အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ပြောင်းလဲမှုများလုပ်မည်ဟု ဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
2617 Views

အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် ပြောင်းလဲမှုများလုပ်မည်ဟု ဝန်ကြီးဆို

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ပိုမိုတိုးတက်ကောင်းမွန် လာစေရန် လက်ရှိ ကျင့်သုံးနေသော စာချုပ်စာ တမ်းပုံစံများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

နေပြည်တော်တွင် ဇွန် ၁၅ ရက်က ပြုလုပ်သော PPP pepf Toll Road and Bridge ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံအနှံ့ရှိ လမ်းများကို Public Private Partnership- PPP ဟု ပညာရှင်များခေါ်သော အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အကျိုးတူဆောင်ရွက်သည့်ပုံစံဖြင့် ၁၉၉၆ခုနှစ်ကတည်းက နိုင်ငံသားလုပ်ငန်းရှင်များ နှင့် လက်တွဲဆောင်ရွက်ခဲ့သလို လမ်းအချို့ကိုလည်း တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(ဘီအိုတီ)ပုံစံဖြင့် ခွင့်ပြုခဲ့သည်။

ထိုစနစ်အရလုပ်ငန်းရှင်များသည် ၎င်းတို့ တာဝန်ယူလုပ်ကိုင်သည့်လမ်းကို ငွေကြေး ရင်းနှီးမြှုပ်နှံတည်ဆောက်ပြုပြင်ရပြီး ထိုအတွက် အစိုးရက၎င်းတို့ကို ကာလသတ်မှတ်ချက်တစ်ခုအတွင်း လမ်းအသုံးပြုကြေး ပြန်လည်ကောက်ခံခွင့်ပေးသည်။

ထိုလမ်းများကို ပြန်လည်ဆန်းစစ်ရာတွင် စီးပွားရေးတွက်ခြေကိုက်သည့်လမ်းများ ရှိသကဲ့သို့ တွက်ခြေမကိုက်ဘဲ ဆောင်ရွက် နေရသည့် လမ်းများလည်း ရှိနေကြောင်း၊ ထိုသို့ တွက်ခြေမကိုက်သည့် လမ်းများကိုပြုပြင်ထိန်းသိမ်းရန် အခက်အခဲရှိလာကြောင်း ဝန်ကြီးက ရှင်းပြသည်။ထို့ကြောင့်လည်း အထက်ပါအခြေအနေ နှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ညီစေရန် ပြုပြင်သွားမည်ဟု သူကဆိုသည်။

အဓိကပြုပြင်ရန် ဝန်ကြီးက စဉ်းစားထားသည်မှာ လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများကို ပုံစံတစ်မျိုးတည်း မသတ်မှတ်ဘဲ လမ်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ဖြတ်သန်းသည့် ယာဉ်အစီးရေ စသည့်အခြေအနေပေါ် မူတည်ပြီး အဆင့်အလိုက်ခွဲခြား သတ်မှတ်ရန်၊ လေးလမ်းသွား၊ ခြောက်လမ်း သွားစသည်ဖြင့် လမ်းချဲ့ထွင်ရာတွင် တစ်ရက်အတွင်း ဖြတ်သန်းသည့် ယာဉ်အစီးရေဖြင့်သတ်မှတ်တိုးချဲ့သည့်စနစ်အစား နိုင်ငံတကာတွင်သုံးသည့် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်သတ်မှတ်ရန်၊ ဘီအိုတီစာချုပ် ပါအချက်များကို ဖြည့်စွက်ပြင်ဆင်သွားရန် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service