ငှားသူနှင့် ငှားရမ်းသူအကြား အချိန်မရွေး စာချုပ်ပျက်ပြယ်နိုင်ပြီး အမွေဆိုင် ပစ္စည်းကဲ့သို့ သဘောထားနေခြင်း များအပေါ် ကိုင်တွယ်ရန်ရှိသည် ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

အဆိုပါဆိုင်ခန်းများတွင်ဖွင့် လှစ်ရောင်းချနေသူများသည် ယင်းဆိုင်ခန်းကို ၎င်းတို့ပိုင်ဆိုင် သည်ဟု သဘောထားနေခြင်းများ မှာ လွဲမှားနေသည်ဟု သြဂုတ် ၂၄ ရက်က တိုင်းအစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ၎င်းကပြောသည်။

‘‘စာချုပ်ပျက်ပြယ်သွားရင် အငှားကရပ်ဆိုင်းလိုက်လို့ရပါ တယ်။ ဒီဥစ္စာကအမွေဆိုင်ပစ္စည်း လိုဖြစ်နေတာကိုက ဥပဒေလုပ် ထုံးလုပ်နည်းနဲ့အညီ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီဥစ္စာကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ ကိုင်တွယ်ဖို့ရှိပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြော သည်။

ထို့အပြင် စည်ပင်ပိုင်ဈေး အများစု၏ ဈေးဝင်းဆိုင်ခန်းများ သည် စည်ကားမှုမရှိဘဲ ဈေးအ ပြင်ဘက် နေရာများတွင်သာ အရောင်းအဝယ် ဖြစ်နေခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့က ပြုပြင်ပြောင်းလဲမှုများ ပြု လုပ်ရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ထိုသို့စည်ကားမှုနည်းကာ ဈေးအင်္ဂါရပ်နှင့် ကိုက်ညီခြင်းမရှိ သော ဈေးများကို ပုဂ္ဂလိကနှင့်အ ကျိုးတူပူးပေါင်း၍ အဆင့်မြှင့်တင်မည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်တွင် ဖွင့်လှစ်ထားသည့် ဈေး ၁၈၀ ခန့်ရှိကြောင်း ဈေးများ ဌာန ထုတ်ပြန်ချက်စာရင်းများ၌ ဖော်ပြထားသည်။

အဆင့်မြှင့်တင်ခြင်း လုပ် ငန်းများပြုလုပ်ပြီးပါက ယင်းဈေး ၏ စီမံခန့်ခွဲမှုများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရန်ရှိသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် လမ်းဘေးဈေး သည်များကြောင့် လမ်းသွား၊ လမ်းလာများနှင့် ယာဉ်များအခက်အခဲ ရှိနေခြင်းများအပေါ် ဆက်လက်ဖြေရှင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းဈေးသည်များ ထံမှ တရားမဝင်အခွန်အခ ကောက်ယူနေသူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု ဦးဖြိုး မင်းသိန်းက ပြောသည်။

‘‘လမ်းမတွေဟာ အများ ပြည်သူလမ်းလျှောက်ဖို့နဲ့ ကား တွေမောင်းဖို့ဖြစ်ပါတယ်။ ဒီနေရာတွေမှာ စည်းကမ်းမဲ့ဆောင် ရွက်နေသူအားလုံးကိုလည်း ဥပဒေနဲ့အညီ ကျွန်တော်တို့ဆောင် ရွက်ပါမယ်’’ ဟု ၎င်းကပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service