ရန်ကုန်ဧရိယာပြင်ပ (၁၁)မြို့နယ်မှာ စက်မှုဇုန်တည်ထောင်တာက အခွင့်အလမ်းကောင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
3183 Views

ရန်ကုန်ဧရိယာပြင်ပ (၁၁)မြို့နယ်မှာ စက်မှုဇုန်တည်ထောင်တာက အခွင့်အလမ်းကောင်းဖြစ်

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော်ဧရိယာပြင်ပ (၁၁)မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တွေ ထူထောင်ခြင်းဟာ ရန်ကုန်မြို့တော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးကျိုးများကို အထိုက်အလျောက် လျော့နည်းအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက
ပြောပါတယ်။

သူက ' နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များထူထောင်ဖို့ စီမံကိန်းအစီရင်ခံစာမှာ မြို့နယ်(၁၁)မြို့နယ်လုံးအတွက် တင်ပြခဲ့ရခြင်းမှာ ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံဖို့ နေရာဒေသအစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေရန်လည်းကောင်း၊ ဒေသခံပြည်သူများအနေနဲ့လဲ မိမိဒေသကို ချန်လှပ်ခဲ့ခြင်းမျိုး မဖြစ်ပေါ်စေရန်လည်းကောင်း ရည်ရွယ်ပြီးတင်ပြခဲ့ရခြင်း ဖြစ်ပါတယ် ' လို့ ပြောပါတယ်။

ရန်ကုန်မြို့ပြင်ပ (၁၁)မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ခြင်းဟာဒေသနဲ့ ဒေသခံပြည်သူများရဲ့ ဖွံ့ဖြိုးရေး၊ လူမှုဘဝအခက်အခဲများ ဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးနိုင်မယ်လို့ ဆိုပါတယ်။ သည်လ (၅)ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိမြို့နယ် (၁၁)မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်မယ့် အစီရင်ခံစာနဲ့ပက်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပါတယ်။ သည်ဆွေးနွေးခဲ့တဲ့အပေါ် ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ပြင်ပ (၁၁)မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနဲ့ ဝင်ငွေတိုးတက်ရရှိလာတာနဲ့အမျှ ကျေးလက်နေ ပြည်သူများရဲ့ လူမှုဘဝ အခက်အခဲများကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၄၅)မြို့နယ်ရှိပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် (၄၄)မြို့နယ်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ (၁၀,၂၃၉)စတုရန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိ (၃၃)မြို့နယ်ရဲ့ အကျယ်အဝန်းရဲ့ (၁၂)ဆ နီးပါးခန့် ပိုမိုကျယ်ဝန်းတာကြောင့် ဒေသခံဖွံ့ဖြိုးရေးအတွက် များစွာလိုအပ်နေတယ်လို့ ဆိုပါတယ်။ သည် (၃၃)မြို့နယ်မှာသာ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများကို အများစုလုပ်ကိုင်နေတဲ့အတွက် ကျန်ပြင်ပ (၁၁)မြို့နယ်နဲ့ ဖွံ့ဖြိုးမှုအပိုင်းမှာ ကွာဟနေတယ်လို့ ဆိုပါတယ်။

သည်စီမံကိန်းအစီရင်ခံစာ တင်ပြခဲ့မှုအပေါ် (၁၂-၆-၂၀၁၈)ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ (၁၃-၆-၂၀၁၈)ရက်နေ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးနဲ့ ဘဏ္ဍရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီနဲ့ (၁၅-၆-၂၀၁၈)ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၈)ဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service