ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com
4691 Views

ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ်

ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းပုဂ္ဂလိကကြွယ်ဝချမ်းသာမှု သို့မဟုတ် စုစုပေါင်း
ပုဂ္ဂလိကဓနစည်းစိမ်သည် လာမည့် ဆယ်စုနှစ်အတွင်း ရာခိုင်နှုန်း ၅၀ မြင့်တက်ပြီး ၂၀၂၇ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၃၂၁ ထရီလျံ ရှိလာမည်ဟု ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် AfrAsia Bank က ယခုလတွင် ထုတ်ပြန်လိုက်သော ကမ္ဘာ့ကြွယ်ဝချမ်းသာမှုသုံးသပ်ချက်အစီရင်ခံစာအရ သိရသည်။

လက်ရှိတွင် ကမ္ဘာ့စုစုပေါင်းပုဂ္ဂလိကကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၂၁၅ ထရီလျံခန့် ရှိနေကြောင်း AfrAsia Bank က ငွေကြေးမတည်ပြီး ကမ္ဘာ့ဈေးကွက်သုတေသနအဖွဲ့ New World Wealth မှ စစ်တမ်းကောက်ယူ
လေ့လာခဲ့သည့် အထက်ပါအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။

ကမ္ဘာတစ်ဝန်း ပိုင်ဆိုင်မှုများပြားသူ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ သန်း ထက်မနည်း ပိုင်ဆိုင်မှုရှိသူဦးရေသည် ၁၅ ဒသမ ၂ သန်း ရှိလာပြီဖြစ်သည်။ သန်းပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သူဦးရေ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀ သန်း ထက်မနည်း ပိုင်ဆိုင်သူဦးရေက ၅၈၄,၀၀၀ ခန့် ရှိလာပြီး ဘီလျံနာဦးရေ
သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ထက်မနည်း ပိုင်ဆိုင်သူဦးရေ
သည် ၂,၂၅၂ ဦး ရှိလာပြီဖြစ်သည်။

လာမည့် ဆယ်နှစ်အတွင်း သြစတြေးလျက ကနေဒါကို ကျော်တက်ပြီး ဂျာမနီနှင့် ယူကေတို့ကို သိသိသာသာမီလာမည်ဟု ၎င်းအစီရင်ခံစာတွင် ခန့်မှန်းထားသည်။ အိန္ဒိယက ၂၀၁၇ မကုန်မီ ဂျာမနီနှင့် ယူကေတို့ကို ကျော်တက်ပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံးကြွယ်ဝချမ်းသာမှုဈေးကွက် ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်။

ကမ္ဘာ့ကြွယ်ဝချမ်းသာမှုသည် လာမည့်ဆယ်စုနှစ်အတွင်း ရာခိုင်နှုန်း ၅၀ မြင့်တက်ပြီး ၂၀၂၇ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၃၂၁ ထရီလျံ ရှိလာမည်ဟု ခန့်မှန်းထားသည်ဖြစ်ရာ လာမည့် ကမ္ဘာ့ကြွယ်ဝချမ်းသာမှု
အချက်အချာနေရာသစ်များမှာ အဘယ်နေရာများတွင် ဖြစ်မည်နည်း။ ကမ္ဘာ့ကြွယ်ဝချမ်းသာမှုဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံများမှာ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်နှင့် မော်ရစ်သျှပ်စ်တို့ ဖြစ်ကြောင်းလည်း ၎င်းအစီရင်ခံစာတွင် ခန့်မှန်းဖော်ပြခဲ့သည်။ ထိုနိုင်ငံငါးခုတွင် လေးခုမှာ အာရှမှ ဖြစ်သဖြင့် ၎င်းတို့အား ဖွံ့ဖြိုးမှုအကြောင်းရင်းများနှင့်တကွ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။


၁။ သီရိလင်္ကာ

အိန္ဒိယတောင်ဘက် ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာသည် ကောင်းမွန်သော ပညာရေးအဆင့်အတန်းနှင့် အင်္ဂလိပ်စကားပြောဒေသခံအချိုးအစား ကြီးမားမှု
တို့ကြောင့် ဘေးကင်းလုံခြုံသော နိုင်ငံတစ်နိုင်ငံအဖြစ် ၎င်းအစီရင်ခံစာတွင် သီးသန့်ရွေးချယ်ဖော်ပြခံခဲ့ရသည်။ သုတေသီများက သီရိလင်္ကာသည် လာမည့် ဆယ်နှစ်အတွင်း ကြွယ်ဝချမ်းသာမှုဖွံ့ဖြိုးနှုန်း ရာခိုင်နှုန်း ၂၀၀ ရှိမည်ဟု ခန့်မှန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သီရိလင်္ကာသည် အိမ်ခြံမြေ၊ ပြည်တွင်းနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကဲ့သို့သော အားကောင်းသည့် မြင့်တက်မှုများမှ အကျိုးဖြစ်ထွန်းခံစားနေရသဖြင့် ဖြစ်ကြောင်း သိရသည်။

