နိုင်ငံခြားသားပိုင် ကုမ္ပဏီများအား အများပြည်သူသို့ ရှယ်ယာရောင်းချခွင့် ပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
2096 Views

နိုင်ငံခြားသားပိုင် ကုမ္ပဏီများအား အများပြည်သူသို့ ရှယ်ယာရောင်းချခွင့် ပြုတော့မည်

နိုင်ငံခြားသားပိုင် ကုမ္ပ ဏီများကို အများပိုင်ကုမ္ပဏီထူထောင်၍ အများပြည်သူသို့ ရှယ်ယာရောင်းချခွင့်ပြုမည်ဟု ချေးငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

အများပြည်သူသို့ ရှယ်ယာ ရောင်းချရာတွင် ရန်ကုန်စတော့ အိတ်ချိန်းမှ
တစ်ဆင့် ရောင်းချနိုင်သလို ကော်မရှင်ကြီးကြပ်မှုခံ ယူ၍ စတော့အိတ်ချိန်း
ပြင်ပ၌ တိုက်ရိုက်ရောင်းချနိုင်မည် ဖြစ် သည်။

‘‘အရင် ဥပဒေက မြန်မာကုမ္ပဏီ၊ နိုင်ငံခြားကုမ္ပဏီအဆင့်ခွဲထားတာ ရှိတယ်။ အခုကုမ္ပဏီ ဥပဒေက ဘာမှမခွဲထားဘူး။ ကုမ္ပ ဏီထောင်လည်း မခွဲဘူး။
ရှယ်ယာလည်း မခွဲဘူး။ နိုင်ငံခြားသား နဲ့ မြန်မာကိုမခွဲခြားတဲ့ ခေတ်ကို ရောက်နေပြီ’’ ဟု ဦးဌေးချွန်က ပြောသည်။

နိုင်ငံခြားသားပိုင် ကုမ္ပဏီ များသည် ပြည်တွင်းကုမ္ပဏီများ ကဲ့သို့ အများပြည်သူသို့ ရှယ်ယာ ရောင်းချလိုပါက ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး
ဌာနတွင် အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ရမည် ဖြစ်သည်။

သြဂုတ် ၁ ရက်၌ စတင်အသက်ဝင်သည့် ကုမ္ပဏီဥပဒေတွင် ပြည်တွင်း ကုမ္ပဏီများ၌ နိုင်ငံခြားသားများကို ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးထား
သည်။

ထို့ကြောင့် ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့် စည်းကမ်းများကို ကော်မရှင်က နှစ်ပတ်အတွင်း ထုတ်ပြန်မည်ဖြစ်သည်။ စာရင်းဝင်အများပိုင်ကုမ္ပဏီများ အဆင်သင့်ဖြစ်ပါက ရှယ်ယာများစတင် ၀ယ်ယူနိုင်သည်။ နိုင်ငံခြားသားကို ရှယ်ယာမည်မျှရောင်းချမည်ကို ကုမ္ပဏီများက ကိုယ်တိုင်ဆုံးဖြတ်ရမည် ဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ငါးခုရှိသည်။

‘‘ပြည်တွင်းကုမ္ပဏီ၊ ပြည်ပ ကုမ္ပဏီမခွဲထားတော့ဘူးဆိုတော့ ကောင်းတာတွေလည်း ရှိတယ်။ အများပြည်သူကို ရှယ်ယာပါ ရောင်းတော့မယ်ဆိုတော့ စစ် ဆေးမယ့် ကော်မရှင်က သေချာ လုပ်ဖို့လိုတယ်။ တော်ကြာဒီမှာ ရှယ်ယာလာရောင်းပြီး လစ်ပြေး သွားတာတွေလည်း ဖြစ်လာနိုင် တယ်’’ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအေးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားပိုင်ကုမ္ပဏီနှင့် ကုမ္ပဏီရုံးခွဲ ၆,၀၀၀ခန့်ရှိသည်။ လက်ရှိအသက်ဝင် လာမည့် ကုမ္ပဏီဥပဒေသစ်အရ အဆိုပါ ကုမ္ပဏီများပြန်လည်မှတ် ပုံတင်ရမည် ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service