နယူးယောက်မြို့ ရှိ မိုးမျှော်တိုက်သစ်ကြီး၏ လူနေခန်း ၉၇ ခန်းကို တန်ဖိုးနည်းအခန်းများအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ကျော်မျှဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး လျှောက်လွှာများ စတင်လက်ခံ - Property News in Myanmar from iMyanmarHouse.com
5024 Views

နယူးယောက်မြို့ ရှိ မိုးမျှော်တိုက်သစ်ကြီး၏ လူနေခန်း ၉၇ ခန်းကို တန်ဖိုးနည်းအခန်းများအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ကျော်မျှဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး လျှောက်လွှာများ စတင်လက်ခံ

နယူးယောက်မြို့ အချက်အခြာကျသော ဘဏ္ဍာရေးလုပ်ငန်းများ အခြေစိုက်ရာအရပ်ရှိ မိုးမျှော်တိုက်သစ်ကြီး၏ လူနေခန်း ၉၇ ခန်းကို တန်ဖိုးနည်းအခန်းများအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ကျော်မျှဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး လျှောက်လွှာများ စတင်လက်ခံလျက် ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆောက်အအုံ၏ အမြင့်မှာ ၇၆၂ ပေရှိပြီး Gerner Kronick + Valcarcel နှင့် SLCE Architects ဗိသုကာအဖွဲ့များမှ ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး Carmel Partners ကုမ္ပဏီက ဆောက်လုပ်ပေးခဲ့သည်။

နယူးယောက်မြို့  ဖူလ်တန်လမ်း၊ အမှတ် ၁၁၈ တွင် တည်ရှိပြီး လူနေအဆောက်အအုံကြီးဖြစ်ကာ အငှားခန်းပေါင်း ၄၈၃ ခန်း ပါဝင်သည်။
ပထမထပ်နှင့် ဒုတိယထပ်များတွင် လက်လီအရောင်းဆိုင်ခန်းများအတွက် စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသောနေရာ ပါဝင်သည်။

နယူးယောက်သားတစ်ဦး ပျှမ်းမျှရရှိသော ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်း ဝင်ငွေရှိသူများ ငှားရမ်းခွင့်လျှောက်ထားနိုင်မည်ဖြစ်သည်။
လူနေခန်း ဈေးနှုန်းများမှာ စတူဒီယိုခန်းများကို တစ်လလျှင် ၇၈၈ ဒေါ်လာ၊ အိပ်ခန်း ၂ ခန်းပါ အခန်းများကို တစ်လလျှင် ၁၀၂၅ ဒေါ်လာဖြင့် ငှားရမ်းနိုင်မည် ဖြစ်သည်။

တတိယထပ်နှင့် စတုတ္ထထပ်များတွင် စီးပွားရေးစင်တာ၊ မီဒီယာခန်းမ၊ ဂိမ်းကစားခန်း၊ ကလေးကစားကွင်းတို့ ပါဝင်ပြီး အဆောက်အအုံတွင် နေထိုင်သူများ အသုံးပြုနိုင်မည် ဖြစ်သည်။

အားကစားလေ့ကျင့်ရေးစင်တာလည်း ပါဝင်ကာ လက်ဝှေ့၊ ယောဂနှင့် အလေးမ လေ့ကျင့်ရန် နေရာများ ပါဝင်သည်။အပေါ်ဆုံးအထပ်ဖြစ်သော ၆၃ ထပ်မြောက်မှ နယူးယောက်၏ အံ့သြဖွယ်ရာ အလှအပများကို ၃၆၀ ဒီဂရီ တွေ့မြင်နိုင်မည် ဖြစ်သည်။

လူနေခန်းများတွင် မျက်နှာကြက်မှာ ၉ ပေအမြင့်ရှိပြီး ဝက်သစ်ချသားကြမ်းခင်းများ ခင်းပေးထားကာ ရေချိုးခန်းတွင် ကြွေပြားခင်းထားသည်။
အဆောက်အအုံ၏ လူနေခန်းအများစုမှာ အံ့အားသင့်ဖွယ်ရှုခင်းများ တွေ့မြင်ရမည်ဖြစ်သည်။အဆိုပါ အဆောက်အအုံကြီးကို လာမည့်နွေရာသီတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

Manhattan Community Board 1 တွင် နေထိုင်သူများသည် နေအိမ်ခန်း ၅၀ ရာခိုင်နှုန်း ငှားရမ်းခွင့်ရမည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်ဟု ဆိုသည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် info118FultonSt@gmail.com သို့ စာရေးသား ဆက်သွယ်မေးမြန်းနိုင်ပြီး https://goo.gl/dLMC8M အင်တာနက်လင့်ခ်တွင်လည်း pdf ဖိုင်ဖြင့် အသေးစိတ်အချက်အလက်များ ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့ ရှိ မိုးမျှော်တိုက်သစ်ကြီး၏ လူနေခန်း ၉၇ ခန်းကို တန်ဖိုးနည်းအခန်းများအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ကျော်မျှဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး လျှောက်လွှာများ စတင်လက်ခံ - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ ရှိ မိုးမျှော်တိုက်သစ်ကြီး၏ လူနေခန်း ၉၇ ခန်းကို တန်ဖိုးနည်းအခန်းများအဖြစ် တစ်လလျှင် ဒေါ်လာ ၇၀၀ ကျော်မျှဖြင့် ငှားရမ်းပေးမည်ဖြစ်ပြီး လျှောက်လွှာများ စတင်လက်ခံ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service