ပိုင်ဆိုင်မှုတွေ ခိုင်မာစေမယ့် တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေဆိုတာ ဘာလဲ - Property News in Myanmar from iMyanmarHouse.com
2685 Views

ပိုင်ဆိုင်မှုတွေ ခိုင်မာစေမယ့် တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေဆိုတာ ဘာလဲ

တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာစေတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ အဆိုပြုမှုကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြထားတယ်လို့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MCLA)က သိရပါတယ်။

လက်ရှိမှာ တိုက်ခန်းနဲ့ ပက်သက်ပြီး လွှဲပြောင်းရောင်းချတဲ့အခါ ဝယ်သူ၊ ရောင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ ဆောက်လုပ်မှုတွေမှာ သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်တွေ မရှိတဲ့အတွက် ဥပဒေတစ်ခု အမှန်တကယ် လိုအပ်နေတာ ဖြစ်ပါတယ်။ အခုလို ပြဿနာတွေကို ပြေလည်စေဖို့အတွက် တိုက်ခန်း၊ အိမ်ရာ အဆာက်အအုံဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။

' ပြည်သူက ရေးဆွဲတဲ့ဥပဒေတစ်ခုဖြစ်တယ်၊ အောက်ခြေကနေ အပေါ်ထိတင်တဲ့ ဥပဒေဖြစ်တယ်၊ အဲဒီကနေ ပြည်သူ့လွှတ်တော်ရေးရာကော်မတီတွေက အဆင့်ဆင့်ကြားနာလိမ့်မယ်၊ လိုတာတွေပြင်မယ်၊ ဖြည့်မယ်၊ ဖြုတ်မယ်၊ အဲဒါတွေ ပြီးရင် ဥပဒေကြမ်းကော်မတီကို တင်မယ်၊ ဥပဒေကြမ်းကော်မတီက ကြားနာပြီးပြီဆိုရင် အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ကို တင်မယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။ လက်ရှိမှာတော့ အဆိုပြု ဥပဒေ မူကြမ်းကို ပြည်သူ့လွှတ်တော်တွင် တင်ပြထားပြီး တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ရှိလာဖို့အချိန် (၆)လခန့် ကြာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

+++ အဆိုပြုဥပဒေမူကြမ်းမှာ ဘာတွေပါသလဲ +++

ပြည်သူ့လွှတ်တော်မှာ တင်ပြထားတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းဟာ တတိယအကြိမ်ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခန်းပေါင်း (၁၂)ခန်း ပါဝင်ပြီး ပုဒ်မခွဲ (၃၅)ခု ပါဝင်ပါတယ်။

+++ ဗဟိုကော်မတီ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ အဆိုပြုဥပဒေမှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေပါဝင်တဲ့ ဗဟိုကော်မတီ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ သည်ကော်မတီဟာ ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်နဲ့ မူဝါဒများ ချမှတ်တာ၊ မူဝါဒတွေကို အကောင်အထည်ဖော်မှုကို သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကိုတင်ပြတာ၊ တိုက်ခန်း၊ အိမ်ရာအကောင်အထည်ဖော်မှုတွေကို စစ်ဆေးတာစတဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။

+++ စီမံခန့်ခွဲရေးကော်မတီ +++

စီမံခန့်ခွဲရေးကော်မတီမှာ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီးအဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း၊ စည်ပင်သာယာရေးကော်မတီ စတဲ့ဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်မှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲရေးကော်မတီဟာ ဒေသအသီးသီးမှာရှိတဲ့ အသေးစား၊ အလတ်စား အိမ်ရာကဏ္ဍတိုးတက်ရေး၊ တိုက်ခန်း၊ အိမ်ရာဆောက်လုပ်ရေးတွေကို မူဝါဒနဲ့အညီ ခွင့်ပြုချက်လက်မှတ်ထုတ်ပေးတာ၊ ပိုင်ဆိုင်မှုလွှဲပြောင်းဖို့အတွက် ထောက်ခံချက်ထုတ်ပေးတာ၊ မှတ်ပုံတင်စာချုပ်တွေကို စိစစ်ပြီး ပိုင်ဆိုင်မှုလက်မှတ်ထုတ်ပေးတာ၊ ကြီးကြပ်မှုကော်မတီက တင်ပြလာတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ပေးတာ၊ ဆောင်ရွက်ချက်တွေကို စီမံခန့်ခွဲရေး နည်းလမ်းတွေအရဆောင်ရွက်ပေးတာ၊ တိုက်ခန်း၊ အိမ်ရာအဆောက်အအုံ စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စီစဉ်ဆောင်ရွက်တာ၊ လိုအပ်တဲ့ကြီးကြပ်မှုကော်မတီနဲ့ အိမ်ရာကော်မတီတွေကို ဖွဲ့စည်းရမယ့် တာဝန်တွေရှိပါတယ်။

