ရွှေတိဂုံစေတီတော်ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် ဗဟန်းမြို့နယ်ရှိ အထပ်မြင့်ကွန်ဒို အဆောက်အအုံတစ်ခုတည်ဆောက်နေမှုကို ဂေါပကအဖွဲ့မှ ကန့်ကွက်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
3870 Views

ရွှေတိဂုံစေတီတော်ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် ဗဟန်းမြို့နယ်ရှိ အထပ်မြင့်ကွန်ဒို အဆောက်အအုံတစ်ခုတည်ဆောက်နေမှုကို ဂေါပကအဖွဲ့မှ ကန့်ကွက်ထားဟုဆို

ရွှေတိဂုံစေတီ တော်၏ ကြံ့ခိုင်မှုကို ထိခိုက်စေ နိုင်သည့် ဗဟန်းမြို့နယ်ရှိ အထပ် မြင့် ကွန်ဒိုအဆောက်အအုံတစ်ခု
တည်ဆောက်နေခြင်းကို ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ကန့်ကွက်ထားကြောင်း အလှည့်ကျ ဂေါပကအဖွဲ့ သဘာပတိ
ဦးမျိုးချစ် ထံမှ သိရသည်။

အဆိုပါ အဆောက်အအုံ သည် ဗဟန်းမြို့နယ် လင့်လမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့် တွင် တည်ဆောက်နေသော အဆောက်အအုံဖြစ်ပြီး မြေအောက် ကားပါကင်နှစ်ထပ်နှင့် အထပ်မြင့် အဆောက်အအုံဖြစ်နေသော ကြောင့် ရွှေတိဂုံကုန်းတော် ကြံ့ ခိုင်ရေးကို ထိခိုက်သဖြင့် ကန့်ကွက် ထားခြင်းဖြစ်သည်ဟုဆိုသည်။

""လောလောဆယ်ဇွန်လမှာ လင့်လမ်းနဲ့ အနောက်ရွှေဂုံတိုင် လမ်းထောင့်မှာ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ဖို့ ကျွန်တော်တို့ကို တင်ပြထားပါ တယ်။ ကွန်ဒိုအဆောက်အအုံဖြစ် ပြီး ၂၈ ပေရှိတဲ့ မြေအောက်ကား ပါကင် နှစ်ထပ်နဲ့ အထပ်မြင့် ၂၀ ထပ်ကျော်ပါမယ့် အဆောက်အအုံ ဖြစ်တယ်။
ဂေါပကအဖွဲ့အနေနဲ့ တော့ ကန့်ကွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့က ရွှေတိဂုံ ရဲ့ ကုန်းတော် ကြံ့ခိုင်မှုကို အန္တရာယ် ဖြစ်နိုင်တဲ့ဟာတွေ၊ မြင်ကွင်းကွယ် မယ့်ဟာတွေဖြစ်မယ်ဆိုရင် ကန့် ကွက်သွားမယ်ဆိုတာ တင်ပြထား ပြီးဖြစ်ပါတယ် '' ဟု အလှည့်ကျ ဂေါပကအဖွဲ့ သဘာပတိ ဦးမျိုး ချစ်က ဒီမိုကရေစီတူဒေးသတင်း စာသို့ ဇွန် ၂၄ ရက်က ပြောသည်။

ယခင်ကလည်း ရွှေတိဂုံစေတီ တော်မြင်ကွင်းကို ကွယ်စေနိုင်မည့်ရွှေတိဂုံစေတီတော် ကြံ့ခိုင်မှုကို ထိခိုက်နိုင်မည့် ဒဂုံစီးတီးစီမံကိန်း နှင့် ဦးဝီစာရလမ်းတွင် တည်ဆောက်မည့် အထပ်မြင့်အဆောက်အအုံတစ်ခုကိုလည်း ကန့်ကွက်ခဲ့ သည်ဟု ထည့်သွင်းပြောကြားခဲ့ သည်။ရွှေတိဂုံစေတီတော် ရေရှည် တည်တံ့စေရန် သဘာဝဘေး အန္တရာယ်များအပြင် လူလုပ်ဘေး အန္တရာယ်များလည်း ကင်းဝေး အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ် တွင် ယူနက်စကိုတွင် တင်သွားမည်ဖြစ်၍ ဇုန်များသတ်မှတ်ကာ စနစ်တကျကာကွယ်ရန် လိုအပ် ကြောင်း ဇွန် ၂၄ ရက်တွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့
ရုံး၌ ပြု လုပ်သည့် ""ရွှေတိဂုံစေတီတော်နှင့် သိင်္ဂုတ္တရကုန်းမြေရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်လုပ်ငန်း ညှိနှိုင်းအ စည်းအဝေးပွဲ""တွင် ၄င်းကပြောသည်။

""၂၀၁၉-၂၀၂၀ ခုနှစ်မှာ ရွှေတိဂုံစေတီတော်ကို ရှေးဟောင်း အဆောက်အအုံအဖြစ် ယူနက်စကို မှာ တင်ဖို့ရှိပါတယ်။ ရှေးဟောင်း ဇုန်တည်နေရာကို ရင်ပြင်နေရာ ၁၄ ဧကပဲ သတ်မှတ်ပေးတာ ကျဉ်းမြောင်းတယ်လို့ထင်ပါတယ်။ ရှေးဟောင်းအဆောက်အအုံ ကာ ကွယ်ထိန်းသိမ်းရေးဇုန်ကို ချဲ့ပေး ဖို့ တင်ပြထားပါတယ်""ဟု ဦးမျိုး ချစ်က ဆက်လက်ပြောသည်။

ရွှေတိဂုံစေတီတော် ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရန်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဂေါပကအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက် အလက် စုဆောင်းခြင်းများ ဆောင် ရွက်ပြီးပါက အဆိုပြုလွှာ တင်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှသိရပြီး ရွှေတိဂုံစေတီတော် အား ရှေးဟောင်းဇုန်အဖြစ် သတ် မှတ်ကာကွယ်ထိန်းသိမ်းလျက်ရှိ ကြောင်း သိရသည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service