ရေရှည်တွင် စဉ်ဆက်မပြတ်အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းထား နိုင်ခြေအရှိဆုံးမြို့များ - Property News in Myanmar from iMyanmarHouse.com
3500 Views

ရေရှည်တွင် စဉ်ဆက်မပြတ်အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းထား နိုင်ခြေအရှိဆုံးမြို့များ

မည်သည့်မြို့များက စီးပွားရေးနှင့် အိမ်ခြံမြေစွမ်းအားတို့ကို ရေရှည်တွင်
စဉ်ဆက်မပြတ်အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်ထားနိုင်ခြေအရှိဆုံး
ဖြစ်မည်နည်း။

ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Jones Lang LaSalle (JLL) မှ
မကြာသေးမီက ထုတ်ပြန်လိုက်သော ကမ္ဘာ့စီးပွားရေးအချက်အချာမြို့ကြီး ၁၃၁
မြို့၏ လူမှုစီးပွားနှင့် အိမ်ခြံမြေအဟုန်တို့ကို ထိန်းသိမ်းနိုင်စွမ်းများအား
အကဲဖြတ်ထားသည့် City Momentum Index (CMI) ၂၀၁၈ ခုနှစ်စာရင်း၏
ထိပ်တန်းနေရာ ၃၀ တွင် အာရှပစိဖိတ်မြို့များ ပိုမိုပါဝင်လာခဲ့သည်ကို
တွေ့ရသည်။

တိုကျိုနှင့် ဆိုးလ်တို့က အဆင့် ၁၃ နေရာနှင့် ၁၄ နေရာတို့တွင် အသီးသီး
ရပ်တည်ခဲ့ကြပြီး စင်္ကာပူက အဆင့် ၂၉ တွင် ဖော်ပြခံခဲ့ရသည်။ ယခင်နှစ်
စာရင်းများ၏ ထိပ်တန်းနေရာ ၃၀ တွင် စင်္ကာပူ ပါဝင်ခဲ့ခြင်း မရှိပေ။

မြောက်အမေရိကမြို့များက ထိုစာရင်းတွင် ထက်ဝက်ခန့်ကို လွှမ်းမိုးသိမ်းပိုက်ခဲ့ပြီး
ဆန်ဖရန်စစ္စကိုနှင့် ဆီလီကွန်ဗယ်လီတို့က ပထမနှင့် ဒုတိယနေရာတို့တွင်
ဖော်ပြခံခဲ့ရသည်။ ပြီးခဲ့သည့် ၁၅ နှစ်တိုင် စာရင်းများတွင်မူ
မြောက်အမေရိကမြို့များက သုံးပုံတစ်ပုံကျော် သိမ်းပိုက်နေရာယူခဲ့ကြောင်း JLL
က ထုတ်ပြန်ခဲ့သည်။

နယူးယောက်က တတိယနေရာ၌ ဖော်ပြခံခဲ့ရပြီး လန်ဒန်က စတုတ္ထနေရာတွင်
ဖော်ပြခံခဲ့ရသည်။

JLL က GDP၊ လေကြောင်းချိတ်ဆက်မှု၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့်
အိမ်ခြံမြေစတော့ခ်၊ နည်းပညာကုမ္ပဏီအရေအတွက်၊
အများပြည်သူပို့ဆောင်ရေးအဆောက်အအုံ အပါအဝင် အခြင်းအရာပေါင်း ၄၆
ခုကို အခြေခံ၍ မြို့များအား အမှတ်ပေးအကဲဖြတ်ခဲ့ခြင်းဖြစ်သည်။

ရေရှည်တွင် စဉ်ဆက်မပြတ်အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်ထားနိုင်ခြေအရှိဆုံးမြို့ ၃၀ အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

City Momentum Index (CMI) ၂၀၁၈ ခုနှစ်စာရင်း၏ ထိပ်တန်းနေရာ ၃၀ -
၁။ ဆန်ဖရန်စ္စကို
၂။ ဆီလီကွန်ဗယ်လီ
၃။ နယူးယောက်
၎။ လန်ဒန်
၅။ ဘော်စတွန်
၆။ လော့စ်အိန်ဂျလိစ်
၇။ ပဲရစ်
၈။ အမ်စတာဒမ်
၉။ တိုရွန်တွန်
၁၀။ ဆန်ဒီယေဂို
၁၁။ ချီကာဂို
၁၂။ ဆီယက်တဲလ်
၁၃။ တိုကျို
၁၄။ ဆစ်ဒနီ
၁၅။ မြူးနစ်ခ်ျ
၁၆။ ဘာလင်
၁၇။ မဲလ်ဘုန်း
၁၈။ အော်စတင်
၁၉။ ဗန်ကူးဗား
၂၀။ ဒန်ဗား
၂၁။ ဝါရှင်တန်ဒီစီ
၂၂။ ကိုပင်ဟေဂင်
၂၃။ စတော့ခ်ဟုမ်း
၂၄။ အီဒင်ဘာ့ဂ်
၂၅။ ဖီလာဒဲလ်ဖီးယား
၂၆။ မွန်ထရီယယ်လ်
၂၇။ ဟယ်လ်ဆင်ကီ
၂၈။ ဆိုးလ်
၂၉။ စင်္ကာပူ
၃၀။ ဇူးရစ်ခ်ျ

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service