ဒလတံတားတည်ဆောက်ရေး အကျပ်အတည်း - Property News in Myanmar from iMyanmarHouse.com
4015 Views

ဒလတံတားတည်ဆောက်ရေး အကျပ်အတည်း

မြန်မာကိုရီးယား ချစ်ကြည်ရေးအဖြစ်တည်ဆောက်မည့် ရန်ကုန်…ဒလမြစ်ကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့အကြား ပြေလည်အောင် မည§ိနှိုင်းနိုင်သေးသဖြင့် လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေသည်ဟု သက်ဆိုင်ရာ အရာရှိကြီးများ၏ပြောကြား
ချက်အရ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဇွန် ၁၁ ရက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဌာနနှစ်ခုသည် တံတားတည်ဆောက်ရာတွင် ရှိရမည့် အမြင့်ပေနှင့် တံတားတိုင်နှစ်တိုင်ကြား ကွာခြားရမည့် အကွာအဝေးပမာဏနှင့်ပတ်သက်၍ နှစ်များစွာ ည§ိနှိုင်းခဲ့ပြီးနောက် အမြင့်ပေကိစ္စမှာ ပြေလည်သွားသော်လည်း တံတားအောက်ခြေတိုင်နှစ်တိုင်၏ အကွာအဝေးနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိသေးဟု ဆိပ်ကမ်းအာဏာပိုင်၏ အရာရှိကြီးများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အခြားတစ်ဖက်တွင်လည်း ဒလမြို့ခံများက တံတားတည်ဆောက်မည့်အစီ
အစဉ် ကြန့်ကြာနေသည်ကို မကျေနပ်သဖြင့် လာမည့်တနင်္ဂနွေ ဇွန် ၁၇ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြသည်။

တံတားတည်ဆောက်ရေးနှင့် ပတ်သက်၍ ၂ဝ၁၂ ခုနှစ်မှ ယခုနှစ်အထိ ခြောက်နှစ်နီးပါးကြာ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ အကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း အပြီးသတ် သဘောတူညီမှုမရရှိသေးခြင်းဖြစ်သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

တံတားကြောင့် ဒေသဖွံ့ဖြိုးရေးရရှိနိုင်မည်ဖြစ်သော်လည်း ပင်လယ်ကူးသဘေင်္မျာား သွားလာရေးနှင့် ဆိုက်ကပ်ရေးအတွက် အခက်အခဲများဖြစ်ကာ ဆိပ်ကမ်းလုပ်ငန်းများ စွမ်းဆောင်ရည်ကျဆင်းပါက ပို့ကုန်ထိခိုက်၍ စီးပွားရေးထိခိုက်နိုင်မည့် အကျိုးဆက်များ ပေါ်လာမည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးနီအောင်ကဆိုသည်။ တံတားတည်ဆောင်ရေးကို ၄င်းတို့က ကန့်ကွက်နေခြင်းမဟုတ်ဘဲ ရေရှည်အတွက် အကြံပြုခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ခြောက်နှစ်ကြာဆွေးနွေးမှု

ပြီးခဲ့သည့်အစိုးရလက်ထက် ၂ဝ၁၂…၁၃ ဘဏ္ဍာနှစ်တွင် ကိုရီးယားနိုင်ငံ၏အကူအညီဖြင့် ဒလတံတား တည်ဆောက်ရန် ဆောင်လုပ်ရေးဝန်ကြီးဌာနမှ စတင်ဆောင်ရွက်ခဲ့သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်မှ တင်ပြချက်များတွင် ဖော်ပြထားသည်။

ထိုအချိန်မှစတင်ကာ တံတားတည်ဆာက်ရန် ဖြစ်နိုင်ခြေလေ့လာသည့်အဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့သည် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အနာဂတ်တွင် တန်ချိန် ၂ဝ,ဝဝဝ ရှိ ရေယာဉ်များ မြစ်ကြောင်းအတွင်း ဝင်ထွက်သွားလာရန် မျှော်မှန်းဆောင်ရွက်နေကြောင်း၊ ဆင်မလိုက်သဘေင်္ကျာင်းတွင် တန်ချိန် ၂ဝ,ဝဝဝ ရှိ ရေယာဉ်များ ပြင်ဆင်ရန် စီမံနေကြောင်း၊ ထို့ကြောင့် တံတားကို ရေမျက်နှာပြင်မှ အမြင့် ၅၄ မီတာနှင့် တိုင်နှစ်တိုင်အကြား အကွာအဝေးကို အကျယ် ၃၅ဝ မီတာထားရန် သက်ဆိုင်ရာအဖွဲ့နှင့် ည§ိနှိုင်းရာ ၂ဝ၁၃ ခုနှစ်တွင် သဘောတူညီမှုရရှိခဲ့ကြသည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်၏တင်ပြချက်တွင် ပါဝင်သည်။

