ဘီလျံ ၂၅ဝခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်လျက်ရှိသည့် SMART DISTRICT PROJECT များ - Property News in Myanmar from iMyanmarHouse.com
4330 Views

ဘီလျံ ၂၅ဝခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်လျက်ရှိသည့် SMART DISTRICT PROJECT များ

ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဧရာဝဏ်နှင့် ရတနာနှင်းဆီ တန်ဖိုးမျှတအိမ်ရာစီမံကိန်း အပါအဝင် စီမံကိန်း အချို့ကို Smart District Project အဖြစ် ကျပ် ဘီလျံ ၂၅ဝခန့် ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းစီမံကိန်းသည် စုစုပေါင်းဧရိယာ ၁၁ဝဝ ခန့် ရှိပြီးဆောက်လုပ်ရေး ဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် ရွှေတောင်ကုမ္ပဏီတို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊အရှေ့ဘက်တွင် ဧရာဝဏ်လမ်း၊အနောက်ဘက်တွင် ပဲခူးမြစ်၊တောင်ဘက်တွင် ဆိပ်ကမ်းသာလမ်း နှင့် မြောက်ဘက်တွင်ရွှေလီလမ်းတို့ တည်ရှိသည်။

ယင်းစီမံကိန်းတွင်ပါဝင်သည့်မြေ အသုံးချမှုနှင့် အဆောက်အအုံအမျိုးအစား များသည် Commercial Mixed Used,Reserved Land,Social Housing,Affordable Condominium စသည်တို့ပါဝင်ကြောင်း သိရသည်။

All Inclusive ဖြစ်စေရန် စီမံကိန်းဧရိယာအတွင်း ခရီးသည်တင်ယာဉ်ရပ်နားစခန်း၊Shopping Center မျာ၊ဟိုတယ်နှင့် စားသောက်ဆိုင်များ၊အပန်းဖြေအနားယူရန်နေရာများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်း၏ ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ဘီလျံ ၂၅ဝ ခန့်ဖြစ်ပြီး လူနေအိမ်ခန်းပေါင်း ၁၃ဝဝဝ ခန့်အားဖော်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းအရ အဆိုပြုထားသော ရန်ကုန်မြို့သစ်စီမံကိန်းများတွင် မြေဧက ၅ဝဝဝဝ ခန့်တွင် ဒေါ်လာ ၁၅ ဒသမ ၈၅၇ ဘီလျံ ရင်းနှီးမြှုပ်နှံရမည့်တွံတေး နှင့် ဒလဘက်ခြမ်းသီလဝါတစ်ဖက်ကမ်းနှင့် ကွမ်းခြံကုန်းဆက်စပ်ဧရိယာတွင် လေဆိပ်သစ်၊ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ထောင်ရန်စီစဉ်နေကြောင်းသိရသည်။

ယင်းစီမံကိန်း ဧရိယာသည် ရန်ကုန်တိုင်းဒေသကြီးမဟာရန်ကုန် (၁၅ဝဝ စတုရန်းကီလိုမီတာ)အပါအဝင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (၁ဝ၁၇ဝ စတုရန်းကီလိုမီတာ)ဖြစ်ပြီးစီမံကိန်းရည်မှန်းနှစ်ကို ၂ဝ၄ဝ ပြည့်နှစ်အထိ ရည်မှန်းချက်များ၊စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပြုတင်ပြထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအလိုက် နေရာအကျယ်အဝန်း နှင့် ခန့်မှန်းတန်ဖိုး(အမေရိကန်ဒေါ်လာ) ဖြင့်ဒဂုံအရှေ့မြို့သစ်စီမံကိန်း(၁၃၂၈၆ ဧက၊ဒေါ်လာ ၄၃၅၅ သန်း)၊တွံတေး နှင့်ဒလမြို့သစ်စီမံကိန်း(၄၉၇၉၉ဧက၊ဒေါ်လာ ၁၅၈၅၇သန်း)၊သန်လျင်မြို့သစ်စီမံကိန်း(၁၉၉၄၂ဧက၊ဒေါ်လာ ၆၅၃၇သန်း)၊ထန်းတပင်မြို့သစ်စီမံကိန်း(၂၆၉၂၄ဧက၊ဒေါ်လာ ၈၈၃၁သန်း)၊မှော်ဘီမြို့သစ်စီမံကိန်း(၆၅၈၉ဧက၊ဒေါ်လာ သန်း ၂၁၆ဝ)၊လှည်းကူးမြို့သစ်စီမံကိန်း(၆၈ဝ၁ ဧက၊ဒေါ်လာ ၂၂၂၉သန်း)၊ဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်းဖွံ့ဖြိုးရေးစီမံကိန်း(၁၁၁၃၇ဧက၊ဒေါ်လာ ၄၆၂၁သန်း)စသည်တို့ပါဝင်ကြောင်းသိရသည်။

Credit :Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service