ဥပဒေပြဌာန်းအတည်ပြုပြီးရင် အိမ်ခြံမြေ ရောင်းမှား ဝယ်မှား ပြဿနာ လျှော့နည်းသွားနိုင် - Property News in Myanmar from iMyanmarHouse.com
1626 Views

ဥပဒေပြဌာန်းအတည်ပြုပြီးရင် အိမ်ခြံမြေ ရောင်းမှား ဝယ်မှား ပြဿနာ လျှော့နည်းသွားနိုင်

အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေ အတည်ပြုပြဌာန်းပြီးပါက ရောင်းမှား ဝယ်မှား
ပြဿနာတွေ အများကြီး လျှော့နည်းသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ
အိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေးအသင်းက သိရပါတယ်။

အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာတွေမှာ ဇွန်လ ၁၅ ရက်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ အဆိုပါဥပဒေအရ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ယာယီလိုင်စင်(သို့မဟုတ်)လိုင်စင် ရရှိထားသူ ဖြစ်ရမယ်။ ယာယီလိုင်စင်(သို့မဟုတ်) လိုင်စင်မရှိဘဲ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပါက ထောင်ဒဏ် ခြောက်လ၊ ဒဏ်ငွေ ကျပ်သိန်း ၃၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတတ်ရေး အသင်း ဥက္ကဌ ဦးတင်မောင်က “ဘာမှ မသိဘဲ လုပ်တာထက်စာရင် သိပြီးလုပ်ကိုင်ဆောင်ရွက်ရင် အမှားအယွင်းကင်းတာပေါ့၊ အခုချိန်မျာ လိုင်စင်ယူစာရာမလိုလို့ အကျိုးဆောင်တွေက ထင်သလို ပေါက်ဖွားနေတယ်၊ အဲ့ဒီလူတွေက ဘာမှမသိဘဲ လက်ညှိုးထိုးပြပြီး အကျိုးဆောင်လုပ်တယ်၊ အမှားအယွင်းတွေ့တဲ့အခါ ဝယ်တဲ့ပြည်သူက တရားရုံးရောက်၊ ဌာနဆိုင်ရာရောက် ဖြစ်ရတယ်၊ ဒီလို မြေယာပြဿနာတွေ အများကြီးဖြစ်နေတာ ရှိတယ်၊ အခု ဒီဥပဒေပေါ်လာရင်တော့ ဒီပြဿနာတွေ အများကြီး နည်းသွားမယ်” လို့ ဆိုပါတယ်။

ယာယီလိုင်စင်ရဲ့ သက်တမ်းမှာ သုံးနှစ်ဖြစ်ပါတယ်။ ယာယီလိုင်စင်ရှိသူဟာ သုံးနှစ်အတွင်း သတ်မှတ်ထားသော သင်တန်းတတ်ပြီးတော့ လိုင်စင်လျှောက်ထားနိုင်သလို ယာယာလိုင်စင်လျှောက်ထားရန် သတ်မှတ်ထားသော တစ်နှစ်သက်တမ်းကာလကို ကျော်လွန်ပါကလည်း သတ်မှတ်ထားတဲ့ သင်တန်းတွေ
တတ်ကာ လိုင်စင် လျှောက်ထားရယူနိုင်ပါတယ်။

အကျိုးဆောင်တွေအတွက် လက်ရှိအနေအထားကနေ သင်တန်းတွေ တက်ပြီး အသိပညာ ဆည်းပူးရတော့မယ်။ လိုင်စင်ရယူဖို့ လုပ်ဆောင်လိုက်တဲ့အချိန်မှာ အဲ့ဒါတွေကနေ အကျိုးဆောင်တွေရဲ့ သဘော၊ ဌာနဆိုင်ရာသဘော၊ လယ်ယာမြေ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပေဒလုပ်ထုံးလုပ်နည်းတွေ သိလာရင် အကျိုးဆောင်တစ်ယောက်အတွက် အင်မတန်ကောင်းမွန်တဲ့ အနေအထားတစ်ခုဖြစ်လာမယ်။ ဘာမှမသိဘဲ လုပ်တာထက်စာရင် သိပြီးလုပ်တာက အမှားအယွင်းကင်းတဲ့ အနေအထားတစ်ခု ဖြစ်လာမယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေ ဖွံ့ဖြိုးရေးတိုးတတ်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောပါတယ်။

အကျိုးဆောင် လိုင်စင်ရှိသူနဲ့ အရောင်းအဝယ်လုပ်တဲ့အခါ စိတ်ချလက်ချ ဖြစ်လာမယ်။ အရောင်းအဝယ်မှားရင်အကျိုးဆောင်မှာ တာဝန်ရှိတာဖြစ်လို့ အကျိုးဆောင်တွေအနေနဲ့ မမှားယွင်းအောင်၊ အသိပညာရှိအောင် ကြိုးစားရမယ့်တာဝန်တွေ ရှိလာတယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service