အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2312 Views

အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ

ဂျွန်လီဂျန်း၏ အမည်ရင်းမှာ ဂျွန် ရောဂျာ စတီဖင်ဖြစ်ပြီး ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ စပရင်းဖီးမြို့တွင် မွေးဖွားသည်။

အနုပညာအမည် ဂျွန်လီဂျန်းဖြင့်သာ လူသိများသည်။ အမေရိကန် အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်တစ်ဦးဖြစ်သည်။

ဂျွန်လီဂျန်းသည် အခြားကမ္ဘာကျော်များနှင့် တွဲဖက်သီဆိုမှုများလည်းပြုလုပ်ဖူးရာ ကင်ညေးဝက်စ်နှင့်အတူ "Blame Game" သီချင်း၊ ဂျေးဇက်နှင့် "Encore" သီချင်းများတွင် ပူးတွဲသီဆိုမှုများ ပြုလုပ်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် "All of Me" သီချင်းဖြင့် Billboard Hot 100 တွင် နံပါတ်တစ်နေရာချိတ်ဆွဲခဲ့ဖူးသည်။

၂၀၁၅ ခုနှစ်တွင်လည်း Selma ရုပ်ရှင်ဇာတ်ကားအတွက် ရေးသားပေးခဲ့သည့် "Glory" သီချင်းဖြင့် အကောင်းဆုံးဇာတ်ဝင်တေးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

ထို့အပြင် ဂျွန်လီဂျန်းသည် ဂရမ်မီဆု ၁၀ ဆုနှင့် ရွှေကမ္ဘာလုံးဆု တစ်ဆုလည်း ရရှိထားသူ ဖြစ်သည်။

ယခုအခါ ဂျွန်လီဂျန်းသည် ဇနီးဖြစ်သူ ခရစ်စီ ထီးဂန် (Chrissy Teigen) နှင့်အတူ နယူးယောက်မြို့ မန်ဟက်တန်ဒေသ၊ nolita အရပ်၊ ဘရွမ်းလမ်း၊ အမှတ် ၃၇၄ ရှိ အဆောက်အအုံကြီးတွင် penthouse တစ်ခန်းကို ကန်ဒေါ်လာ ၉ ဒသမ ၀၂ သန်းဖြင့် ဝယ်ယူလိုက်ကြသည်။

ခရစ်စီ ထီးဂန်သည် အမေရိကန် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဂျွန်လီဂျန်းနှင့် ၂၀၁၃ ခုနှစ်က လက်ထပ်ခဲ့ခြင်းဖြစ်သည်။

မကြာသေးမီကမှ ဒုတိယရင်သွေးဖြစ်သော သားငယ် မိုင်းစ် သီအိုဒေါကို မွေးဖွားပြီးနောက် ယခုနေအိမ်ခန်းကို ဝယ်ယူလိုက်ကြခြင်းလည်း ဖြစ်သည်။

Nolita အရပ်ကို NoLIta ဟု ရေးသားကြလေ့ရှိသည်။ အီတလီတန်း၏ မြောက်ဘက် "North of Little Italy" ဟူသော အခေါ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး နယူးယောက်မြို့၊ မန်ဟက်တန် မြောက်ဘက်တွင် တည်ရှိသည်။
နေအိမ်ခန်းတွင် အိမ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး Brewster Carriage House အမည်ရှိ အဆောက်အအုံတွင် တည်ရှိသည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဂျွန်လီဂျန်းတို့ ဇနီးမောင်နှံ အဆိုပါအခန်းကို ကြည့်ရှုခဲ့ကြခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၅ သန်း ဖြစ်သည်။

အနီးကပ်အတွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ၎င်းတို့ဇနီးမောင်နှံသည် အဆိုပါဒေသနှင့် ယခုအဆောက်အအုံကို နှစ်သက်မြတ်နိုးကြသည်ဟု ဆိုသည်။

အကျယ်အဝန်း စတုရန်းပေ ၂၆၁၀ ရှိသော penthouse ခန်းတွင် မြေယာအလှပြင်ဆင်ထားသော အမိုးပေါ်လသာဆောင်၊ နွေရာသီ BBQ စားသောက်ရန်အတွက် ဟင်းလင်းပြင် မီးဖိုဆောင်တို့လည်း ပါဝင်သည်။

ထို့အပြင် ဓာတ်ငွေ့သုံး မီးလင်းဖိုတစ်ခု၊ ၁၃ ပေမြင့်မားသော မျက်နှာကြက်များ၊ ပုံမှန်ထက်ကြီးမားသော ပြတင်းပေါက်များ၊ ဧည့်ခန်းဆောင်၏ တစ်ဘက်တစ်ချက်တွင် master bedroom များ ပါဝင်သည်။

အရောင်းဈေးကွက်တင်သွင်းခဲ့သည်မှာ Douglas Elliman ကုမ္ပဏီမှ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ကမ္ဘာကျော် တေးသံရှင်၊ တေးရေး၊ သရုပ်ဆောင် ဂျွန်လီဂျန်းက ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နှင့်အတူ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် penthouse ခန်း ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service