လိုင်စင်မရှိဘဲ အိမ်ခြံမြေပွဲစားလုပ်ရင် အရေးယူခံရမယ့် ဥပဒေကြမ်းထွက်ရှိ - Property News in Myanmar from iMyanmarHouse.com
21077 Views

လိုင်စင်မရှိဘဲ အိမ်ခြံမြေပွဲစားလုပ်ရင် အရေးယူခံရမယ့် ဥပဒေကြမ်းထွက်ရှိ

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောကအတွက် သက်ရောက်မှု များစွာရှိမယ့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အများပြည်သူ လေ့လာ နိုင်အောင် ယခုလ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေကိုတော့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေနဲ့ ၂ဝ၁၆ ခုနှစ် သြဂုတ်လကစတင်ကာ ဦးတည်ရေးဆွဲပြီး လွှတ်တော်ကို တင်ပြခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ဆိုပါတယ်။

ဒီဥပဒေဟာ စုစုပေါင်း စာမျက်နှာ ၁၁ မျက်နှာရှိပြီး ပုဒ်မ ၃၃ ခု ပါဝင်ရေးဆွဲထားတာ တွေ့ရပါတယ်။အိမ်ခြံမြေဝန်ဆောင်မှုဥပဒေမူကြမ်းထဲမှာ အဓိကအားဖြင့် ဝန်ဆောင်မှုပေးသူတွေ တစ်နည်းအားဖြင့် အိမ်ခြံမြေပွဲစားတွေရဲ့ အခန်းကဏ္ဍကို ပိုမိုထင်ရှားပေါ်လွင်အောင် ရေးဆွဲထားတာကိုလည်း တွေ့ရပါတယ်။ဒီဥပဒေအတည်ပြုပြီးရင် ပွဲစားတွေအနေနဲ့ လိုင်စင်မဖြစ်မနေ လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်မရှိဘဲ ပွဲစားလုပ်ရင် ထောင်ခြောက်လ၊ သို့မဟုတ် ဒဏ်ငွေ ကျပ်သိန်း ၃ဝ ထိ၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်တယ်လို့ ဥပဒေကြမ်းမှာ လေ့လာတွေ့ရှိပါတယ်။ဥပဒေဘောင်အပြင်ဘက်က လိမ်လည်လုပ်ကိုင်နေသူ တွေကို ထိန်းချုပ်ကာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း နိုင်ငံတကာအဆင့်မီဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဥပဒေကိုရေးဆွဲခဲ့တာဖြစ်တယ်လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။

