နယူးယောက်တွင် အဆိုတော်ဖြစ်လိုသည့် အမျိုးသမီးက ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့၏ နေအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5376 Views

နယူးယောက်တွင် အဆိုတော်ဖြစ်လိုသည့် အမျိုးသမီးက ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့၏ နေအိမ်ကို ဝယ်ယူ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အနောက်ဘက်တွင် ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချစုဝေးရာ Bel Air ဟုခေါ်သည့် ဒေသရှိ၏။

အဆိုပါဒေသသည် ခြံဝန်းကျယ်ကြီးများသာ တည်ရှိပြီး စုစုပေါင်း နေအိမ် ၃၀၀ ပင်မပြည့်ချေ။ယင်းဒေသတွင် ကမ္ဘာကျော်မော်ဒယ် ကင်မ် ကာဒါရှီယန်နှင့် ခင်ပွန်းဖြစ်သူ ကင်ညေးဝက်စ်တို့က နေအိမ်တစ်လုံးပိုင်ဆိုင်ထားပြီး ယခုအခါ အဆိုပါနေအိမ်ကို ရောင်းထုတ်လိုက်ကြပြီဖြစ်သည်။

အဆိုပါအရောင်းအဝယ်တွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ ကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရေကူးကန်တစ်ခု၊ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ပြီး ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၉၀၀၀ ခန့် ကျယ်ဝန်းကာ အနီးရှိ ချောက်ကြီးကို အပေါ်စီးမှ တွေ့မြင်နေရသည်။

နေအိမ်အရောင်းအဝယ်တွင် Douglas Elliman အိမ်ခြံမြေကုမ္ပဏီက ရောင်းလက်၊ ဝယ်လက်နှစ်ဘက်လုံးမှ ပါဝင်ခဲ့သည်။

Douglas Elliman မှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျို့ရှ် အယ့်လ်တ်မန်က ပြောကြားရာတွင် နေအိမ်မှာ ပြတိုက်တစ်လုံးနှင့် တူနေကြောင်း ပြောကြားသည်။
ကင်မ်ကာဒါရှီယန်တို့ ဇနီးမောင်နှံသည် အဆိုပါနေအိမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ကင်မ်ကာဒါရှီယန်တို့က မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကို မှန်ပြတင်းသစ်များဖြင့် ပြန်လည်မွမ်းမံခဲ့ပြီး နေအိမ်၏ မျှော်စင်မှာ ပေ ၃၀ ခန့်အထိ မြင့်မားသည်။

ယခုနေအိမ်ကို ဝယ်ယူပြီး တစ်နှစ်ခန့်ကြာမြင့်သောအခါ ကင်မ်ကာဒါရှီယန်တို့ ဇနီးမောင်နှံသည် Hidden Hills တွင် တည်ရှိပြီး တစ်ချိန်က လီဆာမာရီပရက်စလေ ပိုင်ဆိုင်ခဲ့ဖူးသော နေအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ထပ်မံဝယ်ယူလိုက်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ဝယ်ယူလိုက်သူမှာ မာရီနာ အက်ခ်တွန်အမည်ရှိ ယူကရိန်း စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။

အက်ခ်တွန်သည် ယခုနှစ် သြဂုတ်လအတွင်း အိမ်ထောင်ကျခဲ့ပြီးနောက် လော့စ်အိန်ဂျလိတွင် အခြေချကာ အဆိုတော်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ရန် ရည်ရွယ်ကာ ယခုနေအိမ်ကို ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
အသံဖမ်းစတူဒီယိုတစ်ခု တည်ထောင်နိုင်မည့်အပြင် အနုပညာဆန်သည့် နေအိမ်မျိုးကို ရှာဖွေနေရာမှ ကင်မ်ကာဒါရှီယန်၏ နေအိမ်ကို တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

နေအိမ်အတွင်းတွင် ကင်မ်ကာဒါရှီယန်ကိုယ်တိုင်လိုက်လံပြသကာ အသေးစိတ်ရှင်းပြခဲ့သည့်အပြင် သူ၏အဝတ်ဗီရိုကိုပင် ဖွင့်လှစ်ပြသခဲ့သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တွင် အဆိုတော်ဖြစ်လိုသည့် အမျိုးသမီးက ကင်မ်ကာဒါရှီယန်နှင့် ကင်ညေးဝက်စ်တို့၏ နေအိမ်ကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service