ကွန်တိန်နာ အဆောက်အအုံလေးများ - Property News in Myanmar from iMyanmarHouse.com
6041 Views

ကွန်တိန်နာ အဆောက်အအုံလေးများ

မြန်မာနိုင်ငံမှာက မြေဈေး၊ အိမ်ဈေးကြီးတဲ့အတွက် ရွှေ့ပြောင်းလို့ရတဲ့ ရုံးခန်းလေးတွေ၊ အိမ်လေးတွေအဖြစ် ပုံဖော်လို့ရတဲ့ ကွန်တိန်နာအဆောက်အအုံလေးတွေအကြောင်း မြန်မာတိုင်း(မ်)က မိတ်ဆက်ပေးလိုပါတယ်။

ဒီဇိုင်းကို မိမိဘာသာ ဥာဏ်ကွန့်မြူးနိုင်ပြီး အသုံးပြုမယ့် အမျိုးအစားပေါ် မူတည်ကာ ဒီအဆောက်အအုံလေးတွေကို စိတ်ကူးပုံဖော်လို့ရတဲ့ အားသာချက် ရှိတာကလည်း စားသုံးသူအတွက် ကောင်းကွက်တစ်ခု ဖြစ်ပါတယ်။

အခြားတိုင်းပြည်တွေမှာတော့ ဝေးလံခေါင်ဖျားတဲ့ ခရီးသွားနေရာတွေအတွက် ဟိုတယ်အငယ်စားတွေ၊ ရွေ့လျားရုံးခန်း၊ ရွေ့လျားဈေးဆိုင်ခန်းတွေ၊ တချို့ဆိုရင် အိမ်တွေအထိ ကွန်တိန်နာလေးတွေနဲ့ ဆောက်လုပ်ကြတာတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ သုံးလေးနှစ်ခန့်ကစတင်ပြီး ကွန်တိန်နာ အဟောင်းလေးတွေကို ပြန်လည်မွမ်းမံပြီး ဆန်းသစ်တဲ့ အဆောက်အအုံတွေ ဆောက်လာတာရှိပါတယ်။ ဒါပေမဲ့ အများသူငါကြားမှာတော့ သိပ်မတွင်ကျယ်သေးတာကို တွေ့ရပါတယ်။

''အချိန်ကုန်သက်သာတယ်၊ ကုန်ကျစရိတ် လျှော့ချလို့ရတယ်၊ သာမန်တိုက်တာ အဆောက်အအုံတွေဆောက်သလို ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တာ၊ ထိခိုက်တာတွေ မဖြစ်ဘူး။ နောက်ပြီး ပိုကောင်းတဲ့အားသာချက်က လွယ်လွယ်ကူကူ ရွှေ့ပြောင်းလို့ရတယ်''ဟု ကွန်တိန်နာအဆောက်အအုံတွေ ဆောက်လုပ်ပေးနေတဲ့ DEMON ကုမ္ပဏီရဲ့ လုပ်ငန်းတာဝန်ခံအရာရှိ ဦးသန်းထိုက်စိုးက မြန်မာတိုင်း(မ်)ကို ရှင်းပြပါတယ်။

သူတို့ကုမ္ပဏီဟာ လွန်ခဲ့တဲ့ခြောက်လလောက်ကစပြီး ဒီလုပ်ငန်းကို စတင်တာ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းရဲ့ ဈေးဆိုင်ခန်းနဲ့ နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့အတွက် ရွေ့လျားရုံးခန်းကို ဆောက်လုပ်ပေးထားပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေလို လုပ်ငန်းခွင်မျိုးမှာဆိုရင် စီမံကိန်းတွေအတွက် ယာယီရုံးခန်းတွေ ဆောက်လုပ်ကြရပြီး အဲဒီရုံးခန်းတွေဟာ နောင်မှာပြန်သုံးလို့မရဘဲ စီမံကိန်းပြီးတာနဲ့ ဖျက်ပစ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဒီလိုလုပ်ငန်းခွင်မျိုးအတွက်ဆိုလျှင် ကွန်တိန်နာရုံးခန်းတွေဟာ ပိုမိုသင့်တော်တယ်လို့ ဦးသန်းနိုင်စိုးက ရှင်းပြပါတယ်။

''ကွန်တိန်နာဆောက်ထားရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုပြီးရင် နောက်တစ်ခုကို ရုံးခန်းကို မပြီးရွှေ့ယူသွားရုံပဲ။ နောက်တစ်လုံး ထပ်ဆောက်နေရ တာမျိုး မရှိတော့ဘူးဆိုတော့ စရိတ်အများကြီး လျှော့ချနိုင်လိမ့်မယ်။ ဒါ့ပြင် ယာယီအဖြစ် ဆောက်လိုက်တဲ့ ရုံးခန်းထက် အမြင်အားဖြင့် အများကြီး ပိုတင့်တယ်သလို၊ ခိုင်လဲခိုင်တယ်''လို့ ၄င်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာတော့ ကွန်တိန်နာအဆောက်အအုံဆောက်လုပ်တဲ့ ကုမ္ပဏီ လက်ရှိမှာ အနည်းဆုံး နှစ်ခုမျှ ရှိနေပြီဖြစ်ပြီး DEMON နဲ့ Myanmar Home Design တို့ဖြစ်ကြပါတယ်။ ဒါ့ပြင် မိမိဘာသာ ကွန်တိန်နာကို ဝယ်ယူပြီး စိတ်ကြိုက်ပုံဖော်ကာ ဆောက်လုပ်တဲ့သူတွေလည်း ရှိပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ First Container Bar ဆိုရင်လည်း ကွန်တိန်နာတွေကို အသုံးပြုထားတဲ့ ထင်ရှားတဲ့ စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။

