၂၀၁၈ -၂၀၁၉  ဘဏ္ဍာနှစ်အိမ်ခြံမြေတိုက်ခန်းစံနှုန်းများ မေလအတွင်း  စိစစ်၊  အတည်ပြုချက်ဖြင့် ပြင်ဆင်သတ်မှတ်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
15382 Views

၂၀၁၈ -၂၀၁၉  ဘဏ္ဍာနှစ်အိမ်ခြံမြေတိုက်ခန်းစံနှုန်းများ မေလအတွင်း  စိစစ်၊  အတည်ပြုချက်ဖြင့် ပြင်ဆင်သတ်မှတ်မည်ဟုဆို

၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်ခြံမြေတိုက်ခန်းစံနှုန်းများအား မေလ အတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြင်ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မေ ၈ ရက်၌ ပြောဆိုသည်။

+++ အဆင်ပြေစေရန်+++

ရန်ကုန်တိုင်းအတွင်း ဒေသပေါက်ဈေးနှင့် ညီညွတ်မှုမရှိသော အိမ်ခြံမြေတိုက်ခန်းကာလ တန်ဖိုး စိစစ်ခြင်းများကို ပြည်သူလူထု တံဆိပ် ခေါင်းခွန်၊ ဝင်ငွေခွန်များ ထမ်းဆောင်မှု အဆင်ပြေစေရန် အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေ ၈ ရက်ကပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ် တော်ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်၏ မေး မြန်းမှုကို ဝန်ကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

+++ ဈေးနှုန်းအပြောင်းအလဲ +++

"စံနှုန်းတွေသတ်မှတ်ပြီးတော့ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် ကာလအတွင်းမှာ ကာလအလိုက် ဈေးကွက်ဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲ တွေကိုတော့ ပြင်ဆင်ပေးနိုင်ခြင်းမရှိဘဲနဲ့ နှစ်အလိုက်ပုံမှန်ပြင်ဆင်သတ်မှတ်ပေးပါတယ်။ တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်သတ် မှတ် ရေးအဖွဲ့က သတ်မှတ်ပေးတဲ့စံနှုန်းတွေ အရ ပြည်ထောင်စုလွှတ်တော်က နှစ်စဉ်ပြဋ္ဌာန်း ပေးလျက်ရှိတဲ့ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေမှာ သတ်မှတ်ထားတဲ့ နှုန်းထားတွေဖြစ်တဲ့ ဝင်ငွေခွန်နှုန်းထားများ၊ တံဆိပ်ခေါင်းခွန်နှုန်း ထားများအရ အခွန်တွေကို ပေးဆောင်ရတာ ဖြစ်ပါတယ်" ဟု ဝန်ကြီးက ပြောဆိုသည်။

+++ အနီးစပ်ဆုံးသတ်မှတ် +++

၂၀၁၇–၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုးများအား စိစစ်သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များနှင့် လမ်း များအလိုက် ဘဏ္ဍာရေးနှစ်စတွင် ဖြစ်ပေါ်နေ သော ဒေသဆိုင်ရာပေါက်ဈေးဖြစ်သည့် တက် ဈေးကျဈေးနှင့် အနီးစပ်ဆုံးဖြစ်စေရန် ပြင်ဆင် သတ်မှတ်ထားမှုများကိုလည်း ဝန်ကြီးက ရှင်းပြ ခဲ့သည်။

+++ ဌာနကြီး ၁၁ ခု +++

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် အခွန်ဦးစီးဌာနရုံးများကလည်းကောင်း၊ ရန်ကုန် တိုင်းအတွင်းရှိသည့် အိမ်ခြံမြေ ဝန်ဆောင်မှု အသင်းက လည်းကောင်း အိမ်ခြံမြေ ကာလ ပေါက်ဈေးနှင့် ပတ်သက်၍ သတင်းအချက် အလက်များ ရယူပေးပြီး စည်ပင်သာယာ ရေးကော်မတီ၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြေစာရင်းနှင့် မြေယာဌာနတို့အပါအဝင် ဌာန ကြီး ၁၁ ခုက ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆုံး ဖြတ်ကာ တန်ဖိုးစိစစ်ရေးအဖွဲ့မှ အိမ်ခြံမြေ များ၏ဈေးနှုန်းများကို သတ်မှတ်၍ ယင်းစံနှုန်း များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေ အဆောက်အအုံတန်ဖိုးစိစစ်သော အဖွဲ့အစည်း ထဲတွင် ပြည်သူလူထုကို ကိုယ်စားပြုသည့်သူများ ပါဝင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံတင်ပြသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service