ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
2165 Views

ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု

ပစိဖိတ်သမုဒ်္ဒရာရေပြင်အတွင်း ရေပေါ်နိုင်ငံ တစ်ခု တည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် ကမ်္ဘာပေါ်၌ ကိုယ်ပိုင်အစိုးရတစ်ရပ်ရှိသည့် နိုင်ငံ သစ်တစ်ခု ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း အင်္ဂလန်အခြေ စိုက်သတင်းဝက်ဘ်ဆိုက်များစွာတွင် ဖော်ပြသည်။

နိုင်ငံ၏ ငွေကြေးကို ဗေရွန်ဟု အမည်ပေးမည်ဖြစ် ပြီး ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) အမျိုးအစားဖြစ် သည်။

သြစတေးလျနိုင်ငံနှင့် တောင်အမေရိကတိုက်တို့ အကြား ရှိ တောင်ပစိဖိတ်သမုဒ်္ဒရာ အလည်တည့်တည့်တွင် တည်ရှိသော ပြင်သစ် ပိုလီနီးရှားကျွန်းနိုင်ငံမှ အစိုးရနှင့် PayPal တည်ထောင်သူ ပီတာ ထီရယ်လ် (Peter Thiel) တို့ ပူးတွဲအကောင် အထည် ဖော်သည့် စီမံကိန်းဖြစ်ပြီး ပေါင် ၃၇ သန်း (ကန် ဒေါ်လာ သန်း ၅၀ ) ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ပင်လယ်အတွင်းမှ အဆိုပါကျွန်းနိုင်ငံတွင် နေအိမ်ပေါင်း ၃၀၀ အပြင် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ရုံးများ တည်ရှိမည် ဖြစ်သည်။

တည်ရှိမည့်နေရာမှာ ပစိဖိတ်သမဒ္ဒရာအတွင်းရှိ တဟီတီကျွန်း ကမ်းလွန်ပင်လယ်ပြင်တွင် ဖြစ်သည်။

နိုင်ငံရေးသိပ်္ပံပညာရှင်- ရေပေါ်ကျွန်း စီမံကိန်း သုတေသနပညာရှင် နာသာလီ မက်ဇာ ဂါစီယာက ပြောကြားရာ တွင် ကျွန်းပေါ်တွင်နေထိုင်မည့် နိုင်ငံသားတို့သည် ပထ၀ီနိုင်ငံ ရေးလွှမ်းမိုးမှုများ၊ ကုန်သွယ်မှုကိစ်္စရပ်များ၏ သြဇာလွှမ်းခံရ ခြင်းမှ လွတ်ကင်းမည်ဖြစ်သည့်အပြင် အနာဂတ်တွင် ရာသီဥတု ပြောင်းလဲမှုဘေးကို ရင်ဆိုင်ရသည့် ဒုက်္ခသည်များ ခိုလှုံရာနေရာ ဖြစ်လာဖွယ်ရှိကြောင်း ဟောကိန်းထုတ်သည်။

မစ်္စက် မက်ဇာ ဂါစီယာသည် အင်္ဂလန်နိုင်ငံရှိ ဝေါ၀စ်ခ် တက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးလည်း ဖြစ်သည်။

နိုင်ငံသစ်ဆောက်လုပ်မည့် နေရာဝန်းကျင်ရှိ ကျွန်းများ မှာ ကျောက်တန်းများပေါ်တွင် တည်နေခြင်းဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာပါက နစ်မြှုပ်ပျောက်ကွယ်သွားဖွယ် ရှိရာ ယခုနိုင်ငံသစ် ရေပေါ်ကျွန်းစီမံကိန်း အောင်မြင်ပါက သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းအခြေချလာမည့် ဒုက္ခသည်များအတွက် အခြားကျွန်းများ ထပ်မံဆောက်လုပ်ရန် အခြေခံသဘောတရားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်းလည်း မစ္စက် မက်ဇာ ဂါစီယာက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် ဒေသထွက် ၀ါး၊ အုန်း ဆံကြိုး၊ သစ်သား၊ recycle အဖြစ် ပြန်လည်အသုံးပြုမည့် သတ်္တု၊ ပလတ်စတစ်တို့ဖြင့် ဆောက်လုပ်သွားမည်ဟု ဆိုသည်။
ပြင်သစ်ပိုလီနီးရှားသည် တောင်ပစိဖိတ်သမုဒ္ဒရာ အတွင်းတည် ရှိပြီး ကျွန်းပေါင်း ၁၁၈ ကျွန်း ပါဝင်ကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု အန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိသော ဒေသလည်း ဖြစ်သည်။

