သင်္ကြန်မဏ္ဍပ်မြေနေရာငှားရမ်းခ ကျပ်သိန်း ၈၀၀ အထိ ဈေးပေါက် - Property News in Myanmar from iMyanmarHouse.com
4396 Views

သင်္ကြန်မဏ္ဍပ်မြေနေရာငှားရမ်းခ ကျပ်သိန်း ၈၀၀ အထိ ဈေးပေါက်

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် သက်ဆိုင်ရာ အိမ်ရှင်၊ မြေရှင်၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတည်ဆောက်ရမည်ဟူသော တိုင်းအစိုးရ၏ မူဝါဒကြောင့် ကိုယ်ပိုင်နေအိမ်၊ ခြံရှေ့နေရာများတွင် မဏ္ဍပ်ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာငှားရမ်းခမှာ ကျပ်သိန်း ၈၀၀ ခန့်အထိ ပေါက်ဈေးရှိနေ၍ ခြံပိုင်ရှင်များကို တနှစ်တခါလုပ်ကျွေးနေရသလိုဖြစ်နေကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံက ဆိုသည်။

''ခြံတခြံကို အခုလက်ရှိပေါက်ဈေးက သိန်း ၄၀၀၊ ၆၀၀၊ ၈၀၀ တွေ ခေါ်ကြတာကိုး။ မြေရှင်ရဲ့ခွင့်ပြုချက် ရဖို့အတွက်ပေါ့။ အရင်အစိုးရလက်ထက်က ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းဘက်တွေပေး တယ်။ အဲလိုနေရာမျိုးမှာ အကုန်အကျမများဘူး။ မဏ္ဍပ်မှာ facility အများကြီးပြည့်အောင် ဖြည့်နိုင်တယ်။ အခုနောက်ပိုင်းပြောင်းလဲသွားတဲ့မူဝါဒအရ ကိုယ့်ခြံရှေ့ ကိုထိုးမယ်ဆိုတော့ အဲဒီပြည်လမ်းပေါ်မှာ ခြံပိုင်တာ လည်း သူဌေးတွေပဲပိုင်တာလေ။ သူတို့တတွေကို တနှစ်တခါ ရှာကျွေးနေသလို ဖြစ်နေတယ်။ ခြံသမားတွေက ဈေးတွေတင်ပြီးတောင်း၊ သူတို့ခြံရှေ့တွေမှာ ကြိုပြီးတော့ ပါမစ်တွေလျှောက်ပြီးတော့ ဖေ့စ်ဘုတ်ပေါ် တင်ပြီးတော့ကို ပေါ်တင်ရောင်းစားနေကြတာ။ ပြီးတော့ ခြံဆိုရင် ပါမစ်က အလိုလိုကိုကျပြီးသား။ အရင် တုန်းကလို မဲနှိုက်တာမျိုးတွေမဟုတ်ဘူး။ အော်တိုကိုကျသွားတာ။ ကိုယ့်ခြံရှေ့မှာကို ထိုးတာဖြစ်တဲ့အတွက် ပါမစ်အလိုလိုကျနေတယ်''ဟု မဏ္ဍပ်ပိုင်ရှင်ဦးစည်သူဖြိုးက ပြောသည်။

လက်ရှိအချိန်တွင် ပြည်လမ်းမရှိ ခြံနေရာများတွင် မဏ္ဍပ်နေရာလျှောက်ထားသူ များပြားနေပြီး အစိုးရချထား ပေးသည့် နေရာ၊ စည်ပင်ပိုင်မြေနေရာ ၃၊ ၄ ခုသာရှိနေသည့်အတွက် ဝေဇန္တာလမ်းမဘက်သို့ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်ခွင့်လျှောက်ထားသူ ကိုသော်ဇင်မောင်က ပြောသည်။ ''ကျွန်တော်က စည်ပင်နယ်နိမိတ်ကို လျှောက်လိုက်တာကိုး။ စည်ပင်နယ်နိမိတ်ထဲမှာ မဟုတ်ဘူးဆိုရင် ခြံထဲကဆောက်ခွင့် ပါမစ်တာပေးတာလေ''ဟု ၎င်းက ပြောသည်။

တချိန်က တိုးမပေါက်အောင် စည်ကားသည့် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးပတ်လမ်းများတွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ပိတ်ထားသဖြင့် မဏ္ဍပ်ဆောက်လုပ်လိုသူများအနေနှင့် မြေနေရာ ငှားရမ်းခကြီးမြင့်နေခြင်းမှာ အဓိကအခက်အခဲဖြစ်ကြောင်း သိရသည်။

''အခုကျတော့ ကိုယ့်ခြံရှေ့မှာပဲ ဆောက်ဆိုတဲ့ ပုံစံမျိုးကျတော့လည်း သိပ်ပြီး အဆင်မပြေဘူးပေါ့။ အဲဒီလိုဆိုတော့ ခြံသမားတွေ ပိုပြီးအလုပ်ဖြစ်သွားတာပေါ့။ အရင်တုန်းကဆိုရင် ကမ္ဘာအေးပတ်လမ်းမှာ ၇ ကွက်၊ ၈ ကွက်ချပေးတယ်။ ကန်တော်ကြီးပတ်လမ်းမှာဆိုရင် ၁၀ ကွက်၊ ၁၅ ကွက်လောက်ချပေးတယ်။ အဲဒီမှာမှ ကိုယ်ကမဏ္ဍပ်ပါမစ်တင်၊ မဲပေါက်တဲ့ဟာ မျိုးဆိုထိုးပေါ့။ မဲမပေါက်ရင် ပါမစ်ကျပြီးသားလူက မဏ္ဍပ်မထိုးချင်လို့ ပြန်ရောင်းရင် သိန်း ၁၀၀ လောက်နဲ့ပြီးတယ်။ ဒါက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့။ အခုကျ တော့ ၃၊ ၄ ဆလောက်ကို တက်သွားတာ။ ခြံပိုင်တဲ့လူတွေ အလုပ်ဖြစ်သွားတာပေါ့''ဟု မဏ္ဍပ်ပိုင်ရှင်တဦးက ပြောသည်။

သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူများလိုက်နာရန် စည်းကမ်းချက်များကို လေးစားလိုက်နာရန် လိုအပ်ပြီး အမှန်တကယ်မဏ္ဍပ်ဆောက်မည့်သူများသာ ပါမစ်လျှောက်ထားသင့်ကြောင်းနှင့် နေအိမ်၊ ခြံပိုင်ရှင်များအနေ ဖြင့် အတာသင်္ကြန်ကို ဈေးကွက်တခုသဖွယ် အခကြေးငွေဖြင့် ငှားရမ်းခြင်းများ မပြုလုပ်သင့်ကြောင်း ရန်ကုန်မြို့နေသူတဦးက မှတ်ချက်ပြုသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service