ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
2716 Views

ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မရိုင်းယာ ကာရေးသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် ငှားရမ်းကာ မကြာသေးမီကပင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၃၃၇ ရှိပြိး အိပ်ခန်း ၈ ခန်း ပါဝင်ကာ တချိန်က နစ်ကီ မီနက်ဂ်ျနှင့် မိခ် မေးလ်တို့ နေထိုင်ခဲ့သည့် နေအိမ်လည်း ဖြစ်သည်။

မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ခါက ဂီတပညာရှင် ဖရန့်ခ် စီနာထရာလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

ဧည့်ခန်းတွင် မီးလင်းဖိုတစ်ခုပါဝင်ပြီး ပြင်သစ်တံခါးများမှတဆင့် နောက်ဘက်ခြံဝန်းသို့ ရောက်ရှိနိုင်သည်။

မီးလင်းဖို၊ နံရံမြှုပ်စာအုပ်စင်များ ပါဝင်သည့် စာကြည့်တိုက်တစ်ခုလည်း ပါဝင်သည်။

ရေချိုးခန်းတွင် ကြမ်းပြင်မှ မျက်နှာကျက်ထိ မြင့်မားသည့် မှန်များကာရံထားသည့် ရေပန်းရေချိုးခန်းတစ်ခု၊ ရေစိမ်ကန် ၂ ခုတို့လည်း ပါဝင်သည်။

နေအိမ်အတွင်း မီးလင်းဖို စုစုပေါင်း ၈ ခု ပါဝင်ပြီး ဧည့်ဂေဟာဆောင်၊ ကား ၅ စင်းဆန့် ကားဂိုဒေါင်၊ ရေကန်၊ မြက်ခင်းကျယ် ပါဝင်သော အိမ်နောက်ဘက် ခြံဝန်းတို့လည်း တွေ့ရသည်။

မရိုင်းယာ ကာရေး၏ ယခုနေအိမ်သစ်မှာ မြင်ကွင်းကောင်းမွန်လှသည့်အပြင် တစ်ကိုယ်ရေ လုံခြုံမှုအတွက်လည်း ကောင်းမွန်လှသည်။

မရိုင်းယာ ကာရေးသည် ဂရမ်မီဆု ၅ ကြိမ်ရရှိထားပြီး လော့စ်အိန်ဂျလိတွင် နေရာများစွာ၌ နေအိမ်များ ငှားရမ်းနေထိုင်ခဲ့ဖူးသည်။

မရိုင်းယာ ကာရေးသည် ၁၉၆၉ ခုနှစ် ၊ မတ်လ ၂၇ ရက်တွင် မွေးဖွားပြီး အမေရိကန်တေးရေး၊ တေးဆိုတစ်ဦး ဖြစ်သည်။

အသံ ၅ ပြန် five-octave vocal range သီဆိုနိုင်မှု၊ အသံအား vocal power ကောင်းမွန်မှုနှင့် whistle register သံ အသုံးပြုနိုင်မှု တို့ဖြင့် နာမည်ကျော်သည်။

သူ၏ အနုပညာသက်တမ်းတစ်လျှောက် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေပေါင်း သန်း ၂၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များတွင် တစ်ဦးအပါအဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကာရေးသည် ဂရမ်မီဆု ၅ ကြိမ်၊ World Music Awards ၁၉ ကြိမ်၊ American Music Awards ၁၀ ကြိမ်နှင့် ဘီလ်ဘုတ်တေးဂီတဆု ၁၄ ကြိမ်အသီးသီး ရရှိထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ပေါ့ပ်ကြယ်ပွင့် မရိုင်းယာ ကာရေး လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်တွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀၀ ဖြင့် နေအိမ်ငှားရမ်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service