တရုတ်အိမ်သစ်ရောင်းအား ပို၍လျင်မြန်စွာ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2559 Views

တရုတ်အိမ်သစ်ရောင်းအား ပို၍လျင်မြန်စွာ မြင့်တက်

တရုတ်တွင် အိမ်သစ်ရောင်းအားသည် ယခုနှစ် ပထမငါးလတာအတွင်း လျင်မြန်စွာမြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇွန် ၂၅ တွင် ထုတ်ပြန်ခဲ့သည်။

အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်စုစုပေါင်း ယွမ် ၄ ဒသမ ၁၃ ထရီလျံ (အမေရိကန်ဒေါ်လာ ၆၄၄ ဒသမ ၇ ဘီလျံ) ခန့် နိုင်ငံတစ်ဝန်း ဇန်နဝါရီမှ မေအတွင်း ရောင်းချခဲ့ရကြောင်း၊ ယင်းသည် ပြီးခဲ့သည့်နှစ်ထိုကာလကထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း NBS က ၎င်း၏ဝက်ဘ်ဆိုက်ဒ်တွင် ကြေညာထားသည်။ မြင့်တက်မှုနှုန်းသည် ယခုနှစ်ပထမလေးလတာမြင့်တက်မှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းထက်လည်း မြင့်တက်ခဲ့သည်။

ယခုနှစ် ပထမငါးလတာအတွင်း ရောင်းချခဲ့ရသည့် အိမ်သစ်ဧရိယာသည်လည်း ပြီးခဲ့သည့်နှစ်ထိုကာလကထက် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စတုရန်းမီတာ ၄၉၀ ဒသမ ၆၆ သန်းရှိခဲ့ကာ ပထမလေးလတာ၏ မြင့်တက်နှုန်း ၀ ဒသမ ၄ ရာခိုင်နှုန်းထက် သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

"အထူးသဖြင့် အိမ်ခြံမြေစည်းမျဉ်းတွေ အရမ်းမတင်းကျပ်ထားတဲ့ တတိယနဲ့ စတုတ္ထတန်းစား မြို့ကြီးတွေမှာ ရောင်းအားကောင်းလာမှုကြောင့် အခုလို တန်ဖိုးအားဖြင့်ရော ပမာဏအားဖြင့်ရော ရောင်းအားမြင့်တက်မှုနှုန်း ပိုမြန်ခဲ့တာပါ" ဟု ရှန်ဟိုင်းအိမ်ခြံမြေအေဂျင်စီ Shanghai Homelink Real Estate Agency Co. ၏ ဆန်းစစ်လေ့လာသူ ကျောင်ပေါင်ကန်က ပြောကြားခဲ့သည်။

ဒုတိယတန်းစားအဓိကမြို့ကြီးအများအပြားမှာတော့ အိမ်ရာဈေးကွက်အတွင်း မကြာသေးမီက အစိုးရပေါ်လစီများကြောင့် ဈေးနှုန်းမတည်မငြိမ်မှုများ အနည်း
ငယ် ဖြစ်ပွားခဲ့သည်ဟုလည်း သူက ပြောကြားခဲ့သည်။

မေလကုန်အထိ အိမ်သစ်ရောင်းလိုအားကမူ ပြီးခဲ့သည့်နှစ်အောက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၈၀ ဒသမ ၅၆ စတုရန်းမီတာခန့်သာ ရှိခဲ့ကြောင်း NBS က ထုတ်ပြန်ခဲ့သည်။

ယခုနှစ်ပထမငါးလတာအတွင်း လူနေအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုက စုစုပေါင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၏ ၇၀ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ထိုကာလကထက် ၁၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂ ဒသမ ၉ ထရီလျံယွမ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း၊ ပထမလေးလတာမြင့်တက်နှုန်းနှင့် အတူတူပင် ဖြစ်ကြောင်း NBS ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service