အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3719 Views

အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာနိုင်ဟုဆို

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က အခု (၂၀၁၈)ခုနှစ်အတွင်းမှာ ကောင်းလ်ာနိုင်တယ်လို့ Colliers International Consulting အတိုင်ပင်ခံကုမ္ပဏီက သိရပါတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက်အတွင်းမှာ ဈေးကွက်က ကျဆင်းနေပေမဲ့ ဝယ်လိုအား လုံးဝကျဆင်းနေတာမျိုး မဟုတ်ဘဲ အငှားဈေးကွက်မှာ လည်း ကောင်းမွန်နေဆဲပဲလို့ ဆိုပါတယ်။

' အိမ်ခြံမြေဈေးကွက်မှာဆိုရင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အခန်းမြေငှားလာတာတွေလဲ မြင့်တက်လာပြီး အစိုးရအနေနဲ့ ကွန်ဒိုဥပဒေ၊ နည်းဥပဒေတွေ အနည်းငယ် ဖြေလျှော့ပေးပြီး လမ်းဖွင့်ပေးလိုက်ရင် အလားအလာ ကောင်းနိုင်ပါတယ် ' လို့ Colliers International Depurt Managing Director Myanmar Karlo Adrian Pobre က ပြောပါတယ်။

ငှားရမ်းမှုတွေ အနေနဲ့ဆို တယ်လီနောတို့လို၊ အူရီဒူးတို့လို ကုမ္ပဏီကြီးတွေ ဝင်ရောက်လာပြီး မြေငှား၊ အခန်းငှားတာတွေမြင့်လာပြီး တယ်လီနောဆိုရင် အစပိုင်းမှာ (၃၀၀)စတုရန်းမီတာလောက်ပဲ ရှိတယ်။ နောက်စက်မှု(၁)လမ်းထဲ တာဝါဆောက်လုပ်လာတယ်။ အူရီဒူးက ဆိုရင်လည်း MICT Park ထဲမှာ နေရာရပြီးတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကြီးတွေ လုပ်ကိုင်လာကြတယ်လို့ Karlo Adrian Pobre က ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့တွင်းအခန်းအငှားတွေမှာဆိုရင်လည်း နေရာအလိုက်ဖြစ်နေပြီး ရန်ကုန်မြို့ကို (၃)နေရာ ပိုင်းခြားထားပါတယ်။ မြို့တွင်း (၇)မြို့နယ်မှာဆိုရင်လည်း ရုံးခန်းအငှားတွေများပြီး တော့ နောက်ပိုင်းမှာဆိုရင် ရန်ကင်း၊ ဗဟန်းတို့၊ အလုံတို့၊ ကမာရွတ်၊ ကြည့်မြင်တိုင်တို့၊ ဒဂုံတို့ဘက်တွေ တိုးချဲ့လာကြပါတယ်။

ရန်ကင်း၊ ဗဟန်းဘက်မှာဆိုရင် ပရောဂျက်ကြီးတွေ တည်ဆောက်နေတာတွေကြောင့် downtown အပြင်ဘက်ကို ထပ်ချဲ့လိုက်ရင် ကောင်းတဲ့နေရာတွေဖြစ်ပြီး အိမ်ခြံမြေဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဈေးကွက်လိုအပ်ချက်ဖြစ်တဲ့ Service Apartment တွေ ပေးနိုင်ရင် ဈေးကွက်ပြန်ပြီး အားကောင်းလာနိုင်ပါတယ်။

+++ ဈေးကွက်လိုအပ်ချက် +++
မြန်မာနိုင်ငံရဲ့ အများစုဆောက်လုပ်တဲ့ ကွန်ဒိုတွေကဆို (3)Bedroom၊ (4)Bedroom တွေ ဈေးကွက်ထဲများနေပြီးတော့ နိုင်ငံခြားသားတွေ အခက်အခဲရှိပြီး ဈေးနှုန်းတွေ ပိုပြီးများနေတယ်လို့ သိရပါတယ်။ ဒါ့ပြင် ကြီးကျယ်ခမ်းနားတဲ့ ရေကူးကန်တွေ၊ စားသောက်ဆိုင်ကြီးတွေ ထားတာထက် gym ၊ ကော်ဖီဆိုင်လေးတွေ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

