ဒေါ်လာတန်ဖိုး စံချိန်တင် ထပ်မံမြင့်တက် - Property News in Myanmar from iMyanmarHouse.com
2133 Views

ဒေါ်လာတန်ဖိုး စံချိန်တင် ထပ်မံမြင့်တက်

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာ ပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ သည်ဟု သတင်းများထွက်ပေါ်နေ သော်လည်း သြဂုတ် ၇ ရက် မွန်း လွဲပိုင်းတွင် ပြည်တွင်းငွေကြေး ဈေးကွက်၌ ကန်ဒေါ်လာတန်ဖိုး တစ်ဒေါ်လာလျှင် ၁,၄၇၅ ကျပ် အထိ မြင့်တက်လာသည်။

သြဂုတ် ၇ ရက် နံနက်တွင် ပြည်တွင်းငွေကြေးဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၄၆၅ ကျပ် ဖြင့် ဈေးဖွင့်ခဲ့သော်လည်း နာရီ ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲများဖြစ်ကာ ညနေ ၃ နာရီ၌ တစ်ဒေါ်လာ ၁,၄၇၅ ကျပ်သို့ မြင့် တက်လာသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲ ကောင်တာများကို ဗဟိုဘဏ်က ခေါ်ယူတွေ့ဆုံချိန်တွင် တစ်ရက် အတွင်း တစ်ဒေါ်လာ ၂၀ ကျပ် ကျဆင်းခဲ့သည်။ ထိုအချိန်က တစ်ဒေါ်လာ ၁,၄၀၀ ကျပ်မှ ၁,၃၈၀ ကျပ်သို့ ကျဆင်းခဲ့သည်။

လက်ရှိအချိန်တွင် ခေါ်ယူ တွေ့ဆုံသည်ဟု သတင်းများပေါ် ထွက်နေသော်လည်း ပြည်တွင်း ငွေကြေးဈေးကွက်၌ အချိန်ပိုင်း အတွင်း တစ်ဒေါ်လာ ၁၀ ကျပ် မြင့်တက်သည်။အချိန်ပိုင်းအတွင်းကန်ဒေါ်လာတန်ဖိုး အပြောင်းအလဲမြန်ဆန်ခြင်းက ပို့ကုန်၊သွင်းကုန် လုပ်ငန်းများ အခက်အခဲဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

ကန်ဒေါ်လာ စံချိန်တင်မြင့် တက်နေမှုကို ထိန်းရန် ဗဟိုဘဏ် က ပြီးခဲ့သည့် ရက်များက ပြည် တွင်းပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာ စတင်ရောင်းချပေးနေ ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အချိန်ပိုင်းအတွင်း ဒေါ်လာတန်ဖိုး အပြောင်းအလဲများဖြစ်ပြီး ဈေးမြင့်တက်မှုကို ကုစားရန် ဗဟိုဘဏ်က စတင်ဆောင်ရွက်လာ ခြင်း ဖြစ်သည်။ ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဒေါ်လာပမာ ဏတိုးလာပါက တန်ဖိုးကျဆင်း ပြီး ကျပ်ငွေတန်းဖိုး မြင့်တက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် သည်။ သို့သော် ဗဟိုဘဏ်က ရောင်းချပေးသည့် ဒေါ်လာပမာဏသည် တစ်ရက်လျှင် ငါးသောင်းမှ တစ်သိန်းအကြားသာ ရှိခြင်းကြောင့် ငွေကြေးဈေးကွက် အ ခြေအနေ ပြောင်းလဲနိုင်စွမ်းအားနည်းသည်ဟု ဆိုသည်။

ဗဟိုဘဏ်က ကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုကို ၀င်ထိန်းရန် ကြိုးစားလာသော်လည်း ပြည် တွင်းငွေဈေးကွက်တွင် ဒေါ်လာ တန်ဖိုးက စံချိန်တင် ထပ်မံမြင့် တက်လာခြင်း ဖြစ်သည်။ တစ် ဒေါ်လာလျှင် ၁,၅၀၀ ကျပ်အထိ မြင့်တက်ပြီး ကျပ်ငွေတန်ဖိုးဆက် လက်ကျဆင်းနိုင်သည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့က မှန်းဆ ကြသည်။

‘‘ဈေးရတယ်လို့ထင်ပြီး ရောင်းပြီးတိုင်း နောက်ရက်မှာ မှားသွားသလိုဖြစ်နေတယ်’’ဟု ကန်ဒေါ်လာဈေး ဆက်တိုက်မြင့် တက်လာခြင်းနှင့် ပတ်သက်၍ ကြုံတွေ့နေသည့် အခြေအနေ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

လက်ရှိ မိုးရာသီတွင် ပုဂ္ဂ လိကကဏ္ဍ ပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်တင်ပို့ မှု လျော့ကျနေပြီး နိုင်ငံခြားဝင်ငွေ နည်းခြင်းကလည်း ဒေါ်လာတန် ဖိုးမြင့်တက်ရန် တွန်းအားနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံ တို့၏ ကုန်သွယ်ရေး စစ်ပွဲ၊ အမေ ရိကန် ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း မြှင့်တင်မှုကြောင့် နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် ဒေါ်လာ တန်ဖိုး မြင့်တက်စေကြောင်း စီးပွားရေးပညာရှင်အချို့က ပြော သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service