၂။ အိန္ဒိယ

သီရိလင်္ကာကဲ့သို့ပင် အိန္ဒိယသည် ကောင်းမွန်သော ပညာရေးစနစ်နှင့် အင်္ဂလိပ်စကားပြောသော အလုပ်သမားအင်အားတို့မှ အကျိုးဖြစ်ထွန်းခံစားနေရသည့်
အပြင် သူ့တွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်အရေအတွက်များပြားမှု အကျိုးကျေးဇူး
ကပါ ထပ်မံဖြည့်စွက်လိုက်သေးသည်။ ၎င်းကမ္ဘာ့ကြွယ်ဝချမ်းသာမှုသုံးသပ်ချက်က အိန္ဒိယ၏ လာမည့်ဆယ်နှစ်အတွင်း ကြွယ်ဝချမ်းသာမှုဖွံ့ဖြိုးမှုအား ရာခိုင်နှုန်း ၂၀၀ ဟု ခန့်မှန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းဘဏ္ဍာရေး
ဝန်ဆောင်မှုများ၊ အိုင်တီ၊ အိမ်ခြံမြေ၊ ကျန်းမာရေးစောင့်ရှောင်မှုနှင့် မီဒီယာကဏ္ဍတို့၌ အားကောင်ေးသာဖွံ့ဖြိုးမှုကြောင့် အဓိကဖြစ်ကြောင်း သိရသည်။

၃။ ဗီယက်နမ်

အာရှ၏ ကုန်ထုတ်လုပ်မှုအချက်အချာအဖြစ် ၎င်း၏ ရပ်တည်ချက်ကို ဖော်ဆောင်နေသဖြင့် ဗီယက်နမ်သည် အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးတိုးတက်ဆုံးဖြစ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင်လည်း ဗီယက်နမ်သည် ကမ္ဘာ့ကြွယ်ဝချမ်းသာမှုဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံ ဖြစ်ခဲ့ကာ ဆက်၍လည်း အားကောင်းစွာ ဖွံ့ဖြိုးမည်ဟု ခန့်မှန်းရကြောင်း သုတေသီများက ဖော်ပြခဲ့သည်။ ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍတို့တွင် အားကောင်းသော ဖွံ့ဖြိုးမှုကြောင့် ဗီယက်နမ်သည် လာမည့် ဆယ်နှစ်အတွင်း ဖွံ့ဖြိုးမှုရာခိုင်နှုန်း ၂၀၀ ဖြင့် ကြွယ်ဝချမ်းသာသူဦးရေ မြင့်တက်မည်ဟု ခန့်မှန်းခဲ့သည်။

၎။ တရုတ်

တရုတ်၏ လာမည့်ဆယ်နှစ်အတွင်း ကြွယ်ဝချမ်းသာမှုဖွံ့ဖြိုးမှုခန့်မှန်းချက်မှာ ၎င်း၏ အထက်ပါအိမ်နီးချင်းနိုင်ငံများအောက် အနည်းငယ်လျော့နည်းပြီး ၁၈၀ ရာခိုင်နှုန်း ဖြစ်သည်။ သို့သော် ပြည်မကြီးက အထူးသဖြင့် ပြည်တွင်းအဆင့်မြင့်နည်းပညာ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဖျော်ဖြေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့တွင် အားကောင်းသော ဖွံ့ဖြိုးမှုကြောင့် မရပ်မနားအကျိုးဖြစ်ထွန်းခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ကမ္ဘာ့ပုဂ္ဂလိကကြွယ်ဝချမ်းသာမှုအများစုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၅၈၄ ထရီလျံဖြင့် အမေရိကန်တွင် စုဝေးနေဆဲဖြစ်သော်လည်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၀၃ ထရီလျံဖြင့် တရုတ်က ၎င်းနောက်မှ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံအဖြစ် ချဉ်းကပ်နေပြီ ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com
ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com
ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com
ကြွယ်ဝချမ်းသာမှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၅ နိုင်ငံတွင် လေးခုက အာရှမှဖြစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service