' နိုင်ငံခြားသား တစ်ယောက် နှစ်ယောက်လောက်လာရင် အခန်းငှားမယ်ဆိုရင် အခန်း(၁)ခန်း၊ (၂)ခန်းလောက်ပဲ ငှားဖို့ စိတ်ဝင်စားတာများတယ်၊ ရန်ကုန်ကို နိုင်ငံခြားသားတွေ စီးပွားရေးလုပ်ဖို့ လာတာများတယ်၊ အဲဒီလို
အခန်း(၃)ခန်း၊ (၄)ခန်းလောက် ငှားရင် ပိုက်ဆံပိုကျမယ်၊ နောက်ပိုင်းလဲ အဆင့်မြင့်တဲ့ ဈေးကြီးတာတွေပဲ ပိုဆောက်လာကြတယ်၊ bedroom ကလေးတွေ အများဆုံး လိုအပ်နေတယ် ' လို့ Karlo Adrian Pobre က သူ့ရဲ့အကြံပြုချက်ကို ထည့်သွင်းပြောပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ မြင့်မားတဲ့ အခြေအနေကနေ မှန်ကန်သွားတဲ့ ဈေးဘက်ကို ကျဆင်းသွားပြီးတော့ ရောင်းချသူတွေဘက်က ဝယ်လိုအားနဲ့ကိုက်ညီတဲ့ ထုတ်ကုန်တွေ ထုတ်ပေးနိုင်ရင် ဈေးကွက်မှာ ပိုပြီးအားကောင်းလာနိုင်မှာ ဖြစ်ပါတယ်လို့ သိရပါတယ်။ တန်ဖိုးကြီးတဲ့ ကွန်ဒိုတွေကို ဝယ်လိုအား နည်းမယ်။ တန်ဖိုးသင့် တိုက်ခန်းတွေဘက် ဝယ်လာကြမယ်။

ဒါကြောင့် ဝယ်လိုအားက လုံးဝ ကျဆင်းတာမျိုးမဟုတ်ဘဲ ရောင်းချသူတွေအနေနဲ့ ဈေးကွက်လိုအပ်ချက်နဲ့အညီ ဆောင်ရွက်နိုင်ရင် ဈေးကွက်မှာ ကောင်းမွန်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာဆိုရင် အခန်းဝယ်ယူတဲ့သူတွေမှာ (၂၀၁၂)ခုနှစ်ကနေ (၂၀၁၄)ခုနှစ်အထိ အခန်းဝယ်ယူမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီးတော့ (၂၀၁၅)ခုနှစ်မှာ ပြန်ကျသွားခဲ့ပြီး (၂၀၁၈)ခုနှစ်မှာဆိုရင် ဝယ်လိုအားဟာ မျှတတဲ့ ဈေးနှုန်းတွေ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာကြတာကြောင့် (၇၀)ရာခိုင်နှုန်းအထိ ပြန်တက်လာနိုင်ဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

+++ မြေဈေးကွက် +++
မြေဈေးကွက်မှာဆိုရင် သာမန်ရောင်းလိုအား ဝယ်လိုအားထက် ပိုတဲ့ ဈေးမြင့်တက်နေတာကြောင့် မြေဈေးကွက်မှာ ဝယ်လိုအားမရှိသလောက် ဖြစ်နေပါတယ်။ ရန်ကုန်ရဲ့ တချို့နေရာတွေမှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာ တစ်သောင်းလောက် ပေါက်ဈေးရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်မပြေမှုတွေ ရှိနေပေမဲ့ မြေပိုင်ရှင်တွေ အနေနဲ့ ဈေးဆက်ထိန်းထားတာတွေ ရှိတယ်။ မြေဈေးကွက် ဝယ်လိုအားမရှိပေမဲ့ မြေပိုင်ရှင်တွေက ဆက်ထိန်းထားတယ်။ မြေဈေးက သာမန်ရောင်းလိုအားထက်ပိုတဲ့ စုဆောင်းစရိတ်ပါ ပါတာကြောင့် မြေဈေးက အလိုလိုနေရင်းမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

မြေဈေးနှုန်းမြင့်မားရခြင်းမှာ အရင်တုန်းက ငွေကြေးဖောင်းပွမှုတွေများတဲ့အချိန်က ငွေကို ဘဏ်မှာ မအပ်ဘဲ မြေ=ကို ဥစ္စာဓနပိုင်ဆိုင်မှုနဲ့ အနာဂတ်စုဆောင်းမှုတွေအဖြစ် ဝယ်လာကြပြီး လက်ရှိမှာဆိုရင် သူတို့အနေနဲ့ စုဆောင်းမှုစရိတ်ပါ ပါနေတာကြောင့် ဈေးကွက်မှာ မြင့်တက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service