''အခုက ပါးစပ်ပါရင် ပွဲစားဖြစ်တယ်ဆိုပြီး ဖြစ်သလိုလုပ်နေကြတာရှိတယ်။ ရောင်းသူ၊ ဝယ်သူရော ကြားထဲကဝန်ဆောင်မှုပေးတဲ့သူတွေအတွက်ပါ ဥပဒေတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ တရားဝင်ဖြစ်စေချင်တယ်''လို့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။ဥပဒေပါ ပြဌာန်းချက်အရ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသားနဲ့ ဖက်စပ် လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ရရှိပြီး ဖြစ်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့ပြင် ဥပဒေပါပြဌာန်းချက်တွေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း ကြီးကြပ်ရေးဗဟိုကော်မတီ ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်ရမယ်လို့ ပြဌာန်းပါရှိပါတယ်။ဗဟိုကော်မတီအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ကြီးကြပ်ရေးကော်မတီတွေ အဆင့်ဆင့် ဖွဲ့စည်းရမယ်လို့ ဥပဒေကြမ်းမှာ ပါပါတယ်။အိမ်ခြံမြေပွဲစားလုပ်ကိုင်ဖို့အတွက် ပထမဆုံးနဲ့ အဓိကအရေးကြီးဆုံးပြုလုပ်ရမယ့် လိုင်စင်ရယူရာမှာ သက်ဆိုင်ရာဘာသာရပ် ရှစ်မျိုးကို တက်ရောက်ပြီးမှသာ လိုင်စင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(နေပြည်တော်)မှ အတွင်းရေးမှူးဦးကျော်စွာမြင့်က ပြောပါတယ်။''လုပ်ငန်းလုပ်ကိုင်လိုတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်းကို နိုင်ငံတော်အစီအစဉ်နဲ့ သင်တန်း နှစ်ရက်ပေးပါမယ်။ အဲဒီသင်တန်းတက်ပြီးတဲ့သူတွေကိုပဲ ကတ်ထုတ်ပေးမှာပါ။ မတက်ရသေးတဲ့သူတွေကိုတော့ ထုတ်ပေးမှာမဟုတ်ပါဘူး''လို့ ဦးကျော်စွာမြင့်က ဆိုပါတယ်။ဒါ့ပြင် ဥပဒေကြောင်းအရ ပြစ်မှုတစ်ခုခု ငြိစွန်းခဲ့ဖူးသူတွေကိုတော့ လိုင်စင်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဦးကျော်စွာမြင့်က ဆိုပါတယ်။တခြားတစ်ဖက်မှာလည်း အသစ်ထွက်ရှိလာတဲ့ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းမှာ ဝန်ဆောင်မှု ရယူသူ (ရောင်း/ဝယ်/ငှားသူ)တွေအတွက် အကူအညီအထောက်အပံ့ဖြစ်မယ့် ဥပဒေပုဒ်မမျိုးထက် ပွဲစားတွေ နဲ့ ဝန်ဆောင်မှုပေးသူရဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကိုပဲ ဦးစားပေးပြဌာန်းထားတာ တွေ့ရတယ်လို့ အာရှဆောက်လုပ်ရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာဦးရန်အောင်က မှတ်ချက်ပြုပါတယ်။

''အရပ်အခေါ်အရတော့ ပွဲကျော်တာတွေ မဖြစ်အောင် ရှင်းရှင်းပြောရရင် ပွဲစားအချင်းချင်း လှည့်လို့မရအောင် အဓိကထားတယ်လို့ မြင်တယ်။ Customer ဘက်က ရေးထားတာတော့ သိပ်မတွေ့ဘူး''လို့ ဦးရန်အောင်က ဆိုပါတယ်။ပွဲစားတွေ၊ ဝန်ဆောင်မှုပေးသူတွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေအဖြစ် ဝန်ဆောင်မှုလုပ်ငန်းအတွက် လိုအပ်ရင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ အသင်းအဖွဲ့တွေကို မေးမြန်းစုံစမ်းခွင့်ရှိတယ်လို့ ဥပဒေရဲ့ အခန်း (၇)ဝန်ဆောင်မှုပေးသူ၏ အခွင့်အရေးနှင့် တာဝန်များမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ရုံးပြင်ကနားမှာ ပွဲစားတွေဟာ တရားဝင်စာရွက်စာတမ်း တောင်းခံခွင့်ရှိသူတွေအဖြစ် ဥပဒေက အသိအမှတ်ပြုပေးလိုက်တဲ့သဘော ဖြစ်ပါတယ်။

