BOT ကွန်ဒိုများ၏ ပိုင်ဆိုင်မှုရှုပ်ထွေးမှုများကြောင့်စောင့်ကြည့်ရန် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
1500 Views

BOT ကွန်ဒိုများ၏ ပိုင်ဆိုင်မှုရှုပ်ထွေးမှုများကြောင့်စောင့်ကြည့်ရန် လိုအပ်နေ

နိုင်ငံပိုင်မြေ မြေနေရာများတွင် ဆောက်လုပ်ရောင်းချသည့် BOT ကွန်ဒို ၀ယ်ယူထား ပိုင်ဆိုင်မှု နှင့် ပက်သက်ပြီး ရှုပ်ထွေးမှုများ ရှိနေသည့် အတွက် အသစ်ထွတ်ပေါ်လာသည့် ကွန်ဒိုနည်းဥပဒေ တွင် ပါဝင်လာသည့် အချက်အလက်များကို စောင့်ကြည့်လေ့လာပြီးမှသာဝယ်ယူသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများ အသိုင်းအ၀ိုင်းမှ သိရသည်။

စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကွန်ဒိုမီနီယံတွင် နေထိုင်သူများအနေဖြင့် မိမိ ပိုင်ဆိုင်သည့် အခန်းအချိုးအဆ အလိုက် ကွန်ဒိုဆောက်လုပ်ထားသည့် မြေကိုလည်း အချိုးကျခံစားခွင့်ရရှိမည် ဖြစ်သည်။

'' BOT ကတော့ နိုင်ငံတော်ကနေ နှစ် ငါးဆယ် အပေါင်း ဆယ်နှစ်နှစ်ခါစီ စုစုပေါင်း နှစ် ၇၀ နဲ့ သူ့ကို မြေဌားထားတာ ၊ သူ့တို့တွေသည် မြေကို ရောင်းချတဲ့ သဘော မဟုတ်ဘူး ၊ အကြမ်းဖျင်းသိရတာကတော့ ငှါးရမ်းတဲ့ သဘောမျိုးနဲ့ ရောင်းချနေကြတာဖြစ်ပါတယ် ၊ နိုင်ငံခြားသားကို ငှါးတယ်ဆိုပြီး နှစ်ရှည်စာချုပ်ချုပ်တယ် ၊ အဲဒီလိုပြောလို့ လုပ်ငန်းရှင်အချင်းချင်းသူတို့ကို ပြောတဲ့ သဘောမျိုးလည်း သက်ရောက်နိုင်တယ် ၊ အဲဒီသဘောလည်း မဟုတ်ပါဘူး ။ ဒါပေမယ့် မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာ က အဲ့ဒီသဘောမျိုးဘဲ ၊ BOT ကတော့ တစ်ချိန်မှာ သူက နိုင်ငံတော်ကို လွှဲပြောင်းရမယ် ၊ လွှဲပြောင်းတဲ့ အခါမှာတော့ ဒီအခန်းတွေ အားလုံး နိုင်ငံတော်ကို အပ်လိုက်တဲ့ပုံစံတော့ မဖြစ်နိုင်ဘူး ၊ မြေတွေကျတော့ တကယ် ဆောက်လုပ်တဲ့ ကုမ္မဏီကဆောက်ပြီး ကျွန်တော်တို့ နိုင်ငံမှာမရှိဘဲသူသည် ပြန်သွားမယ်ဆိုရင် နှစ်စဉ်နိုင်ငံတော်ကို သူက တစ်ပေပတ်လည်အတွက် ၊ တစ်မီတာ ပတ်လည် အတွက် ပေးသွင်းရတဲ့ မြေငှါးခ နှုန်းကို developer ကပေးရမှာ ဖြစ်တယ် ၊ အကယ်၍များ အဲ့ဒီကုမ္မဏီ တစ်စုံ တစ်ခု ဖြစ်သွားရင် စဉ်းစားစရာတွေ ရှိပါတယ် ။ developer company ကဒေ၀ါလီခံတာဘဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ နိုင်ငံမှာ မရှိတာ့တာဘဲဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် BOT ကွန်ဒိုတွေကို ၀ယ်ယူထားတဲ့ လူတွေအတွက် စဉ်းစားစရာဖြစ်တယ် ၊ နိုင်ငံတော်မှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်းပိုပြီးအသိဆုံးပါ ၊ အပြင်မှာ ကျွန်တော်တို့သိသလောက်တော့ အဲ့လိုအခြေအနေမရှိပါဘူး ၊ တကယ်တမ်းတော့ BOT က ၀ယ်လို့ရောင်းလို့ ရတာ မဟုတ်ပါဘူး၊ သူ့ကို မြေငှါးတဲ့ လုပ်ပိုင်ခွင့်ပေးထားတဲ့ ဟာဘဲဖြစ်ပါတယ် ''ဟု Young Developer Association ဥက္ကဌ ဦးမျိုးမြင့် မှပြောသည်။

ရန်ကုန်မြို့တော်ရှိ နာမည်ကြီး ကွန်ဒို အများစုမှာ ၀န်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် ကနဦး နှစ် ၅၀ ထပ်တိုး ဆယ်နှစ် နှစ်ကြိမ်ဖြင့် နှစ် ၇၀ ငှါးရမ်းထားခြင်းဖြစ်သည်။ BOT စာချုပ်များအရ သဘောတူညီချက် အမျိုးမျိုးဖြင့် မြေကို ငှါးရမ်းလုပ်ကိုင်ကြခြင်းဖြစ်ပြီး အချို့သော Developer ကုမ္မဏီများအနေဖြင့် မြေငှါးရမ်းခကို နှစ်စဉ် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပေးချေမှုများ ရှိနေဆဲဖြစ်သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

Innwa Pyae Sone Residence
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service