အသေးစားစီးပွားရေး လုပ်ငန်းများအား ကန်ဒေါ်လာ ၁၀ သန်းထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
4166 Views

အသေးစားစီးပွားရေး လုပ်ငန်းများအား ကန်ဒေါ်လာ ၁၀ သန်းထုတ်ချေးမည်

အမေရိကန်၏ နိုင်ငံရပ် ခြားပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ကော် ပိုရေးရှင်း (OPIC) က မြန်မာနိုင်ငံရှိ အသေးစားစီးပွားရေးလုပ်ငန်း ၃၀,၀၀၀ ကျော်ကို ကန်ဒေါ်လာ ၁၀ သန်းထုတ်ချေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း မေ လ ၃၀ ရက်တွင် သတင်းထုတ်ပြန် သည်။

အဆိုပါချေးငွေများကို ပြည် တွင်းရိုးမဘဏ်နှင့် Dawn အသေးစားချေးငွေလုပ်ငန်းတို့မှတစ်ဆင့် ပြန်လည်ချေးငွေထုတ်ပေးခြင်း ဖြစ်ကြောင်း ရိုးမဘဏ်နှင့် Dawn တို့က သတင်းထုတ်ပြန်သည်။

‘‘စီမံကိန်းကနေ ပြည်သူတွေ ချေးငွေရရှိစေမှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းအသစ်တွေ စတင်ဆောင် ရွက်ရေး၊ ကလေးတွေ ကျောင်း ထားနိုင်ရေးနဲ့ လုပ်ငန်းတွေထဲမှာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါ တယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာ စီရယ်က ပြောသည်။

လွန်ခဲ့သည့် လေးနှစ်က OPICသည် ရိုးမနှင့် Dawn တို့မှတစ်ဆင့်ကန်ဒေါ်လာ လေးသန်းထုတ်ချေး ရာ လက်ရှိတွင် အပြည့်အ၀ပြန် လည်ရရှိထားကြောင်း ဆိုသည်။ ယခုချေးငွေထုတ်ပေးခြင်းကို အ ပြန်အလှန် ထိန်းကျောင်းသည့် ငွေကြေးထောက်ပံ့မှုဟုခေါ်ပြီး အပေါင်ပစ္စည်းမဲ့ချေးငွေထုတ်ပေးခြင်း ဖြစ်သည်။ ထိုစနစ်ကို ၂၀၁၇ နှစ်လယ်ပိုင်းတွင် စတင်ခဲ့သည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ အသေး စားစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ကို ပံ့ပိုးကူညီနိုင်မှာ ဖြစ်ပါတယ်’’ ဟု ရိုးမဘဏ် ဥက္ကဋ္ဌ၏ အထူးအ ကြံပေး Mr. Hal Bosher က ပြောကြားသည်။

အပေါင်ပစ္စည်းယူ၍ ချေးငွေထုတ်ပေးသည့် အစား ယခုကဲ့သို့ ဘဏ်များက စွန့်စားဆောင်ရွက်မှုပုံစံသည် အခြေခံစီးပွားရေးလုပ် ငန်းများ အရည်အသွေးတိုးတက် စေရန်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

OPIC (Overseas Private Investment Corporation) သည် အမေရိကန်အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံပြင်ပတွင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service