နှစ်သစ်ကူးပိတ်ရက် နီးလာသော်လည်း ပြည်ပငွေလွှဲနည်းခြင်းကြောင့် ကန်ဒေါ်လာတန်ဖိုး ကျဆင်း - Property News in Myanmar from iMyanmarHouse.com
4428 Views

နှစ်သစ်ကူးပိတ်ရက် နီးလာသော်လည်း ပြည်ပငွေလွှဲနည်းခြင်းကြောင့် ကန်ဒေါ်လာတန်ဖိုး ကျဆင်း

နှစ်သစ်ကူး ပိတ်ရက် နီးလာသော်လည်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသူများ၏ ငွေလွှဲ ပေးပို့မှု နည်းခြင်းကြောင့် ဒေါ် လာတန်ဖိုး ကျဆင်းလာသည်
ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

နှစ်သစ်ကူရုံးပိတ်ရက်နည်း ခြင်း၊ သွင်းကုန်သမားများ ငွေလွှဲ ပို့မှုနည်းခြင်းကြောင့် ကန်ဒေါ် လာတန်ဖိုးသည် ပြည်တွင်းဈေး ကွက်၌ ဧပြီ ၇ ရက်တွင်တစ်ဒေါ် လာလျှင် ၁,၃၂၃ ကျပ်ခန့်ဈေး ဖွင့်ခဲ့သည်။ မတ်လ ၃၀ ရက်က တစ်ဒေါ်လာ ၁,၃၂၈ ကျပ်ခန့် ဈေးဖွင့်ခြင်းကြောင့် တစ်ပတ် ကျော်အတွင်း တစ်ဒေါ်လာ ငါး ကျပ်ဈေးကျလာသည်။

ထို့အတူ ဗဟိုဘဏ်၏ ရည် ညွှန်းငွေလဲနှုန်းကလည်း မတ်လ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၃၅ ကျပ်မှ ဧပြီ ၆ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၃၀ ကျပ် ဈေးဖွင့်သည်။

သွင်းကုန်အတွက် စင်ကာပူ နိုင်ငံသို့ငွေလွှဲပို့သည့်ကန်ဒေါ်လာ တန်ဖိုးသည် မတ်လ ၃၀ရက်တွင် တစ်ဒေါ်လာလျှင် ၁,၃၃၂ ကျပ်မှ ဧပြီ ၆ရက်တွင်တစ်ဒေါ်လာလျှင် ၁,၃၂၈ ကျပ်သို့ ဈေးကျသည်။ နှစ်သစ်ကူးရုံးပိတ်ရက် နည်းသ ဖြင့် ပြည်ပကုန်ပစ္စည်းများ တင် သွင်းစုဆောင်းမှု လျှော့ချခြင်း ကြောင့် ငွေလွှဲပေးပို့မှု လျော့ နည်းသည်ဟု ပြည်ပမှ လူသုံး ကုန်ပစ္စည်းများ တင်သွင်းနေသူ တစ်ဦးက ပြောသည်။

‘‘လတ်တလောမှာ ပို့ကုန်နဲ့ သွင်းကုန်ပမာဏ တူညီနေတာ လည်းပါမယ်’’ ဟု ပြည်ပသို့ဆန် တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။

ယခင်နှစ်များက နှစ်သစ်ကူး ပိတ်ရက်နီးလာချိန်တွင် သွင်းကုန် သမားများ၏ ငွေလွှဲပေးပို့မှု၊ ပြည်ပခရီးသွားလို သူများ၏ ၀ယ် ယူမှုများကြောင့် ကန်ဒေါ်လာ တန်ဖိုး မြင့်တက်လေ့ရှိသည်ဟု ၎င်းကပြောသည်။

ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ဆက်လက်ကျဆင်းပြီး မြန်မာကျပ်ငွေ မာလာမည်ဟု စီးပွားရေးလုပ်ငန်း ရှင် အချို့က ခန့်မှန်းသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ပြည်တွင်းငွေလဲနှုန်းကို တည်ငြိမ် စွာထိန်းနေသည်ဟု ပြောထား သည်။

ထို့ကြောင့် သင်္ကြန်ပိတ် ရက်အပြီး မြန်မာကျပ်ငွေ တန်ဖိုးထပ်မံမြင့်တက်မည်ဟု စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းကခန့်မှန်းနေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service