ရန်ကုန်မိုးပျံလမ်းစီမံကိန်းတည်ဆောက်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၅၀ ကျော် စိတ်ဝင်စား - Property News in Myanmar from iMyanmarHouse.com
2894 Views

ရန်ကုန်မိုးပျံလမ်းစီမံကိန်းတည်ဆောက်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၅၀ ကျော် စိတ်ဝင်စား

ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်း(YEX)တည်ဆောက်ရန် မြန်မာအပါအဝင် ၁၂ နိုင်ငံမှ ကုမ္ပဏီ ၅၃ ခုက စိတ်ဝင်စား ကြောင်း လျှောက်လွှာတင်ခဲ့သည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန် သည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၈ ဇွန်လ ၂၉ ရက်နောက်ဆုံး ထား၍ စိတ်ဝင်စားမှုဖော်ပြလွှာ ပေးပို့ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကြေညာပြီးနောက် အ ထက်ပါကုမ္ပဏီ ၅၃ ခုက လာရောက် လျှောက်ထားကြောင်း ဝန်ကြီးဌာနက ကြေညာသည်။

လာရောက်လျှောက်ထား သည့် ကုမ္ပဏီများအနက် ပြည် တွင်းကုမ္ပဏီ ၁၆ ခု၊ တရုတ်ကုမ္ပ ဏီ ၁၃ ခု၊ ဂျပန်ကုမ္ပဏီ ခုနစ်ခု၊ ကိုရီးယားကုမ္ပဏီလေးခု၊ အိန္ဒိယ ကုမ္ပဏီသုံးခု၊ ထိုင်းကုမ္ပဏီနှစ်ခု၊ တူရကီကုမ္ပဏီနှစ်ခု၊ မြန်မာ- မလေးရှားကုမ္ပဏီတစ်ခုနှင့် ပြင် သစ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်ကုမ္ပဏီတစ် ခုစီတို့ လာရောက်လျှောက်ထား သည်။

အဆိုပါစီမံကိန်း လျှောက် ထားရာတွင် ပြည်တွင်းမှ မက်စ်၊ ရွှေတောင်၊ သီလဝါအထူးစီးပွား ရေးဇုန်အများပိုင်ကုမ္ပဏီ MTSH ကုမ္ပဏီများပါဝင်ပြီး ထိုင်းနိုင်ငံမှ Bangkok Expressway နှင့်အီတာလျှံ-ထိုင်း ကုမ္ပဏီများ၊ ဂျပန် Sumitomo ကော်ပိုရေးရှင်း၊ JFE, Kajima, Marubeni ကုမ္ပဏီများ၊ ကိုရီးယားမှ Daew-oo, Korea Expressway ကော်ပိုရေးရှင်း၊ တရုတ် CCCC ကုမ္ပဏီ၊ China harbour ကုမ္ပဏီနှင့် ပြင်သစ်မှ VINCI Highways စသည့် ကုမ္ပဏီများပါဝင်သည်။

‘‘အခုက စိတ်ဝင်စားမှုပဲ ခေါ်ထားသေးတာာ။ ဘယ်သူတွေ ဘယ်လိုစိတ်ဝင်စားတယ်ဆိုတဲ့ ဟာကိုခေါ်တာ။ သူတို့စိတ်ဝင်စား မှုကို ဘယ်လိုလုပ်ကြမယ်ဆိုတာ တင်ပြကြတာ။ အဲဒီကုမ္ပဏီတွေ ကို ရွေးဆုံးဖြတ်တာက ကမ္ဘာ့ ဘဏ်အောက်က IFC က ဆုံးဖြတ် မှာ။ ကျွန်တော်တို့ဝန်ကြီးဌာနက ဘာမှမလုပ်ဘူး။ IFC ကပဲ စိစစ် မယ်’’ဟု လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် ကျော်က ပြောသည်။

ယခုစိတ်ဝင်စားမှု ဖော်ပြ လွှာတောင်းဆိုခြင်းသည် စီမံကိန်း၏ပထမအဆင့်ဖြစ်ပြီး သြဂုတ် တွင် အခြေခံအရည်အသွေးစစ် ဆေးမှုကို ကြိုတင်တောင်းခံမည်ဖြစ်သည်။ ထို့နောက် ယခုနှစ်နောက်ဆုံး သုံးလပတ်အတွင်း စီမံကိန်းအဆိုပြုလွှာကို ခေါ်ယူ မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှုကို လျှော့ချနိုင်ရန်၊ ရန် ကုန်မြို့ပြဧရိယာအတွင်း စက်မှု လုပ်ငန်းများ တိုးတက်ရန်နှင့် လူ နေမှုအဆင့်အတန်း ပိုမိုမြင့်မား လာစေရန် ရန်ကုန်မိုးပျံလမ်းမကြီး စီမံကိန်းကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက ဆိုထား သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service