ရန်ကုန်တိုင်း ၁၁ မြို့နယ်အတွင်း စက်မှုဇုန် ဖော်မည်ဆိုသည့် မြေနေရာများကို လုပ်ငန်းရှင်ကြီး အချို့ ဝယ်ယူကာ ဈေးကစားနေ ဟုဆို - Property News in Myanmar from iMyanmarHouse.com
3860 Views

ရန်ကုန်တိုင်း ၁၁ မြို့နယ်အတွင်း စက်မှုဇုန် ဖော်မည်ဆိုသည့် မြေနေရာများကို လုပ်ငန်းရှင်ကြီး အချို့ ဝယ်ယူကာ ဈေးကစားနေ ဟုဆို

ရန်ကုန်တိုင်း ၁၁ မြို့နယ်အတွင်းစက်မှုဇုန် ဖော်ဆောင်မည်ဆိုသည့် မြေနေရာများကို လုပ်ငန်းရှင်ကြီးအချို့ က လက်ဦးမှုရယူဝယ်ယူကာ ဈေးကစားနေကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့က ပြောသည်။

ဇွန် ၁၅ ရက်၊ ရန်ကုန်တိုင်း လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးပို့သော''ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိမြို့ နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီရင်ခံစာ''နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦး ဆွေးနွေးခဲ့ ကြရာ သာကေတမဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်ထားနွယ်ဝင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့က အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ကြားသိရတာကလုပ်ငန်း ရှင်ကြီးတွေက စက်မှုဇုန်စီမံကိန်း သတင်းရထားတဲ့လုပ်ငန်းရှင်ကြီး တွေက စီမံကိန်းအတွင်းပါတဲ့ မြေ တွေကို လက်ဦးမှုရယူပြီး ဝယ်ယူထား ကြတယ်။ ဈေးကစားနေတယ်လို့ သိရတယ်။ NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအစိုးရက လွှတ် တော်ကို တင်ပြထားတဲ့ စီမံကိန်း တွေလည်း အတော်အတန်များနေ ပြီလို့ ယူဆမိပါတယ်''ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

မြေပိုင်ရှင် တောင်သူများကရာခိုင်နှုန်း ၂ဝ နှင့်နိုင်ငံတော်မှရာ ခိုင်နှုန်း ၈ဝ အချိုးဖြင့် ခွဲဝေကာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်မည်ဆိုသည့်ကိစ္စကို မြေ ပိုင်ရှင်များ သေချာစွာသိရှိရန် ရှင်းလင်းပေးထားဖို့လိုအပ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။ ''ဒီအချက်အလက်တွေကိုမသိတော့ ခုချိန်မှာအချို့တွေက မြေ တွေကို ဝယ်သိမ်းတာမျိုးတွေ ဖြစ် နေတယ်။ မြေပိုင်ရှင်တွေကို ဒီလို အခြေအနေမျိုးရှိတယ်ဆိုတာကို သေချာသိအောင် စနစ်တကျ ပြော ပြအကျေအလည်ဆွေးနွေးတာ တွေလုပ်သင့်ပါတယ်''ဟု ၎င်းက ပြောသည်။ ၁၁ မြို့ နယ်အတွင်း တစ်မြို့ နယ်လျှင် ဧကတစ်ထောင်ခန့်ရှိ မြေပေါ်တွင် စက်မှုဇုန်များထူထောင်မည့်စီမံကိန်းသည် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း အနည်းငယ်လိုအပ်ချက်ရှိနေကြောင်း စီမံကိန်းဖော်ဆောင်မည့် မြေနေရာ ရွေးချယ်ရာ၌ လယ်မြေအများဆုံး ပါဝင်နေသဖြင့် လယ်သိမ်းယာသိမ်းကိစ္စများကို စနစ်တကျ ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း ဦး နေဘုန်းလတ်က ပြောသည်။


ယင်းစီမံကိန်းဖော်ဆောင်ရာတွင် လိုအပ်သည့်မြေယာသိမ်းဆည်းမှုများနှင့်ပတ်သက်သော အ သေးစိတ်အချက်အလက်များနှင့် ဒေသခံများ မည်မျှအလုပ်အကိုင် ရရှိနိုင်မည်တို့ကို လွှတ်တော်သို့ တင်ပြပေးရန်လည်း လိုအပ်ကြောင်း ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အ မှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းက ပြောသည်။ ယင်း ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အ ကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လမ်းပန်းဆက်သွယ် ရေးတို့ကို အပြည့်အဝဖြည့်ဆည်း ပေးရန်၊ စည်ပင်နယ်နိမိတ်အတွင်း ရှိစက်မှုဇုန် ၂၉ ဇုန်နှင့် အထူးစီးပွားရေးဇုန်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို လွှတ်တော်သို့ ထပ်မံတင်ပြပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးခဲ့ကြသည်။ ရန်ကုန်တိုင်းစည်ပင်ကွပ်ကဲ မှုအောက်ရှိ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် ထန်းတပင်တို့တွင် စက်မှုဇုန်များထူထောင်သွားမည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service