ဒါ့ပြင် ပွဲစားတွေဟာ နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဘဏ်တစ်ခုခုမှာ သူ့ကို အလုပ်အပ်နှံသူ ချေးငွေရယူဖို့ အတွက် ကိုယ်စားဆောင်ရွက်ပေးနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ဥပဒေအသက်ဝင်လာရင် ဝန်ဆောင်ခတွေကို ရယူတဲ့အခါမှာလည်း လက်ရှိအိမ်ခြံမြေဈေးကွက်ထဲမှာတော့သိန်း ၁,ဝဝဝ အောက် အိမ်ခြံမြေတွေအတွက် ဝန်ဆောင်ခကို သုံးရာခိုင်နှုန်းရယူပြီးတော့ သိန်း ၁,ဝဝဝ နဲ့ အထက်ကိုနှစ်ရာခိုင်နှုန်း ရယူခွင့်ရလာနိုင်တယ်လို့ ဦးကျော်စွာမြင့်ရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါပေမဲ့ ရောင်းသူနဲ့ ညှိနှိုင်းပြီး ဝန်ဆောင်ခနှုန်းထားတွေကိုလည်း နှစ်ဦးသဘောတူ ပြင်ဆင်နိုင်တယ်လို့ လည်း ပြာန်းထားတာကို တွေ့ရပါတယ်။ဒါ့ပြင် ဥပဒေမူကြမ်းထဲမှာ ဝန်ဆောင်မှုပေးသူဟာ ဝန်ဆောင်ခကို ရောင်းသူဘက်ကသာ ရယူခွင့်ရှိပေမဲ့ အငှားမှာတော့ အိမ်ရှင်နဲ့ အိမ်ငှားနှစ်ဖက်စလုံးအတွက် သီးသန့်ဝန်ဆောင်မှုပေးရတယ်ဆိုရင် နှစ်ဖက်စလုံးက ဝန်ဆောင်ခ ရယူခွင့်ရှိတယ်ဆိုတဲ့အချက်ကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်ငန်းလုပ်တဲ့အခါ မူလပိုင်ရှင်က သဘောတူထားတဲ့ ဈေးနှုန်းထက်ပိုပြီး ပွဲစားကရောင်းချငှားရမ်းခြင်း မပြုရလို့လည်း တားမြစ်ထားပါ တယ်။ ဒါပေမဲ့ ဒီတားမြစ်ချက်ကို ပွဲစားက ဖောက်ဖျက်ခဲ့ရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့အချက်ကို ထည့်သွင်း ပြဌာန်းထားတာကို မတွေ့ရပါဘူး။

နှစ်ဦးသဘောတူညီထားတဲ့ ပွဲခကို ပွဲစားကိုပေးဖို့ပျက်ကွက်ခဲ့ရင်သော်လည်းကောင်း၊ သဘောတူစာချုပ်ချုပ်ထားတဲ့ လုပ်ငန်းကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အခြားပွဲစားနဲ့ ဆက်သွယ်ဆောင်ရွက်ရင်တော့ ထိုသူကို တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ အရေးယူဆောင်ရွက်ရမယ်လို့ ပုဒ်မ ၂၇ မှာ ဖော်ပြပါရှိပါတယ်။အဲဒီပုဒ်မနဲ့ပတ်သက်ပြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက အဲဒီထက် ပိုမိုတိတိကျကျ ထည့်သွင်းဖော်ပြပေးဖို့ လိုလားနေကြပါတယ်။

ရတနာပုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကတိက ဦးသော်နေဇော်က ''ဒီပုဒ်မကိုတော့ ဥပဒေကြောင်းအရ မျှတမှုရှိဖို့အတွက် ပြင်ကိုပြင်ရမယ့်အချက် ဖြစ်ပါတယ်''လို့ ဆိုပါတယ်။လူတစ်ဦးဟာ တစ်စုံတစ်ရာချိုးဖောက်ရင် နစ်နာသူအနေနဲ့ ရာဇဝတ်ကြောင်းနှင့် ကိုက်ညီလျှင် ရာဇဝတ်ကြောင်းအရ၊ တရားမကြောင်းနှင့်ကိုက်ညီလျှင် တရားမကြောင်းအရ၊ နှစ်မျိုးစလုံးနှင့်ကိုက်ညီလျှင် နှစ်မျိုးစလုံးနှင့် စွဲဆိုခွင့်ရှိတာဟာ လူသားတိုင်းမှာရှိတဲ့ မူလအခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် မူလအခွင့်အရေးကိုမည်သည့်ဥပဒေပြာန်းချက်နဲ့မှ ထပ်ဆင့်ပြဌာန်းဖို့ မလိုအပ်ဘူးလို့ ၎င်းက ဆိုပါတယ်။

