လူနေအိမ်ရာစီမံကိန်းများဆောက်လုပ်မှုဖြင့် နာမည်ကျော်သော ကမ္ဘောဒီးယား developer က ဖနွမ်းပင်မြို့ တော်တွင် ပထမဆုံး မိုးမျှော်တိုက်ကြီးဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
4578 Views

လူနေအိမ်ရာစီမံကိန်းများဆောက်လုပ်မှုဖြင့် နာမည်ကျော်သော ကမ္ဘောဒီးယား developer က ဖနွမ်းပင်မြို့ တော်တွင် ပထမဆုံး မိုးမျှော်တိုက်ကြီးဆောက်လုပ်ရန် စီစဉ်

ကမ္ဘောဒီးယား developer ဖြစ်သော ဘိုရေး ပန်ဟို့သ် အုပ်စုသည် ပြီးခဲ့သော နှစ်ကာလများအတွင်း လူနေအိမ်ရာစီမံကိန်းများ ဆောက်လုပ်ခဲ့ရာတွင် ချီးကျူးဂုဏ်ပြုခြင်းများ များစွာခံခဲ့ရသည်။ ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် အိမ်ခြံမြေဆုပေးပွဲတွင်လည်း အကောင်းဆုံး developer ဆု ရရှိထားသည်။

အဓိကအားဖြင့် လူနေအိမ်ရာစီမံကိန်းများ ဆောက်လုပ်ခြင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းကမူ ဈေးဝယ်စင်တာ ၂ ခု ဆောက်လုပ်ရေးစီမံကိန်းလည်း စတင်အကောင်အထည်ဖော်လာသည်။

ယခုအခါ ဘိုရေးပန်ဟို့သ်အုပ်စုသည် ဖနွမ်းပင်တွင် အမွှာမျှော်စင် အဆောက်အအုံကြီး တည်ဆောက်ရန် စီစဉ်လာသည်။

ကုမ္ပဏီ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် animated video ဖိုင်အရ အထပ် ၂၀ မြင့်မားသည့် အဆောက်အအုံကြီး ဆောက်လုပ်မည် ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်မည့်နေရာမှာ ဖနွမ်းပင်မြို့ တော် တောင်ဘက်ရှိ မြို့ တော်သစ်ကြီးဖြစ်သော ING City တွင် ဖြစ်သည်။

အမွှာမျှော်စင် ၂ ခုကို ကောင်းကင်တံတားတစ်ခုဖြင့် ဆက်သွယ်ပေးထားမည်ဖြစ်ပြီး မျှော်စင်တစ်ခု၏ ထိပ်တွင် ရဟတ်ယာဉ်ကွင်းလည်း ထည့်သွင်းသွားမည်ဟု ဆိုသည်။

ယခုမိုးမျှော်တိုက်ကြီးမှာ ဘိုရေးပန်ဟို့သ်မှ အကောင်အထည်ဖော်မည့် Star Diamond စီမံကိန်းနှင့်လည်း ဆက်စပ်နေသည်။

Star Diamond စီမံကိန်းမှာ ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်ပြီး မြေနေရာအကျယ်အဝန်း ဟက်တာ ၄၀ ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းတွင် လူနေအိမ်၊ ကွန်ဒိုမီနီယံများ၊ အထပ် ၂ ထပ်ပါဝင်မည့် Diamond Plaza ဈေးဝယ်စင်တာတို့ ပါဝင်မည် ဖြစ်သည်။

ဖနွမ်းပင်တောင်ဘက်ရှိ ဟွန်ဆန်လမ်းမ (Street 60m ဟုလည်း လူသိများ) ကြီးတစ်လျှောက်တွင် တည်ရှိမည် ဖြစ်သည်။

အမွှာမျှော်စင် ၂ ခုအနက် တစ်ခုတွင် ကွန်ဒိုခန်းများ ထည့်သွင်းမည်၊ အခြားမျှော်စင်တစ်ခုတွင်မူ တန်ဖိုးကြီး ရုံးခန်းနေရာများ ထည့်သွင်းသွားမည်ဖြစ်ကာ ဘိုရေးပန်ဟို့သ်၏ ရုံးချုပ်သစ်လည်း ဖွင့်လှစ်သွားမည်ဟူသည့် ကောလာဟလများလည်း ရှိနေသည်။

ဘိုရေးပန်ဟို့သ်၏ ဈေးကွက်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါနေရာတွင် ၎င်းတို့ ကုမ္ပဏီက တာဝါတစ်ခု ဆောက်လုပ်ရန် စီစဉ်နေသည်ဟူသည့်အချက်ကို အတည်ပြုခဲ့သည်။

“Street 60m လမ်းမကြီးတစ်လျှောက်မှာ အထပ်မြင့်အဆောက်အအုံတစ်လုံး ဆောက်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘယ်နှစ်ထပ်ပါဝင်မယ်၊ဘယ်လိုပုံစံရှိမယ်၊ ဘာအတွက်ဆောက်တယ်၊ ဘယ်တော့စမယ်ဆိုတာတွေတော့ ကျွန်တော်မသိပါဘူး။ စီမံကိန်း ရေရေရာရာ ဖြစ်ပြီဆိုရင် ကုမ္ပဏီက ကြေညာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လူနေအိမ်ရာစီမံကိန်းများဆောက်လုပ်မှုဖြင့် နာမည်ကျော်သော ကမ္ဘောဒီးယား developer က ဖနွမ်းပင်မြို့ တော်တွင် ပထမဆုံး မိုးမျှော်တိုက်ကြီးဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service