တရုတ်နိုင်ငံတွင် အိမ်ခြံမြေအကောက်ခွန်ဥပဒေကို အလျင်အမြန်ပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စာရင်းအင်းဗျူရိုက ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
2383 Views

တရုတ်နိုင်ငံတွင် အိမ်ခြံမြေအကောက်ခွန်ဥပဒေကို အလျင်အမြန်ပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စာရင်းအင်းဗျူရိုက ထုတ်ပြန်

တရုတ်နိုင်ငံတွင် အိမ်ခြံမြေအကောက်ခွန်ဥပဒေကို အလျင်အမြန်ပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားကြောင်း တရုတ်အခြေစိုက် ယိစိုင်းဂလိုဘယ်ဝက်ဘ်ဆိုက်၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုဥပဒေထုတ်ပြန်ရန်ကြိုးပမ်းမှုနှင့် တပြိုင်တည်းမှာပင် အိမ်ငှားနေထိုင်သူများနှင့် ရောင်းချသူတို့၏ အခွင့်အရေးများ သာတူညီမျှ ရရှိကြစေရန်လည်း ကြိုးပမ်းနေကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မော်ရှန်ယောင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

ယခုကဲ့သို့ အကောက်ခွန်ဥပဒေ အလျင်အမြန်ပြဌာန်းရန် ကြိုးပမ်းရခြင်းမှာ အိမ်ခြံမြေဈေးကွက် တည်ငြိမ်ကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့အပြင် သမ္မတရှီကျင့်ဖျင်ပြောကြားခဲ့သော “နေအိမ်သည် နေထိုင်ရန်သာဖြစ်ပြီး ရင်းနှီးမြှုပ်နှံရန်မဟုတ်” ဟူသည့်အချက်ကို ပီပြင်လာ အောင် အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ကြောင်း မော်ရှန်ယောင်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နှစ်စဉ် ၉ ဒသမ ၇ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိသည်။

ယခုနှစ် ပထမနှစ်ဝက်တာ ကာလအတွင်းတွင်ပင် ရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏမှာ ယွမ်ငွေ ၅ ဒသမ ၆ ထရီလီယံ (ကန်ဒေါ်လာ ၈၄၀ ဘီလီယံ) ဖိုးခန့်ရှိကြောင်း စာရင်းအင်းဗျူရိုက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

အိမ်ခြံမြေအရောင်းအဝယ်ပမာဏတွင် ယွမ်ငွေ ၆ ဒသမ ၇ ထရီလီယံဖိုးအထိ ရှိခဲ့ပြီး နှစ်စဉ် ၁၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လျက်ရှိ ကြောင်းလည်း ဖော်ပြထားသည်။

ယခုနှစ်အတွင်း တရုတ်ပြည်တွင်းရှိ တတိယတန်းနှင့် စတုတ္ထတန်းစားမြို့များတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်မြင့်တက်ခဲ့ရာ မြို့ပြ ဒေသများနှင့် အလှမ်းဝေးကွာသော ဒေသများတွင် နေထိုင်သူများစွာ မြို့ပြဒေသများသို့ ပြောင်းရွှေ့အခြေချလာမှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

ပထမတန်းစားနှင့် ဒုတိယတန်းစားမြို့ကြီးများသည်လည်း ၎င်းတို့၏ အိမ်ခြံမြေလောကကို ဈေးကွက်အေးစေရန် ကြိုးပမ်းလျက်ရှိသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်နိုင်ငံတွင် အိမ်ခြံမြေအကောက်ခွန်ဥပဒေကို အလျင်အမြန်ပြဌာန်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စာရင်းအင်းဗျူရိုက ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service