သို့သော် ထိုနှစ်ကုန်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့သည်။၂ဝ၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအစီအမံဖြင့် ဒီဇိုင်းရေးဆွဲပေးခဲ့ ရာတွင် တံတားအမြင့်ပေနှင့် အကျယ်တို့သည် ယခင်သဘောတူညီချက်နှင့် ကွဲလွဲသည့်အတွက် ပြန်လည် ပြင်ဆင်ပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဘက်မှ ထပ်တင်ပြခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း တံတားပုံစံမှာ လွှတ်တော်အဆင့်ဆင့်တွင် အတည်ပြုပြီးဖြစ်၍ ပြန်ပြင်ရန် မဖြစ်နိုင်ကြောင်း ၂ဝ၁၅ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု ပြောသည်။

ကုန်ကျစရိတ်သက်သာစေရန် တံတားတိုင် နှစ်တိုင်ကို ရေလယ်တွင် ထားလိုက်ခြင်းကြောင့် မြစ်ကြောင်းတွင်း အနည်ထိုင်မှုများ၍ ရေလမ်းကြောင်း ပိုမိုကျဉ်းမြောင်းလာနိုင်ခြင်း၊ ပြည်တွင်းပြည်ပ ရေယာဉ်များအတွက် ရေလမ်းကြောင်းပိတ်ဆို့မှုများ ရှိလာနိုင်ခြင်း၊ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်ကျဆင်းလာနိုင်ခြင်း စသည့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိလာနိုင်သည့်အတွက် ထိုပုံစံအစား ဥမင်တံတားတူးရန် သို့တည်းမဟုတ် တံတားတိုင်များကို ကုန်းပေါ်တွင်သာ ထားရှိရန်သာ ပိုမိုသင့်လျော်ကြောင်း ဆိပ်ကမ်းအာဏာပိုင်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ၂ဝ၁၈ ဇန်နဝါရီတွင် ပြန်တင်ပြခဲ့သည်။

ယင်းတင်ပြချက်အား လက်ရှိ နှစ်စဉ်ဖြတ်သန်းနေ သော တန် ၁၅,ဝဝဝ သဘေင်္ကြာီးများ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း၊ ဥမင်တံတား တည်ဆောက်မှုကြောင့် ကုန်ကျစရိတ် လေးဆခန့်မြင့်မားနိုင်ကြောင်း၊ တံတားတိုင်သည် ကျောက်ချနေရာအား မထိခိုင်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ သည်ဟု ဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။

နောက်ဆုံးအခြေအနေ

တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ တံတားဒီဇိုင်းအမြင့်၊ အကျယ်တို့နှင့် ပတ်သက်၍ ဌာနနှစ်ခုအကြား ဆွေးနွေးနေရာ နောက်ဆုံးအခြေအနေမှာ တံတားအမြင့်ကိစ္စ သဘောတူညီမှု ရရှိသွားသော်လည်း တံတားအောက်ခြေတိုင်နှစ်တိုင် အကွာအဝေးမှာမူ ဆက်လက်ဆွေးနွေးနေဆဲဟု ဆိပ်ကမ်းအာဏာပိုင်မှ ညွှန်ကြားရေးမှူးချုပ် ဦးနီအောင်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့အကြား ဒလတံတားနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးနေဆဲဖြစ်သဖြင့် မည်သည့်အချိန် စတင်တည်ဆောက်မည်ကို မပြောနိုင်သေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ပြောသည်။

တံတားဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူထားခြင်း မှာလည်း ဆောင်ရွက်ဆဲအဆင့်သာ ရှိသေးသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒလမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိန်မြအေးကမူ ''သဘောတူညီမှုတွေရရင် မင်္ဂလာပေါ့။ ဒေသခံတွေအနေနဲ့ကလည်း တံတားမှ တံတားဖြစ်နေတယ်''ဟု ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်…ဒလတံတားသည် ကိုရီးယားနိုင်ငံ၊ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (အီးဒီစီအက်ဖ်)ချေးငွေနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေတို့ဖြင့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည်ဖြစ်သည်။ ဒလတံတားစီမံကိန်းအား ၂ဝ၂ဝ…၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service