နိုင်ငံခြားသားများအတွက် ဈေးအကြီးဆုံးမြို့စာရင်းတွင် ဟောင်ကောင် အဆင့်ကျပြီး စင်္ကာပူ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2873 Views

နိုင်ငံခြားသားများအတွက် ဈေးအကြီးဆုံးမြို့စာရင်းတွင် ဟောင်ကောင် အဆင့်ကျပြီး စင်္ကာပူ မြင့်တက်

မကြာသေးမီက ထုတ်ပြန်လိုက်သည့် "နိုင်ငံခြားသားများအတွက် နေထိုင်မှုကုန်ကျစရိတ်အရ ကမ္ဘာ့ဈေးအကြီးဆုံးမြို့များ ၂၀၁၈ခုနှစ်" စာရင်းတွင် ဟောင်ကောင်က ၎င်း၏ ခပ်မြင့်မြင့်နေရာမှ ကျဆင်းခဲ့ပြီး စင်္ကာပူက အဆင့်မြင့်တက်ဖော်ပြခံခဲ့ရကြောင်း သိရသည်။

ဗြိတိသျှကိုလိုနီလက်အောက်ခံအခြေစိုက်စခန်းဟောင်းများဖြစ်ကြသည့် ဟောင်ကောင်နှင့် စင်္ကာပူတို့သည် လူ့စွမ်းအားအရင်းအမြစ်အတိုင်ပင်ခံကုမ္ပဏီ ECA International မှ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ၎င်းစာရင်း၏ ထိပ်တန်း ၂၀ နေရာတွင် ပါဝင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်စာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည့် ဟောင်ကောင်က ဟောင်ကောင်ဒေါ်လာ အားပျော့မှုကြောင့် ယခုနှစ်တွင် နံပါတ် ၁၁ နေရာသို့ ကျဆင်းခဲ့သည်။ "ပြီးခဲ့တဲ့ ၁၂ လအတွင်း ဟောင်ကောင်မှာ ကုန်စည်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်ပေမဲ့လည်း ဟောင်ကောင်ဒေါ်လာက အားပျော့ခဲ့ပါတယ်" ဟု ECA International ၏ အာရှဒေသဆိုင်ရာ ဒါရိုက်တာ (ညွှန်ကြားရေးမှူး) လီကွိန်းက ပြောကြားခဲ့သည်။

ယင်းနှင့်ဆန့်ကျင်ဘက်အဖြစ် စင်္ကာပူတွင် စင်္ကာပူဒေါ်လာမာနေမှုကြောင့် နံပါတ် ၂၀ နေရာသို့ ၂၄ နေရာမှ ခုန်တက်ခဲ့သည်။ ၎င်းက ထိုစာရင်း၏ သမိုင်း
တစ်လျှောက်တွင် စင်္ကာပူ၏ အမြင့်ဆုံးအဆင့်ဖြစ်သော ၂၀၁၆ ခုနှစ်က နံပါတ် ၁၈ နေရာနှင့် နီးကပ်စေခဲ့သည်။

တိုကျို၊ ဆိုးလ်နှင့် ရှန်ဟိုင်းတို့က အဆင့် ၇၊ ၈၊ ၁၀ တို့၌ အသီးသီးရပ်တည်ခဲ့ကြပြီး နိုင်ငံခြားသားများအတွက် ဈေးအကြီးဆုံးအာရှမြို့သုံးမြို့ဖြစ်ခဲ့ကြသည်။ "ဂျပန်ယန်း၊ တောင်ကိုရီးယားဝမ်နဲ့ တရုတ်ယွမ်ငွေတို့ရဲ့ မာမှုက အဲ့ဒီမြို့တွေကို နေထိုင်မှုစရိတ်နဲ့ပတ်သက်လို့ ကြီးမြင့်သွားစေခဲ့ပြီး ဟောင်ကောင်ကို ကျော်တက်စေခဲ့တာပါ" ဟု ကွိန်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဟောင်ကောင်သည် အိမ်ဈေးများအရ ကမ္ဘာ့ဝယ်ယူရန်လက်လှမ်းမမီဆုံးမြို့
နေရာ၌ မပြောင်းမလဲရပ်တည်နေဆဲဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကရာကတ်စ်က နိုင်ငံခြားသားများအတွက် ကမ္ဘာ့ဈေအကြီးဆုံးမြို့ဖြစ်ခဲ့ပြီး ဇူးရစ်ခ်ျ၊ ဂျီနီဗာ၊ ဘေဆယ်လ်နှင့် ဘန်း ဟူသည့် ဆွစ်ဇာလန်မြို့လေးမြို့က ကရာကတ်စ်နောက်မှ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာများတွင် ရပ်တည်ခဲ့သည်။

၎င်း ECA International စာရင်းအရ နိုင်ငံခြားသားများအတွက် ဈေးအကြီးဆုံးမြို့ ၁၀ မြို့မှာ -

၁။ ကရာကတ်စ်၊ ဗင်နီဇွဲလား
၂။ ဇူးရစ်ခ်ျ၊ ဗင်နီဇွဲလား
၃။ ဂျီနီဗာ၊ ဗင်နီဇွဲလား
၎။ ဘေဆယ်လ်၊ ဗင်နီဇွဲလား
၅။ ဘန်း၊ ဗင်နီဇွဲလား
၆။ လူအန်ဒါ၊ အန်ဂိုလာ
၇။ တိုကျို၊ ဂျပန်
၈။ ဆိုးလ်၊ တောင်ကိုရီးယား
၉။ အော်စလို၊ နော်ဝေ
၁၀။ ရှန်ဟိုင်း၊ တရုတ် တို့ဖြစ်ကြသည်။

ECA International သည် ကမ္ဘာ့မြို့ကြီးပေါင်း ၂၅၀ ၏ ယခုနှစ်မတ်လအထိ ၁၂ လတာကာလအတွင်း ကုန်စည်များနှင့် ဝန်ဆောင်မှုအမျိုးပေါင်း ၁၇၀ ခန့်၏ ဈေးနှုန်းများအပေါ် အခြေခံ၍ ဆန်းစစ်လေ့လာကာ ယင်းစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service