ယခုဆောက်လုပ်မည့် ကျွန်းနိုင်ငံသစ်တွင် လူနေ မဟုတ်သည့် အခြားအဆောက်အအုံများလည်း ပါဝင်ပြီး စီးပွားရေး စင်တာများအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

ယနေ့ခေတ်ကာလကဲ့သို့ ကမ်္ဘာ့နိုင်ငံရေး သြဇာလွှမ်း မှု၊ ရှုပ်ထွေးမှုများနှင့် ကင်းလွတ်နေမည်ဆိုခြင်းမှာ စိတ်လှုပ်ရှားဖွယ် အလားအလာ၊ အခွင့်အရေးလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် PayPal တည်ထောင်သူ ပီတာ ထီရယ်နှင့် ဆော့ဖ်ဝဲအင်ဂျင်နီယာ၊ စီးပွားရေးနှင့်နိုင်ငံရေး သီအိုရီပညာရှင် ပါထရီ ဖရိုင်းမန်းတို့က The Seasteading Institute အမည်ရှိ အဖွဲ့ကို တည်ထောင်ခဲ့သည်။

ပက်ထရီ ဖရိုင်းမန်းသည် နိုဘယ်ဆုရ စီးပွားရေးပညာ ရှင် မိလ်တန် ဖရိုင်းမန်း၏ မြေးတော်စပ်သူလည်း ဖြစ်သည်။

Seasteader (အစိုးရတို့၏ အုပ်ချုပ်မှုမှ လွတ်ကင်းကာ ပင်လယ် ပြင်အတွင်းရှိ ကျွန်းတုများပေါ်တွင် အခြေချနေထိုင်သူများဟု အဓိပ္ပာယ်ရ) တွင် အဏ္ဏ၀ါဇီဝ ပညာရှင်များ၊ ရေကြောင်းအင်ဂျင် နီယာများ၊ ရေလုပ်ငန်းသမားများ၊ ဆေးဝါးသုတေသနပညာရှင် များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သဘာဝပတ်ဝန်းကျင်သမားများနှင့် အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည်။

“ပြင်သစ် ပိုလီနီးရှားကို ကြိမ်ဖန်များစွာ သွားရောက် ခဲ့ပြီး ဒေသတွင်း ပတ်ဝန်းကျင်၊ ရာသီဥတု အခြေအနေအရပ်ရပ် နဲ့ ရင်းနှီးလာတဲ့နောက်ပိုင်း ဒီစီမံကိန်းဟာ ဒေသတွင်းသဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရမယ်ဆိုတဲ့ အချက်က သေချာသွား ပါတယ်” ဟု Seasteading Institute မှ ပြောရေးဆိုခွင့်ရပုဂ်္ဂိုလ် က ပြောကြားသည်။

စီမံကိန်းအောင်မြင်ရန်အတွက် ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် ၀ိသေသလက္ခဏာများ၊ ရာသီဥတု၊ ဂေဟဗေဒနှင့် ယဉ်ကျေးမှု နောက်ခံတွေအားလုံးကို လေ့လာခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်းဆောက်လုပ်ရေးနည်းလမ်းများနှင့် ဆောက် လုပ်ရေးပစ္စည်းများကို ခေတ်သစ်နည်းပညာများနှင့် ပေါင်းစပ်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်သော်လည်း ရိုးရာ ဓလေ့ကိုမူ ဆက်လက်ထိန်းသိမ်းသွားမည်ဟုလည်း ဆိုသည်။

Seasteading Institute ၏ ဥက္ကဋ္ဌ ဂျိုး ကွာ့ခ်က ပြောကြားရာတွင် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ရေပေါ်မြို့ ထောင်နှင့်ချီ၍ မြင်တွေ့လိုကြောင်း ပြောကြားထားသည်။

ယခုစီမံကိန်းကို ပြီးခဲ့သော ဇန်န၀ါရီလအတွင်းက စတင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ပိုလီနီးရှားအစိုးရက အတည် ပြုချက်ပေးခဲ့ပြီးဖြစ်ကာ ကိုယ်ပိုင်ကုန်သွယ်ရေးဥပဒေများဖြင့် ရပ်တည်နိုင်ရန်အတွက် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ် ပေးထားသည်။

စီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် Seasteading Institute ကို
ကမ်းခြေဒေသတွင် မြေဧက ၁၀၀ ခန့် ခွင့်ပြုပေးထားသည်။


ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com
ပစိဖိတ်သမုဒ္ဒရာရေပြင်ပေါ်က ရေပေါ်နိုင်ငံသစ်တစ်ခု - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service