ရထားလမ်း ဖောက်လုပ်စဉ် သိမ်းယူခဲ့သည့် လှိုင်သာယာ မြေများအတွက် လျော်ကြေး ပြန်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1439 Views

ရထားလမ်း ဖောက်လုပ်စဉ် သိမ်းယူခဲ့သည့် လှိုင်သာယာ မြေများအတွက် လျော်ကြေး ပြန်ပေးမည်

လှိုင်သာယာ-ဟင်္သာတရထားလမ်း ဖောက်လုပ်စဉ် သိမ်းယူခဲ့သည့် လှိုင်သာယာရှိမြေများအတွက် လျော်ကြေးပြန် ပေးရန် စီစဉ်တော့မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်၂၁ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းသည် စီမံကိန်းပြီးစီးသွားသော်လည်း ပြေးဆွဲခြင်းမပြုတော့သည့် အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းကောင်းမွန် စေရန်နှင့် စနစ်ကျသောစီမံခန့်ခွဲမှုများဖြင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ ပြန်လည်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်ဦးက ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်းထည့်သွင်း ပြောကြားသည်။

မီးရထားလမ်းဖောက်လုပ်ရာတွင်ပါဝင်သော ထန်းတပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်နှင့် ဟင်္သာတ မြို့နယ်များရှိ သိမ်းဆည်းမြေများအတွက် လျော်ကြေးငွေများကို မြန်မာ့ မီးရထားကပေးအပ်ပြီးဖြစ်ကြောင်းသိရသည်။ ''ကျန်ရှိတဲ့လှိုင်သာယာမြို့ နယ်အတွင်းက သိမ်းဆည်းမြေများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျော်ကြေးတန်ဖိုးအတည် ပြုချက်ရရှိသောအခါ မြေယာလျော် ကြေးငွေများ ဆက်လက်ပေးချေသွားမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။ လှိုင်သာယာ-ဟင်္သာတမီးရထားလမ်းတစ်လျှောက် သိမ်းဆည်း မြေများနှင့် ကျန်ဆက်စပ်ပစ္စည်းများကို မြန်မာ့မီးရထားမှ ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟင်္သာတ-လှိုင်သာယာမီးရ ထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ယခင်ရထားပို့ဆောင် ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာ-ဟင်္သာတမီးရထားလမ်း( ၈၉ ဒဿမ ၇၆ မိုင်)ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်း ပေါင်း ၂၆၄၉၉ ဒသမ ၅၆၉ သန်း ကုန်ကျခံ၍ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂ဝ၁၄ခုနှစ် မေ ၂၄ရက်နေ့တွင်ဖွင့် လှစ်ခဲ့ကြောင်း ရထားစီးခရီးသည်မှာ တစ်ရက်လျှင် ရှစ် ဦးခန့်သာရှိပြီး အရှုံးများဆက်တိုက်ပေါ်ပေါက်ခဲ့ သဖြင့် ၂ဝ၁၆ ဇွန် ၁၁ ရက်တွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းခဲ့ခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် မီးရထားလမ်းမိုင် စုစုပေါင်း မိုင် ၄ဝဝဝ ခန့်ရှိသော်လည်း အမှန်တကယ်လက်တွေ့ပြေးဆွဲနေသည်မှာ မိုင်ပေါင်း ၁၆ဝဝ ခန့် ဖြစ်ကြောင်း၊ ပြေးဆွဲနေသည့်လမ်းပိုင်းများထဲမှ လှိုင်သာယာ-ဟင်္သာတ၊ ကျော-ဆိပ်ဖြူ၊ မင်းဘူး-ဆိပ်ဖြူ၊ ကျော-ဂန့်ဂေါ-ဆိုက်ခေါင်-မိုးနဲ စသည့် လမ်းပိုင်း ၁၃ ပိုင်း၏ လမ်းမိုင်ပေါင်း ၅၆၈ ဒသမ ၈၁ မိုင်ကို ပိတ်သိမ်းထားရကြောင်း လေးမျက်နှာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဇော်မင်းသိန်းကပြောသည်။

မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မီးရထားလမ်းများ အားလုံးကို အကြီးစားပြုပြင် သွားရန်လိုအပ်နေသော်လည်း ရထားပို့ဆောင်ရေးအဆောက်အအုံတည်ဆောက်မှုသည် အရင်းအနှီးကြီးမားသဖြင့် အချိန်ယူဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ခရီးသည်နှင့်ကုန်စည်များအတွက် အဓိကရထားလမ်း ကြောင်းများဖြစ်သည့် ရန်ကုန်-မန္တ လေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်၊ မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းကို နိုင်ငံခြားချေးငွေနှင့် နိုင်ငံတော်ဘဏ္ဍာ ငွေတို့ဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးဦးကျော် ဦးက ပြောသည်။

''ပြည်သူလူထုက လိုလားတဲ့ လျင်မြန်၊ အချိန်မှန်သက်သောင့် သက်သာရှိမယ့်ရထားပြေးဆွဲမှုကို မဖြစ်မနေလိုအပ်လာတဲ့အခါမှာ ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ လက်ရှိပြေးဆွဲနေသော ရထားများအမြန်နှုန်းထက်မြင့်မားတဲ့ လျှပ်စစ်သုံးရထားများပြေးဆွဲနိုင်တဲ့ ရထားလမ်းကို လှိုင်သာယာနဲ့ ရန်ကုန်ကြား ပြေးဆွဲနိုင်ရန် တစ်ဆက်တစ်ဆပ် တည်းဖောက်လုပ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်စွာပြေးဆွဲနိုင်မည့်အချိန်မှာ စနစ်တကျစီမံချမှတ် ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

Credit:   Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service