စီအိုင်အေညွှန်ကြားရေးမှူးဟောင်း ကရွန်ဂါ့ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
3200 Views

စီအိုင်အေညွှန်ကြားရေးမှူးဟောင်း ကရွန်ဂါ့ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် နေအိမ်ဝယ်ယူ

စီအိုင်အေညွှန်ကြားရေးမှူးဟောင်း ကရွန်ဂါ့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် နေအိမ်ဝယ်ယူလိုက်ကြောင်း ဖလော်ရီဒါအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျရှိ Phipps Estate အရပ် ၊ Via Las Brisas လမ်း ၊ အမှတ် ၂၂၆ နေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကရွန်ဂါ့တို့ ဇနီးမောင်နှံက အဆိုပါနေအိမ်အတွက် ကန်ဒေါ်လာ ၉ ဒသမ ၆၄ သန်းပေးခဲ့ရသည်ဟု ဆိုသည်။

အယ်လ်ဗင် ဘီ-ကရွန်ဂါ့ဒ်နှင့် ဇနီးဖြစ်သူ ရှရဲလ် ဂျီ-ကရွန်ဂါ့ဒ်တို့…

အယ်လ်ဗင် ကရွန်ဂါ့ဒ်သည် စီအိုင်အေတွင် တတိယမြောက် အမြင့်မားဆုံးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်၊ မတ်လမှ စတင်တာဝန်ထမ်းဆောင်ကာ ၂၀၀၄ ခုနှစ် ဆောင်းရာသီတွင် နှုတ်ထွက်ခဲ့သည်။
ရောင်းချသူမှာ ရှေ့နေ လူးဝစ် အမ်-ရှော့ထ်ဖြစ်သည်။

ရှော့ထ်က ဒုတိယဇနီးဖြစ်သူ မေရီ ဟိုင်လမ် ရှော့ထ်နှင့် ၁၉၉၄ ခုနှစ်တွင် လက်ထပ်ခဲ့ပြီးနောက် ယခု နေအိမ်မြေနေရာကို ၁၉၉၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

Casa Banyan စံအိမ်ဟုအမည်ပေးထားပြီး မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

၁၉၉၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ဧည့်သည်များ (သို့မဟုတ်) ဝန်ထမ်းများအတွက် ဂိုဒေါင်အပေါ်ထပ်တွင် အိပ်ခန်း ၂ ခန်းပါ လူနေခန်း ဆောက်လုပ်ထားမှု အပါအဝင် အိပ်ခန်း ၇ ခန်း ပါဝင်သည်။
လူနေဧရိယာအကျယ်အဝန်း စတုရန်းပေ ၁၂၈၃၄ ရှိပြိး လသာဆောင်ပါဝင်သည်။

ပထမထပ်တွင် master bedroom ၊ ဧည့်သည်များအတွက် master bedroom အိပ်ခန်းများ၊ စာကြည့်တိုက်တစ်ခု၊ ပစ္စည်းစုံထည့်သွင်းပေးထားသော မီးဖိုဆောင်နှင့် ဝိုင်အအေးခံစက်များ ပါဝင်သည်။

ယခုအရောင်းအဝယ်တွင် Brown Harris Stevens အိမ်ခြံမြေကုမ္ပဏီက ရောင်းသူ၊ ဝယ်သူနှစ်ဘက်လုံးမှ အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အယ်လ်ဗင် ကရွန်ဂါ့ဒ်သည် စီအိုင်အေတွင် ညွန်ကြားရေးမှူး၏ အတိုင်ပင်ခံအဖြစ် ၃ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ညွန်ကြားရေးမှူး ဂျော့ခ်ျ တီနက်ထ်၏ နေရာတွင် တာဝန်ထမ်းဆောင်ရန် သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ်က ၂၀၀၁ ခုနှစ်၊ မတ်လတွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စီအိုင်အေညွှန်ကြားရေးမှူးဟောင်း ကရွန်ဂါ့ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စီအိုင်အေညွှန်ကြားရေးမှူးဟောင်း ကရွန်ဂါ့ ဖလော်ရီဒါပြည်နယ်တွင် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service