DEMON က ဦးသန်းထိုက်စိုးရဲ့အဆိုအရ သူတို့ကုမ္ပဏီက ပေ ၂ဝ ကွန်တိန်နာတစ်လုံးကို အနိမ့်ဆုံး ၇၅ သိန်းခန့်ကစတင်ပြီး သုံးစွဲလိုသူရဲ့ စိတ်ကြိုက်အတိုင်း ကုန်ကျစရိတ်အမျိုးမျိုးနဲ့ ဆောင်ရွက်ပေးနိုင်တယ်လို့ဆိုပါတယ်။ အထက်ပါဈေးနှုန်းထဲမှာ ဒီဇိုင်းဆွဲပေးခြင်း၊ ကွန်တိန်နာကို အစအဆုံး ပြန်လည်ပြုပြင်ခြင်း၊ အဲကွန်းတစ်လုံးတပ်ဆင်ခြင်း၊ အတွင်းခန်းကို စမတ်ဘုတ်ခေါ် ဖိုင်ဘာကွန်ကရိဘုတ်ပြားနဲ့ ကာရံခြင်း၊ အပြင်နံရံနဲ့ အတွင်းနံရံကြားမှာ အပူခံ လျှပ်ကာများထည့်သွင်းပေးခြင်း၊ ကြမ်းခင်းကို ကိုရီးယားဖြစ် ဗီနိုင်းပါကေးခင်းပေးခြင်း၊ အခန်းကန့်ပေးခြင်း၊ လျှပ်စစ်မီးစနစ် တစ်ပါတည်း တပ်ဆင်ပေးခြင်းတို့ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ဝယ်သူက ပရိဘောဂနဲ့ အခြားထည့်သွင်းအသုံးပြုမယ့် ပစ္စည်းတွေကို ပြောင်းလဲလိုတာ၊ ဖြည့်စွက်ထည့်သွင်းလိုတာရှိရင်လည်းအပြီးအစီး ဆောင်ရွက်ပေးနိုင်ပြီး ကုန်ကျစရိတ်တော့ သုံးစွဲလိုမှုပေါ်မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အကယ်၍ ပေ ၂ဝ ကွန်တိန်နာတွေ အသုံးမပြုဘဲ ပေ ၄ဝ ကွန်တိန်နာတွေ အသုံးပြုချင်ရင်လည်း ဆောင်ရွက်ပေးနိုင်တယ်လို့ သူကဆိုပါတယ်။ ကွန်တိန်နာတွေ ဟာ ယေဘုယျအားဖြင့် ရှစ်လုံးအထိထပ်နိုင်တာမို့ အထပ်အမြင့်တွေလည်းသူတို့က ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

''တစ်လုံးနဲ့တစ်လုံး ထပ်ဖို့က မခက်သလို ထပ်ပြီးရင် တစ်လုံးနဲ့တစ်လုံး ချိတ်ထားတဲ့ဟာကလည်း လုံးဝပြုတ်မကျနိုင်ဘူး''လို့ ကိုသန်းထိုက်စိုးက ရှင်းပြပါတယ်။

နယ်မြို့တွေမှာ ကွန်တိန်နာအဆောက်အအုံတွေကို လုပ်ချင်ရင်လည်း ဆောင်ရွက်ပေးပြီး၊ တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်း လိုရင်လည်း ဆောင်ရွက်ပေးတယ်လို့ ၄င်းတို့က ဆိုပါတယ်။

ကွန်တိန်နာ အဆောက်အအုံကို ပြုလုပ်ရတာဟာ နှစ်ပတ် ကနေ တစ်လအတွင်းလောက်ပဲကြာမြင့်တာမို့ လုပ်ငန်းဆောင်ရွက်လိုသူတွေအနေနဲ့ မြန်မြန်ဆန်ဆန် မိမိလုပ်ငန်းကို စတင်လို့ရပါတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တည်ဆောက်လိုက်တဲ့အဆောက်အအုံဟာ သုံးစွဲတဲ့ ကွန်တိန်နာရဲ့ သက်တမ်းပေါ်လိုက်ပြီး ဆယ်စုနှစ် လေးခုနီးပါးလောက်ထိ ကြာရှည်အသုံးခံတာမို့ ရင်းနှီးမြှုပ်နှံရတဲ့ငွေကြေးနဲ့ယှဉ်ရင် ထိုက်တန်တယ်လို့လည်း ကိုသန်း ထိုက်စိုးက မှတ်ချက်ပေးပါတယ်။ သူတို့ဆီကဝယ်ယူလိုက်တဲ့ ကွန်တိန်နာအဆောက်အအုံတွေအတွက် နောင်မှာ ပြုပြင်ထိန်းသိမ်းဖို့လိုအပ်လာရင်လည်း ဝန်ဆောင်မှုပေးတယ်လို့ သိရပါတယ်။

သတင်းကောင်းနောက်တစ်ခုကတော့ DEMON ကုမ္ပဏီက မကြာခင်မှာ ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ကွန်တိန်နာအဆောက်အအုံတွေကို ရောင်းချပေးဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

''နောင်သုံးလလောက်ကြာရင် အရစ်ကျစနစ်စလုပ်မယ်။ ဘဏ်က ယေဘုယျခွင့်ပြုတဲ့ပုံစံအတိုင်းဆိုရင်တော့ ၃ဝ ရာခိုင်နှုန်းကနဦးသွင်းပြီး ကျန်တာ နှစ်ရှည်အရစ်ကျပေါ့''လို့ သူကဆက်ရှင်းပြပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service