အမျိုးသားအဆင့် အဆောက်အအုံ စံသတ်မှတ်ချက် လာမည့်အောက်တိုဘာ၁ရက်နေ့ တွင် စတင်အသက်ဝင်မည် - Property News in Myanmar from iMyanmarHouse.com
1892 Views

အမျိုးသားအဆင့် အဆောက်အအုံ စံသတ်မှတ်ချက် လာမည့်အောက်တိုဘာ၁ရက်နေ့ တွင် စတင်အသက်ဝင်မည်

အဆောက်အအုံများ တစ်သမတ်တည်း ဆောက်လုပ်ရ မည့် National Building Code ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လာမည့် အောက်တိုဘာ၁ရက်မှ စတင်ပြီး ဆောက်လုပ်ရေးလုပ်ငန်း အားလုံး အသုံးပြုရန် ညွှန်ကြားတော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။

သုံးနှစ်ကျော်ကြာ ရေးဆွဲ ထားသည့် အမျိုးသားအဆင့်ရှိ အဆိုပါ Building Code မှာ လာမည့် အောက်တိုဘာလမှစတင်ပြီးတစ်နိုင်ငံလုံး မဖြစ်မနေသုံးစွဲရတော့မည့် သဘောဖြစ်သည်။

အမျိုးသားအဆင့်ရှိ Buil-ding Code တွင် ဒေသအလိုက်မတူသည့် အချက်အလက်များကို စုစည်းပြီး အသေးစိတ်ပြန်လည်ရေးဆွဲထားကြောင်း သိရသည်။ ပင်လယ်ကမ်းနားတွင် မုန်တိုင်းဒဏ်ခံနိုင်သည့် အဆောက်အအုံပုံစံ၊ ငလျင်ဧရိယာ တွင် တည်ရှိသည့် ဒေသများတွင် တည်ဆောက်ရမည့် အဆောက် အအုံပုံစံ၊ တောင်ပြိုနိုင်ခြေရှိ သည့် နေရာများတွင် တည်ဆောက်သင့်သည့် အဆောက်အအုံပုံစံဟူပြီး အသေးစိတ်ရေးဆွဲထားသည့် Building Code ဖြစ် ကြောင်း ရေးဆွဲရာတွင်ပါဝင် သည့် အထပ်မြင့်အဆောက်အအုံများ
စစ်ဆေးရေးကော်မတီမှ ပညာရှင်တစ်ဦးက ရှင်းပြသည်။

ယခုဆောက်လုပ်သည့် အဆောက်အအုံများတွင် ပါဝင်မှုနည်းပါးသည့် အရေးပေါ် ထွက် ပေါက်ကဲ့သို့သော မဖြစ်မနေပါဝင်ရမည့် အရာများကို ထည့်သွင်းရေးဆွဲ အကြံပြုထားကြောင်း ရေးဆွဲရာတွင်ပါဝင်ခဲ့သူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးက ပြောသည်။

‘‘ အဆောက်အအုံတွေမှာ အရေးပေါ်ဖြစ်ရင် ၀င်ကယ်ဖို့ ၀င် ပေါက်၊ ထွက်ပေါက်တွေ မပါ သလောက်ဘဲ၊ အခု ဒီ Building Code အတိုင်းတည်ဆောက်မယ် ဆိုရင် အရေးကြီးတဲ့ ထွက်ပေါက်တွေပါ မပါ မီးသတ်ကလည်း စစ်ဆေးဖို့အပိုင်းတွေ ရှိတယ်’’ ဟု အထက်ပါညွှန်မှူးက ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီး နှင့် မြို့နယ်အသီးသီးတွင် အဆောက်အအုံများ ဆောက်လုပ်ရာ၌ သက်ဆိုင်ရာမြို့နယ်စည်ပင်မှ စစ်ဆေးခွင့်ပြုဆောင်ရွက်နေရပြီး အဆိုပါ Building Code ဖြင့် တည်ဆောက်ရန် ညွှန်ကြားလာပါက အဆောက်အအုံများ၏ စံချိန်စံညွှန်းများ စစ်ဆေးခြင်းကိုအစိုးရအသိအမှတ်ပြု အင်ဂျင်နီယာများဖြင့်ပင် စစ်ဆေးမှုများပြုလုပ်မည်ဟု သိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali

Upcoming Property Events

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service