မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်မည့် အစီရင်ခံစာကို ရန်ကုန်တိုင်းလွှတ်တော်မှတ်တမ်းတင် - Property News in Myanmar from iMyanmarHouse.com
3371 Views

မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်မည့် အစီရင်ခံစာကို ရန်ကုန်တိုင်းလွှတ်တော်မှတ်တမ်းတင်

ဝေဖန်မှုများရှိခဲ့သည့် ‘ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ် ငန်း စီမံကိန်းအစီရင်ခံစာ ၂၀၁၈-၂၁’ ကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

ယင်းစီမံကိန်းအရ ကျပ်ဘီ လီယံ ၁,၅၀၀ ကျော်တန်ဖိုးရှိ စီမံ ကိန်းကိုးခုအပါအဝင် မြို့ပြဖွံ့ဖြိုး ရေး စီမံကိန်း ၁၂ ခု ဆောင်ရွက် မည်ဖြစ်ပြီး အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကလွှတ်တော်သို့ တင်သွင်းရာ စီမံ ကိန်းတွင် ပါဝင်သည့် အသေးစိတ်အချက်အလက်များ ထည့်သွင်းဖော်ပြထားခြင်းမရှိဟုဆို ကာ လွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့သည်။

ယင်းအစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က မေလ ၁၆ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြန်လည်ရှင်း လင်းဆွေးနွေးပြီး မှတ်တမ်းတင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ၏ အဆုံးအဖြတ်ကိုယူခဲ့ရာ ကန့် ကွက်သူမရှိပေ။

ဝန်ကြီး ဒေါ်နီလာကျော်က အဆိုပါစီမံကိန်းခေါင်းစဉ်၌ ဖော် ပြထားသည့် ကာလ ၂၀၁၈-၂၀၂၁ သည် စီမံကိန်းအပြီးအစီး ဆောင်ရွက်မည့်အချိန်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ စီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့်ကာလကို ဖော်ပြခြင်းဖြစ် ကြောင်း ရှင်းလင်းသည်။

ထို့အပြင် စီမံကိန်းလုပ်ငန်း များကို အကြမ်းဖျင်းသာရေးဆွဲ ထားပြီး အသေးစိတ်အချက်အ လက်များ မထည့်သွင်းရသေးဟူ သော ဝေဖန်မှုများကို တုံ့ပြန်ရှင်း လင်းခဲ့သည်။

‘‘လုပ်ငန်းတွေကို အကောင် အထည်ဖော်ဆောင်ရွက်မယ့်အ ချိန်မှာလည်း လွှတ်တော်သို့ အမြဲ တမ်းအစီရင်ခံတင်ပြပြီးတော့ အ ကောင်အထည်ဖော်တဲ့အခါမှာ လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို တင်ပြလိုပါတယ်’’ဟု ဒေါ်နီလာ ကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြို့ပြသယ်ယူပို့ဆောင် ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုစီမံကိန်းများ၊ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပြည်သူ့ဘဝမြှင့် တင်ရေး မြို့သစ်စီမံကိန်းတို့ကို အကောင်အထည်ဖော်ရန် တင်ပြ ခဲ့သည်။

စက်မှုကဏ္ဍဖွံ့ဖြိုးရေးစီမံ ကိန်းများသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ မြေဧက ၁၆,၀၀၀ ကျယ် သော Smart and Eco City စက် မှုဇုန်စီမံကိန်းနှင့် ဧက ၉,၀၀၀ ရှိ ဒဂုံမြို့သစ် ခေတ်မီစက်မှုဇုန်တို့ ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၏ ရှေ့ပြေးစီမံကိန်းဖြစ်သည့် ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်း ပြည်သူ့ဘဝမြှင့်တင်ရေး မြို့သစ်စီမံကိန်းသည် မြေဧက ၂,၄၀၀ အသုံးပြုမည်ဖြစ် ကာ အဆိုပါစီမံကိန်းအတွက် ကုန်ကျစရိတ်ကို လေ့လာတွက် ချက်ဆဲဖြစ်ပြီး ၂၀၁၈ မှ ၂၀၂၆ အထိ စီမံကိန်းကာလရှည်ဖြစ် သည်ဟု ဒေါ်နီလာကျော်က မေလ ၃ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် တင်ပြခဲ့သည်။

မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု စီမံကိန်းများသည် ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်းနှင့် ကုန် သေတ္တာလွင်ပြင်နှင့် စမ်းကြီးဝပို့ ဆောင်ရေး ဗဟိုစီမံကိန်းတို့ဖြစ် ပြီး ကာလလတ်စီမံကိန်းများဖြစ် သည်။

ငွေပင်လယ်စီမံကိန်းသည် ဧက ၂၀၀ ခန့်ရှိပြီး ကျပ်ဘီလီယံ ၁၅၀ ကုန်ကျမည်ဖြစ်ကာ စမ်း ကြီးဝစီမံကိန်းသည် ၆၄၂ ဧကရှိပြီး ကျပ် ၁၉၂ ဘီလီယံ ကုန်ကျ မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလ သည် ၂၀၁၈ မှ ၂၀၂၃ အထိဖြစ် ကြောင်း ဒေါ်နီလာကျော်က ဆို သည်။

အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း များသည် စုစုပေါင်း ကျပ်ဘီလီယံ ၁,၀၀၀ ကျော်တန်ဖိုးရှိ ဒဂုံဆိပ် ကမ်းအိမ်ရာ၊ ပုဇွန်တောင်ရှိ ပြည် တော်သစ်အိမ်ရာ၊ အင်းစိန်မြို့ နယ်ရှိ ကြို့ကုန်းအိမ်ရာ၊ ရန်ကင်း အိမ်ရာနှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ စီမံကိန်းတို့ဖြစ် သည်။

စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်း များသည် မရမ်းကုန်းဗီလာ အဆင့်မြင့်စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုး ရေးစီမံကိန်းနှင့် ပါရမီအဆင့်မြင့် စီးပွားရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ အဆိုပါ စီမံကိန်းများ သည် ကျပ်၁၂၅ ဘီလီယံနှင့် ကျပ် ၃၂ ဘီလီယံ အသီးသီးကုန် ကျမည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service