မြေလွတ်မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးလိုပါက ဥပဒေအရ လျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
2813 Views

မြေလွတ်မြေရိုင်းများတွင် တောင်သူများ စိုက်ပျိုးလိုပါက ဥပဒေအရ လျှောက်ထားနိုင်

သောင်မြေများ ပေါ်ထွန်းမြေကဲ့သို့သော ကျေးလက်ဒေသရှိ မြေလွတ်မြေရိုင်းများကို တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လိုသူများအနေဖြင့် လျှောက်ထားလာပါက ၅ဝ ထက်မပိုသော သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုပေးရန် ဥပဒေအရစီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခရမ်းမြို့နယ်အတွင်းတွင် ပင်လယ်ကမ်းပြိုမှုကြောင့် မျောပါသွားခဲ့သော ကျေးရွာလေးရွာမှ ဒေသခံများ ယင်းတို့၏ မူလကျေးရွာနေရာတွင် သောင်မြေများပေါ်ထွန်းနေသဖြင့် ဒေသခံတောင်သူများကို ပြန်လည်ဝေခြမ်းပေးရန် ခရမ်းမြို့နယ်အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးသိန်းဇော်လတ်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြို့တော်ဝန်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ခုချိန်မှာ အဲဒီကမ်းပြိုတဲ့ကျေးရွာတွေရဲ့နေရာတွေမှာ သောင်မြေတွေ ပေါ်ထွန်းပြီး မြေလွတ်မြေရိုင်းအဖြစ် လယ်မြေဧကပေါင်း၅,၂ဝဝ ကျော် ပြန်လည်ပေါ်ထွန်းနေတာကိုတွေ့ရပါတယ်''ဟု ဦးသိန်းဇော်လတ်က ဆိုသည်။ယခုအချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မုတ္တမပင်လယ်ကွေ့တွင် မြေဧက ၂,၃ဝဝ ဧကကို ဒီရေကာကွယ်တောစိုက်ပျိုးရန် သတ်မှတ်ခဲ့ပြီး ကမ်းပြိုသွားသော ကျေးရွာများမှ တောင်သူများမှာ အဆိုပါမြေပေါ်တွင် တရားဝင်ခွင့်ပြုချက် မရရှိခဲ့သော်လည်း အဆင်ပြေသလို လုပ်ကိုင်စားသောက်နေကြကြောင်း လည်း ၎င်းကဆိုသည်။

ပင်လယ်ရေတိုက်စားမှုကြောင့် မျောပါသွားခဲ့သည့် ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာဖြစ်သော ရေကျော်၊ ဘိုကလေး၊ ကံကောင်းနှင့် ဆင်ကျွန်းကျေးရွာများမှ အိမ်ထောင်စုများကို အခြားနေရာများသို့ ပြန်လည်နေရာချထားပြီးဖြစ်ကြောင်းလည်း ဦးမောင်မောင်စိုးက ဆိုသည်။ရေကျော်ကျေးရွာမှ ဒေသခံ ၁၃၃ ဦးနှင့် ဘိုကလေးကျေးရွာမှ ဒေသခံ ၁၁ဝ ဦးကို ပလူကန်စားကျက်မြေသို့လည်းကောင်း၊ ကံကျောင်းကျေးရွာမှ ဒေသခံ ၁၅ဝ ဦးကိုကျီနီချောင်း စားကျက်မြေသို့လည်းကောင်း၊ ဆင်ကျွန်းကျေးရွာမှ ဒေသခံ ၃ဝဝ ဦးကိုကျွဲတလင်း စားကျက်မြေသို့လည်းကောင်းပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

ထိုသို့ပြောင်းရွှေ့နေရာချထားရာတွင် လူနေထိုင်ရန် ပေ ၆ဝ၊ ပေ ၈ဝ မြေကွက်တစ်ကွက်စီနှင့် လုပ်ကိုင်စားသောက်ရန် မိသားစုတစ်စုလျှင် မြေနှစ်ဧကစီကိုအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ချထားပေးခဲ့ကြောင်းလည်း ဦးမောင်မောင်စိုးက ဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service