+++ ကြီးကြပ်မှုကော်မတီ +++

ကြီးကြပ်မှုကော်မတီဟာ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ရရှိသူများဖြင့် သက်ဆိုင်ရာ အိမ်ရာကော်မတီတွေဖွဲ့စည်းတာ၊ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ဝန်ဆောင်ခတွေကို ကြီးကြပ်ဆောင်ရွက်တာ၊ အိမ်ရာကော်မတီရဲ့ ရန်ပုံငွေတွေကို လိုအပ်သလိုစစ်ဆေးနိုင်တာ အငြင်းပွားမှုဖြစ်ပွားပါက ညှိုနှိုင်းဖျန်ဖြေပေးရန်၊ တည်ဆဲဥပဒေများနဲ့ မဆန့်ကျင်စေရေး ထိန်းကျောင်းပေးတာ၊ ဥပဒေပါ အချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက အရေးယူဆောင်ရွက်ပေးဖို့ စီမံခန့်ခွဲရေးကော်မတီကို တင်ပြတာ၊ စီမံခန့်ခွဲရေကော်မတီမှ တာဝန်ပေးအပ်ပါက ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်တစ်ဦးဦးကတရားလိုပြုလုပ်ပြီး တရားစွဲဆိုတာတွေ ပြုလုပ်ဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။

+++ ဥပဒေမှာပါတဲ့ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်ရမယ့် သတ်မှတ်ချက်များ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်တဲ့ မြေကွက်ဟာ တည်ဆဲဥပဒေနဲ့အညီ လူနေအိမ်ရာ ဆောက်လုပ်ခွင့်နဲ့ လွှဲပြောင်းနိုင်တဲ့ မြေအမျိုးအစားဖြစ်တာ၊ မြေကွက်ဟာ ပိုင်ရှင်အမည်ပေါက်ဖြစ်တာ၊ ပိုင်ဆိုင်သူ၊ မ, တည်ငွေထည့်ဝင် ရင်းနှီးမြှုပ်နှံသူ၊ အဆောက်အအုံလုပ်မယ့် ကန်ထရိုက်တာတို့ဟာ သဘောတူစာချုပ်ကို သက်ဆိုင်ရာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီးတာ၊ ဆောက်လုပ်ရေးဆိုင်ရာခွင့်ပြုချက် လက်မှတ်ရရှိတာ စတဲ့အချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။

+++ ဆောက်လုပ်ခွင့်မှတ်ပုံတင်လိုတဲ့ အဆောက်အအုံတွေဟာ +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆောက်လုပ်လိုသူတွေဟာ ဆောက်လုပ်ခွင့် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့်မှတ်ပုံတင်ဖို့အတွက် ပိုင်ဆိုင်သူများက အချိုးအစားအလိုက် ပါဝင်ရမယ့် အများသုံးပစ္စည်းပါဝင်ခြင်း၊ သတ်မှတ်ချက် စံချိန်စံညွန်းတွေနဲ့ ကိုက်ညီခြင်း၊ ဆောက်လုပ်မယ့် မြေနေရာ အကျယ်အဝန်းဟာ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့အမိန့်ကြေညာချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပါက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို (၃၅)ရာခိုင်နှုန်းထက် မပိုဘဲ လွှဲပြောင်းနိုင်တယ်လို့ သိရပါတယ်။

+++ ဖြိုဖျက်မယ်ဆိုရင် +++

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံကို ဖြိုဖျက်မယ်ဆိုရင် တိုက်ခန်းပိုင်ရှင်အများစုပါဝင်တဲ့ အထူးအစည်းအဝေးမှာ တက်ရောက်သူ (၇၅)ရာခိုင်နှုန်းက သဘောတူဆုံးဖြတ်ချက်နဲ့ ဖြိုဖျက်ခွင့် ရှိတာပါ။

+++ ပြစ်မှု၊ ပြစ်ဒဏ် +++

ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်သည့်အမိန့်၊ ညွှန်ကြားချက်တွေကို မလိုက်နာပါက အနည်းဆုံး ကျပ် (၁၀)သိန်းမှ ငွေကျပ် သိန်း (၃၀)ထက် မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ပြစ်မှုအတွက် စီရင်မှုခံရပြီး သည်ပြစ်မှုကို ဆက်လက်ကျူးလွန်ပါက အများဆုံးချမှတ်ထားတဲ့ ငွေဒဏ်ရဲ့(၁၀)ရာခိုင်နှုန်းကို ထပ်မံတိုးမြှင့်ချမှတ်မှာ ဖြစ်ပါတယ်။ ထပ်မံပြီး ပြစ်မှုဆက်လက်ကျူးလွန်ပါက ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုမှာ ဖြစ်ပါတယ်။

' လတ်တလောက ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံး ပြိုလဲနေတယ်၊ ငွေအရင်းအနှီးမြှုပ်နှံထားသူတွေ၊ မြေစိုက်ထားတဲ့သူ၊ တိုက်ခန်းဝယ်ထားတဲ့သူ အားလုံး အရောင်းအဝယ်တွေ မရှိဘူး၊ လူထုကလဲ မဝယ်ရဲဘူး၊ ဝယ်ပြီးပြီဆိုရင်လဲ လှောင်ထားရတယ်၊ တချို့က ထုတ်ရောင်းကြတယ်၊ အရှုံးတွေ ပေါ်ကြတယ်၊ အဲဒီတော့ နစ်နာမှုတွေ အများကြီးရှိတယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။

တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဥပဒေ (Apartment Law) ပြဋ္ဌာန်းနိုင်ပါက ဥပဒေအရ မှတ်ပုံတင်ပြုလုပ်ရတဲ့အတွက် ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ ဖြစ်ပါတယ။ အာမခံချက်ရှိတဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေမှာ ပေါင်နှံတာ၊ ငွေချေးတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service