သီလ၀ါအထူးစီးပွားရေးဇုန်ကို မြို့တမြို့ပုံစံအကောင်အထည်ဖော်သွားမည် - Property News in Myanmar from iMyanmarHouse.com
2389 Views

သီလ၀ါအထူးစီးပွားရေးဇုန်ကို မြို့တမြို့ပုံစံအကောင်အထည်ဖော်သွားမည်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ခြင်းကြောင့် သီလ၀ါအထူးစီးပွားရေးဇုန်ဧရိယာကိုချဲ့ထွင်၍ မြို့တမြို့ပုံစံ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူးဒေါက်တာရွှေဟိန်းက ဇွန်လ ၂၇ ရက်၌ News Watch သို့ ပြောသည်။

''သီလ၀ါအထူးစီးပွားရေးဇုန်က ၅၇၂၃ ဧကရရှိထားပါတယ်။ လောလောဆယ်မှာတော့ ပထမဇုန် A ကို Phase-1 အနေနဲ့ ဟက်တာ ၄၀၅၊ (ဧက ၁၀၀၀) ကို ဖွံ့ဖြိုးအောင်လုပ်ပြီးဖြစ်ပါတယ်။ ဇုန်ဧရိယာတခုလုံးကို ဂျပန်အစိုးရနဲ့ ကျွန်တော်တို့ Master Plan ဆွဲနေတာပေါ့၊ ကျန်တဲ့ ဧရိယာတွေမှာ ကွန်ဒိုတွေလူနေထိုင်လို့ရအောင် သီလ၀ါကို မြို့တမြို့ပုံစံ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဆိပ်ကမ်းဘက်ခြမ်းကိုတော့ Logistic Center ကို ထားပြီး တည်ဆောက်သွားမှာဖြစ်တယ်'' ဟု ၎င်းက ပြောသည်။

''သီလ၀ါအထူးစီးပွားရေးဇုန် B ဒုတိယအဆင့် Phase1 ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်၌ ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ ၁၀၁ ဟက်တာကို စတင်အကောင်အထည်ဖော်ခဲ့ရာတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ ခြင်းကြောင့် လက်ရှိ ၆၆ ဟက်တာကို တိုးချဲ့နေပြီး ၂၀ ၁၉ ခုနှစ်အကုန်တွင် ပြီးစီးနိုင်ကြောင်း သိရသည်။ ထို့အပြင် ဇုန် B ၏ ၉၉ ဟက်တာကိုထပ်မံ တိုးချဲ့သွားရန် အစီအစဉ်ရှိနေပြီး ဇုန် B တွင် စုစုပေါင်း ၂၇၇ ဟက်တာကို အကောင်အထည်ဖော်ရန်ရှိကြောင်း သိရသည်။

ထိုသို့ သီလ၀ါအထူးစီးပွားရေးဇုန် ဧရိယာမြေဧက ဧက ၅၀၀၀ ကျော်ချဲ့ထွင်ပြီးပါက အလုပ်သမားဦးရေ ၂၀၀၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သီလ၀ါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

''အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ အခုလက်ရှိ ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြား ဖန်တီးပေးနိုင်တယ်။ အခုလောလောဆယ် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတာရှိတယ်။ စက်ရုံတရုံမှာ အလုပ်သမားဦးရေ ၂၀၀ လောက်တော့ရှိတယ်။ သီလ၀ါဇုန်ကြီးတခုလုံး ဧက ၅၀၀၀ ကျော်လောက်ပြီးသွားရင်တော့ အလုပ်အကိုင် ပေါင်း ၂၀၀,၀၀၀ ကျော်လောက် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်း သီလ၀ါက တဖြည်းဖြည်း နာမည်ကြီးလာတော့ တနေ့တနေ့ကို ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီလေး၊ ငါးခုလောက် လာစုံစမ်းကြ ပါတယ်''ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်၌ ဖွင့်လှစ်ခဲ့ပြီး ၃ နှစ်တာကာလအတွင်း ကုမ္ပဏီပေါင်း ၉၆ ခုဝင်ရောက်လာကာ လက်ရှိလုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီ ၅၀ ရှိကြောင်း၊ အဆိုပါကုမ္ပဏီများထဲတွင် မြန်မာကုမ္ပဏီ ၂၀ ရာခိုင်နှုန်းရှိပြီး ၈၀ ရာခိုင်နှုန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်သည် အချက်အချာကျသောနေရာတခုဖြစ်ပြီး ရန်ကုန်မှ ၂၃ ကီလိုမီတာ ကွာဝေးသည်။ လက်ရှိရန်ကုန်မြို့နှင့် ဆက်သွယ်ထားသော တံတားတစင်းထပ်မံ၍ တည်ဆောက်ရန် အစီအစဉ်များရှိကြောင်း၊ ထို့အပြင် သီလ၀ါဒေသနှင့် ထိုင်းနိုင်ငံကိုဆက်သွယ်မည့် လမ်းမကြီးတခုဖောက် လုပ်ရန် ဆာဗေးများပြုလုပ်နေကြောင်းလည်း သိရသည်။

အထူးသဖြင့် အာရှ ၁၀ နိုင်ငံမှ သီလ၀ါတွင် ထပ်မံ၍ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်းနှင့် ယခုအခါ ကိုရီးယားနှင့် တရုတ်တို့တဖြည်းဖြည်းဝင်ရောက်လာကာ လက်ရှိရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ ဂျပန်ကုမ္ပဏီ များဖြစ်ကြောင်း သိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service