မန်းရွှေစက်တော်ဘုရားအနီး၌ ဟိုတယ်ဇုန်တစ်ခုတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
3462 Views

မန်းရွှေစက်တော်ဘုရားအနီး၌ ဟိုတယ်ဇုန်တစ်ခုတည်ဆောက်မည်

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့ နယ် မန်းရွှေစက်တော်ဘုရားကြီးအနီးတွင် ဧက ၄၀ ခန့်အကျယ်ရှိ ဟိုတယ်ဇုန်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"မန်းရွှေစက်တော်ဘုရားကြီးအနီး သမင် ခြံနေရာမှာ တည်ဆောက်ဖို့ လျာထားပါတယ်။ အဆောက်အအုံပုံစံတွေ တင်ပြထားပြီးပြီ။ အောက်ခြေ မြေပြင်ကွင်းဆင်းကြည့်ပြီးပြီ"ဟု မကွေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစံထွေးက ပြောဆိုသည်။

ဟိုတယ်ဇုန်အတွင်း ဟိုတယ်အနည်းဆုံး ငါးလုံးမှ ၁၀လုံးအထိ ဆောက်လုပ်ရန် ဟိုတယ် လုပ်ငန်းရှင်များက အလိုရှိနေပြီး ဟိုတယ်များ တည်ဆောက်ရန် ဟိုတယ်အလုံးအရေအတွက် အား ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသတွင်း စီးပွားရေးသမားများကို တင်ဒါခေါ်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဟိုတယ်ဇုန်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ စတင်လုပ်မယ့်ရက်တော့ မသိရသေးပါဘူး။ ဟိုတယ်ဇုန်အတွက် ဧက ၄၀ လျာထားပြီး မြေပြင်တိုင်းတာ ဆောင်ရွက်နေပါတယ်။ တိုင်း အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးနဲ့ ပြောပြီးပြီ"ဟု မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိန်က ပြောဆိုသည်။

မန်းရွှေစက်တော်ဘုရားအနီး ဟိုတယ်ဇုန်တည်ဆောက်မည့်နေရာသည် မန်း ရွှေစက်တော် ဘုရားအဝင် လှေတင်တံတားကြီး ထိပ်ဘုရားဘက်အခြမ်းတွင် တည်ရှိသဖြင့် မန်းချောင်းရေနှင့် နီးကပ်ကာ ဘုရားဖူးများ အတွက် အဆင်ပြေနိုင်ကြောင်း၊ ထို့အပြင် ဟိုတယ်ဇုန်ဖွင့်လှစ်နိုင်ပါက ဘုရားပွဲတော်ကာလ အတွင်း တည်းခိုခန်းခဈေးနှုန်းများမြင့်မားနေ မှုကို ထိန်းချုပ်နိုင်ကြောင်း၊ နိုင်ငံခြားသားခရီး သွားဧည့်သည်များ လာရောက်ပါက အဆင်ပြေစွာ တည်းခိုနိုင်ကြောင်းနှင့် ဘုရားပွဲတော် ပြင်ပ ကာလတွင် လာရောက်ဖူးမြော်ကြမည့် ဘုရား ဖူးပြည်သူများအဖို့ အဆင်ပြေစေကြောင်းကို မကွေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service