ပြဌာန်းသင့်တာကတော့ ပြဌာန်းချက်တစ်ခုခုကိုချိုးဖောက်လျှင် မည်သည့်ပြစ်ဒဏ်ကျခံစေရမည်၊ သို့မဟုတ်ရာဇဝတ်ကြောင်းအရ တရားမစွဲစေလိုပါက တရားမကြောင်းအရသာ စွဲဆိုခွင့်ရှိစေရမယ်ဆိုတဲ့ အချက်တွေကိုသာ ပြဌာန်းသင့်တယ်လို့ ဦးသော်နေဇော်က ဆိုပါတယ်။ဒါ့ပြင် လက်ရှိမြန်မာနိုင်ငံမှာ ပြဌာန်းပြီးသား ဥပဒေတွေရှိနေတဲ့အတွက် မပြဌာန်းသေးရင်လည်း နိုင်ငံအတွက်နစ်နာစရာ မရှိသေးတဲ့ ဥပဒေတစ်ခုဖြစ်ပြီး မဖြစ်မနေပြာန်းရမယ့် အရေးကြီးဥပဒေတစ်ခု မဟုတ်ဘူးလို့ ဦးသော်နေဇော်က အဲဒီဥပဒေတစ်ခုလုံးနဲ့ ပတ်သက်လို့မှတ်ချက်ပြုပါတယ်။

''တစ်ဖက်ကကြည့်ရင် ဒီဥပဒေကို မပြဌာန်းသေးရင် လည်း ဘာမှမဖြစ်သေးဘူး။ သူတို့ကတော့ ဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရှုထောင့်ကနေ ပြဌာန်းဖို့ လုပ်တယ်လို့တော့ မြင်ပါတယ်''လို့ ဦးသော်နေဇော်က ဆိုပါတယ်။ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်မမျှသ၍ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း ဦးသော်နေဇော်က ဆိုပါတယ်။ ဒီဥပဒေဟာမူကြမ်းအဆင့်သာ ရှိသေးတဲ့အတွက် နောက်ပိုင်းအတည်ပြုမယ့် ဥပဒေနဲ့ နည်းဥပဒေမှာ အသေးစိတ်ပါဝင်လာ ဖို့လည်း မျှော်လင့်နေကြပါတယ်။

နိုင်ငံတကာမှာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို တရားဝင်ဖွဲ့စည်းလုပ်ကိုင်ကြပြီး ဒီအဖွဲ့အစည်းကနေ အစိုးရအတွက် အိမ်ခြံမြေခွန်တွေကို ကောက်ခံပေးကြပါတယ်။ ဒီလိုအကျိုးဆောင်အဖွဲ့တွေကို တရားဝင်ဖွဲ့စည်း လုပ်ဆောင်ခြင်းဖြင့် အစိုးရရဲ့ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ ပိုမိုရရှိလာဖို့ မျှော်လင့်တယ်လို့ ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။

''ဒီမှာဆိုရင် ပွဲစားက ကြားကနေ ဈေးတွေကိုလည်း လိုသလိုပြောင်း၊ ရလာတဲ့ပွဲခတွေကိုလည်း အခွန်မဆောင် ကြတော့ နိုင်ငံတော်က ရသင့်တဲ့အခွန်တွေ နစ်နာတာပေါ့''လို့ ဦးနေမျိုးကျော်က ဆိုပါတယ်။မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ အိမ်ခြံမြေအခွန်တွေကို ကောက်ခံဖို့ သီးသန့်ပြာန်း ထားတဲ့ ဥပဒေတွေ မရှိသေးပေမဲ့ ဒီဥပဒေကိုတော့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေ စည်းစနစ်တကျ ရှိစေဖို့ ရေးဆွဲထားတာ ဖြစ်တယ်လို့လည်း ဦးနေမျိုးကျော် က ဆိုပါတယ်။

ဒီဥပဒေမူကြမ်းဟာ မူကြမ်းအဆင့်သာ ရှိသေးတဲ့အတွက် ပြည်သူတွေရဲ့ အကြံပြုချက်တွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးအတည်ပြုပြီးမှ နည်းဥပဒေကို ထပ်မံရေးဆွဲရမှာ ဖြစ်တဲ့အတွက် လက်ရှိအစိုးရသက်တမ်း မကုန်ခင် အပြီးသတ်အတည်ပြုနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဦးနေမျိုးကျော်က ပြောပါတယ်။


Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service