အာမခံမပါသည့် SME ချေးငွေအပါအဝင်ချေးငွေ အသစ်သုံးမျိုးကို ပြည်တွင်းဘဏ် တစ်ခုက ထုတ်ချေးပေးမည် - Property News in Myanmar from iMyanmarHouse.com
4233 Views

အာမခံမပါသည့် SME ချေးငွေအပါအဝင်ချေးငွေ အသစ်သုံးမျိုးကို ပြည်တွင်းဘဏ် တစ်ခုက ထုတ်ချေးပေးမည်

အာမခံမပါသည့် SME ချေးငွေအပါအဝင် ပညာရေးချေးငွေ နှင့် ကုန်သွယ်မှုချေးငွေတို့ကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID Bank) က ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်က Sule Shangrila ၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် အဆိုပါဘဏ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောသည်။

“ပညာရေးချေးငွေကို နိုင်ငံတကာတက္ကသိုလ်ငါးခုနဲ့ ချိတ်ဆက်ထားပါတယ်။ လစဉ်ဝင်ငွေရှိသော သုံးစွဲသူတွေကို ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ဒီပလိုမာသင် တန်းတွေ၊ မာစတာသင်တန်းတွေကို တက်နိုင်အောင်အတွက် ဒီအခွင့်အရေးကို ဖန်တီး ပေးတာဖြစ်ပါတယ်။ ကုန်သွယ်မှုချေးငွေကတော့ ပို့ကုန်သွင်းကုန်ငွေကြေးတွေအတွက် အာမခံနဲ့ အာမခံမလိုတာ နှစ်မျိုးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို အဓိက ကူညီတယ်ဆိုတာက ကျွန်တော်တို့နိုင်ငံမှာ ထုတ်ကုန်သွင်းကုန်တွေကို တိုးတက်လာအောင်ဖြစ်ပါတယ်”ဟု ယင်းကပြောသည်။

SME လုပ်ငန်းရှင်များကို အာမခံပစ္စည်းမလိုဘဲ ချေးငွေထုတ်ချေးပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု စသည့် ကဏ္ဍသုံးရပ်ကို အဓိကထားချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

“အာမခံမယူထားတဲ့အတွက်ကြောင့်လုံခြုံစိတ်ချရမှု ရှိအောင်လို့ ချေးငွေ ထုတ်ချေးတဲ့အခါမှာ လျှောက်ထားသူတိုင်းကို ထုတ်ချေးမှာမဟုတ်ပါဘူး။ သေချာစိစစ် ပြီးတော့မှ ထုတ်ချေးမှာဖြစ်ပါတယ်။ မိမိရယူထားတဲ့ချေးငွေတွေကို စနစ်တကျနဲ့ သတ် မှတ်ထားတဲ့နေရာမှာ ထည့်သုံးပါ။ သုံးပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့က လုပ်ငန်းကို အောင်မြင်မှသာ ချေးမှာဖြစ်ပါတယ်။ အာမခံအခက်အခဲဖြစ်နေတဲ့လုပ်ငန်းရှင်များအ တွက် ထုတ်ချေးခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာဇေယျာညွန့်က ဆက်လက်ပြောသည်။

အာမခံမလိုဘဲ ချေးငွေထုတ်ပေးမည့် SME လုပ်ငန်းများတွင် စိုက်ပျိုးကဏ္ဍ ၌ စပါး၊ ပြောင်း၊ မွေးမြူရေးကဏ္ဍ၌ ငါး၊ ပုစွန်၊ ဂဏန်း၊ ကြက်၊ နို့စားနွား၊ ကုန်ထုတ်လုပ်မှုက ဏ္ဍ၌ စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည် တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service