ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းဖော်ဆောင်ရန် အဆိုပြုလွှာဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
2337 Views

ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းဖော်ဆောင်ရန် အဆိုပြုလွှာဖိတ်ခေါ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြေ ၁၈၃ ဧက၌ အကောင်အထည်ဖော်မည့်
နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်းကို စိတ်ဝင်စားသည့် ကုမ္ပဏီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံပိုင်သတင်းစာများတွင် အဆိုပြုလွှာဖိတ်ခေါ်ထားသည်။

စီမံကိန်း၌ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအိမ်ရာများအပြင် စီးပွားရေးဆိုင်ရာ အဆောက် အအုံများ၊ ဈေးဝယ်စင်တာအဆင့် မြင့်လူနေအိမ်ရာများနှင့် ယာဉ်ရပ်နားနေရာများကို ဖော်ဆောင်မည်ဖြစ်၍ စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု တိုင်းအစိုးရ က ဆိုသည်။

တိုင်းအစိုးရ၏ တင်ဒါအ ကြောင်း အသေးစိတ်မေးမြန်းရန် ဖော်ပြထားသည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ရာတွင် ‘‘အသေးစိတ် ကို ဖြေကြားလို့မရဘူး။ အပေါ်က ဆရာများ ညွှန်ကြားချက်အတိုင်း လုပ်ပေးနေရတာပါ ’’ ဟု ဖုန်းလက်
ခံဖြေကြားသူကပြောသည်။

စိတ်ဝင်စားသည့် ကုမ္ပဏီ များသည် အိတ်ပိတ်အဆိုပြုလွှာ ကို စက်တင်ဘာ ၇ ရက်တွင် ပြန်လည်တင်ပြရမည်ဟု တိုင်းအစိုးရ က ကြေညာထားသည်။

‘‘ တိုင်းအစိုးရက ရှင်းပြထား တာတော့ လူတန်းစားပေါင်းစုံနေ နိုင်အောင် လုပ်တယ်လို့ ဆိုထား တယ်။ ကျွန်တော့်အမြင်ပြောရရင် ဒဂုံမြို့သစ်အတွက် ဒါတွေက လို အပ်ပါတယ်။ အငှားအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာလိုဟာမျိုးတွေက အလုပ်သမားတွေအတွက် လိုအပ်ပါတယ် ’’ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။

မြို့သစ်စီမံကိန်းအပြင် ရှိရင်းစွဲ မြို့သစ်များဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် သမ္မတ၏လမ်း ညွှန်မှုကို တိုင်းအစိုးရက အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းသည် တိုင်း အစိုးရက ၂၀၁၈ မေလတွင် လွှတ်တော်သို့ တင်ပြခဲ့သည့် ကျပ်ဘီလီ ယံ ၁,၀၀၀ ကျော်တန်ဖိုးရှိ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service