စင်္ကာပူမြို့ လယ်တွင် ၅၁ ထပ်မြင့်မားသည့် ဘက်စုံသုံးတာဝါကြီးကို CapitaLand က စတင်ဆောက်လုပ်ပြီ - Property News in Myanmar from iMyanmarHouse.com
4817 Views

စင်္ကာပူမြို့ လယ်တွင် ၅၁ ထပ်မြင့်မားသည့် ဘက်စုံသုံးတာဝါကြီးကို CapitaLand က စတင်ဆောက်လုပ်ပြီ

CapitaLand ကုမ္ပဏီသည် စင်္ကာပူမြို့ လယ်တွင် ၅၁ ထပ်အမြင့်ရှိသည့် ဘက်စုံသုံးမိုးမျှော်တိုက်ကြီး ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါတာဝါတွင် ရုံးခန်းများ၊ အသင့်နေလူနေခန်းများ၊ စားသောက်ဆိုင်တန်းများ၊ မုတ်သုန်ဥယျာဉ်အစရှိသည်တို့ ပါဝင်မည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင်အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

စီမံကိန်းတွင် grade A အဆင့်ရှိ ရုံးခန်းနေရာ စတုရန်းပေ ၆၃၅၀၀၀ ၊ အသင့်နေလူနေခန်း ၂၉၉ ခန်း ပါဝင်မည်ဖြစ်ပြီး စင်္ကာပူ၏ ဘဏ္ဍာရေးလုပ်ငန်းများအခြေချရာ အရပ်တွင် တည်ရှိမည် ဖြစ်သည်။

စင်္ကာပူအခြေစိုက် developer ဖြစ်သော CapitaLand ကုမ္ပဏီသည် ယခုစီမံကိန်းကို REIT နှင့် ဂျပန်မှ Mitsubishi Estate တို့နှင့် ပူးပေါင်းအကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။

တည်နေရာမှာ Market လမ်း၊ အမှတ် ၈၈ တွင်ဖြစ်ပြီး စီမံကိန်းအတွက် စင်္ကာပူဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ ( ကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ယင်းအဆောက်အအုံကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်မှာ ဒိန်းမတ်နာမည်ကျော်ဗိသုကာပညာရှင် Bjarke Ingels နှင့် အီတလီမှ Carlo Ratti Associati တို့ ဖြစ်ကြသည်။

အပြီးသတ်ဆောက်လုပ်ပြီးစီးပါက စင်္ကာပူ၏ အမြင့်မားဆုံးအဆောက်အအုံ ၅ ခုတွင် အပါအဝင်ဖြစ်လာမည်ဖြစ်ပြီး facial recognition စနစ်၊ အလင်းပေးစနစ်များကို မိုဘိုင်းဖုန်းဖြင့် ထိန်းချုပ်နိုင်ခြင်းတို့ကဲ့သို့ အဆင့်မြင့်နည်းပညာများ ထည့်သွင်းဆောက်လုပ်မည်ဟု ဆိုသည်။

အသင့်နေလူနေခန်းများကို CapitaLand ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော The Ascott Limited မှ စီမံခန့်ခွဲသွားမည် ဖြစ်သည်။

မြေညီထပ်တွင် ၁၉ မီတာမြင့်မားသည့် (atrium) တစ်ခု ပါဝင်မည်ဖြစ်ကာ စတုရန်းမီတာ ၁၁၆၁ ရှိသည့် ပန်းဥယျာဉ်လည်း ပါဝင်မည်ဖြစ်သည်။

ဒုတိယနှင့် တတိယထပ်တို့တွင် Market Street အစားအသောက်ဆိုင်တန်း ပါဝင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနက ပိုင်ဆိုင်မည်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service