မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၌ သုံးလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၁၆၂ ဘီလျံကျော် ရှိနေပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး မြှုပ်နှံထားသည့် ကဏ္ဍဖြစ် - Property News in Myanmar from iMyanmarHouse.com
1773 Views

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၌ သုံးလအတွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၁၆၂ ဘီလျံကျော် ရှိနေပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး မြှုပ်နှံထားသည့် ကဏ္ဍဖြစ်

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ၌ သုံးလအတွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၂၄၄ ဒသမ ၈၁၉ သန်း အပါအ၀င် ကျပ် ၄၁၆၂ ဘီလျံကျော်အထိ ရှိနေပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ၀င်ရောက်မြှုပ်နှံထားသည့် ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈ခုနှစ် ဧပြီ၊ မေနှင့် ဇွန်သုံးလအတွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှု အခြေအနေကို လေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဒေါ်လာ ၂၆၁၂ ဒသမ ၆၂၈ သန်း အပါအ၀င် ကျပ် ၃၀၁၆ ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၇ ရာခိုင်နှုန်းကျော် အထိရှိကာ ဒုတိယ အများဆုံး မြှုပ်နှံထားသည့် ကဏ္ဍဖြစ်သည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်မူ ဒေါ်လာ ၂၂၅၄ ဒသမ ၀၂၃ သန်း အပါအ၀င် ကျပ် ၂၈၄၆ ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၂၅ ရာခိုင်နှုန်းအထိရှိကာ တတိယအများဆုံး မြှုပ်နှံထားသည့်ကဏ္ဍ ဖြစ်သည်။

ဘဏ္ဍာနှစ်ကြားကာလ လေးလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၅ ခုအထိ ခွင့်ပြု/အတည်ပြုပေးထားမှုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၁၃ ဘီလျံကျော်အထိ ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ခွင်ြ့ပု/အတည်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၅၊ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၃၀၀ သန်း အပါအ၀င် ကျပ် ၇၈၃ ဒသမ ၁၄၂ ဘီလျံ ကျော်ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၄၄၈ သန်း အပါအ၀င် ကျပ် ၈၁၃ ဒသမ ၁၈၃ ဘီလျံအထိ ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

အဆိုပါ ခွင့်ပြု/အတည်ပြုလုပ်ငန်း ၁၅ ခုမှာ စက်မှုကဏ္ဍတွင် ၃ ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် သုံးခု၊ ဟိုတယ်ကဏ္ဍတွင် ၄ ခု၊ လယ်ယာကဏ္ဍတွင် တစ်ခုနှင့် အခြားကဏ္ဍတွင် လေးခု စသည်ဖြင့် အသီးသီး ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုက အဆိုပြုလုပ်ငန်း နှစ်ခု၊ အတည်ပြုလုပ်ငန်း ၁၃ ခုနဲ့ စုစုပေါင်း ၁၅ ခု ခွင့်ပြုခဲ့ပါတယ်။ အဆိုပြုလုပ်ငန်းနှစ်ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပြီး အတည်ပြုလုပ်ငန်း ၁၃ ခုမှာ MIC ကနေလုပ်ငန်းနှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်ခု၊ မကွေးတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သုံးခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမှ နှစ်ခု၊ ရှမ်းပြည်နယ်က နှစ်ခု၊ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သုံးခု စုစုပေါင်း ၁၃ ခု ခွင့်ပြုပေးလိုက်တယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၁၆၈ အပါအ၀င် ကျပ် ၈၂,၅၉၈ ဒဿမ ၆၉၀ သန်း ကျပ် ၈၂ ဘီလျံကျော်ပေါ့ ဒါကိုခွင့်ပြုပေးခဲ့ပါတယ်” ဟု ဦးသန်းအောင်ကျော်က
ပြောကြားသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅ ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့သည့်ခြင်းကြောင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၃၀၀ ကျော်အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအဖြစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားသည်။ ယခုခွင်ြ့ပုထားသည့် ရင်းနှီးမြှုပ်နှံမှုသည် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လ၏ လေးလအတွင်း ခွင့်ပြုပေးထားသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏဖြစ်ကြောင်း သိရသည်။


Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service