မန္တလေးမြို့စွန်တွင် လယ်ယာမြေများကို မြေကွက်ဖော်ရောင်း - Property News in Myanmar from iMyanmarHouse.com
1745 Views

မန္တလေးမြို့စွန်တွင် လယ်ယာမြေများကို မြေကွက်ဖော်ရောင်း

မန္တလေးမြို့စွန်ရှိ ကျေးရွာများ၌ လယ်ယာမြေများကို မြေကွက်များဖော်ဆောင်ရောင်းချနေမှုများရှိနေကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောကြားသည်။

မန္တလေးမြို့အနီးဝန်းကျင်ရှိ ကန်ကောက်ကျေးရွာ၊ နန်းဦးလွင်ကျေးရွာ၊ ကျွဲရေကုန်းကျေးရွာ၊ နွယ်နီကျေးရွာ၊ ဆင်ရွာကြီးကျေးရွာနှင့် နန္ဒာကျေးရွာတို့တွင် အကွက်ရိုက်၍ မြေကွက်ဖော်ဆောင်မှုများရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

“ဒီလို ဥပဒေမဲ့ရပ်ကွက်တွေ ပေါ်လာရင် လမ်းနဲ့ ရေ၊ မီးကအစ စနစ်မကျတာတွေဖြစ်လာမယ်။ စနစ်မကျတာတွေ ဖြစ်လာရင် အုပ်ချုပ်ရေးပိုင်းနဲ့ တရားဥပဒေဆွေးနွေးမှုပိုင်းမှာ လျော့နည်းလာရင် မကြာခင်ကဖြစ်ခဲ့တဲ့ ဇီးအုပ်လိုဖြစ်စဉ်မျိုးတွေဖြစ်လာမယ်” ဟု ဦးသောင်း ဌေးလင်းက ရှင်းပြသည်။

ယခုကဲ့သို့ မြေကွက်ဖော်ရောင်းချနေမှုများကို စိစစ်အရေးယူဆောင်ရွက်နိုင်ရန် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေနှင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများသည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် မညီသဖြင့် ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။

လယ်ယာမြေများပေါ်တွင် လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ရန် မြေကွက်များရိုက်၍ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကြော်ငြာ၍လည်းကောင်း၊ အကျိုးဆောင်များမှတစ်ဆင့်လည်းကောင်း ရောင်းဝယ်မှုများပြုလုပ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် ဇူလိုင်လ ၁၈ ရက် နံနက် ပိုင်းက နန်းဦးလွင်ကျေးရွာတွင် ရှောင်တခင်စစ်ဆေးခဲ့ပြီး လယ်ယာမြေပေါ်တွင် ဥပဒေမဲ့အိမ်ရာဆောက်မှုများကို စာရင်းကောက်ယူခဲ့သလို လမ်းခင်းသည့် စက်ယန္တရားနှင့် မြေသယ်ယာဉ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောကြား သည်။

မန္တလေးမြို့ဝန်းကျင်ရှိ လယ်ယာ မြေများပေါ်တွင် အကွက်ရိုက်၍ ရောင်းချနေသော မြေကွက်များကို ဝယ်ယူထားမိသူ အမြောက်အမြားရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၇ ခုနှစ် ဇွန်လကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ယင်းကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ၌ သက်ဆိုင်ရာဝန်ကြီးဌာနက အဖိုးတန် လယ်ယာမြေများကို ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ရရှိခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ပြောကြားသည်။


Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service