နေပြည်တော်တည်ဆောက်ရန် သိမ်းယူခဲ့သည့်လယ်ယာမြေများအတွက် လျော်ကြေး ကျပ်လေးဘီလီယံကျော် ပေးအပ်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
5510 Views

နေပြည်တော်တည်ဆောက်ရန် သိမ်းယူခဲ့သည့်လယ်ယာမြေများအတွက် လျော်ကြေး ကျပ်လေးဘီလီယံကျော် ပေးအပ်ထားဟုဆို

နေပြည်တော် တည်ဆောက်ရေးစီမံကိန်းများ ကြောင့် လယ်ယာမြေအသိမ်းခံခဲ့ ရသည့်တောင်သူများကို နစ်နာ ကြေး ကျပ်လေးဘီလီယံကျော် ပေးလျော်ခဲ့ကြောင်း နေပြည် တော် စည်ပင်သာယာရေးကော်မ တီဝင်(၂) ဦးမင်းသူက 7Day Daily သတင်းစာအားပြောသည်။

နေပြည်တော်စည်ပင်သာ ယာရေးကော်မတီက နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေမှ လယ်ယာ မြေနှင့် သီးနှံလျော်ကြေးငွေများ ကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကစ တင်ကာ လက်ရှိဘဏ္ဍာနှစ်အထိ ခြောက်ကြိမ်ပေးလျော်ခဲ့ကြောင်း ဦးမင်းသူက အတည်ပြုသည်။

ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်က တောင်သူများအ တွက် နစ်နာကြေးထောက်ပံ့ငွေ အဖြစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တွင် ကျပ်သန်း ၈၀၀ ခန့်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ် သန်း ၄၆၀ ကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၄၈၀ ကျော်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် ကျပ်သန်း ၇၁၀ ကျော်ဖြင့် လေးကြိမ် ပေးလျော်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ နှစ်မှာပေးတဲ့သီးနှံနဲ့မြေလျော် ကြေးဟာ အများဆုံးပဲ’’ ဟုဦးမင်း သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသစ်တက် လာပြီးနောက်ပိုင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၅ ဘီလီ ယံကျော်ကို တောင်သူများအား ထောက်ပံ့ကြေးအဖြစ် ဆက် လက်ပေးလျော်ခဲ့သည်။ ပြီးခဲ့ သည့်နှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် က နိုင်ငံတော်အစိုးရခွင့်ပြုငွေ အဖြစ် ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားပြီး ၁ ဒသမ ၅ ဘီလီယံ ကျော်အထိ တောင်သူများထံပေး လျော်ခဲ့သည်။ အစိုးရသို့ပိုငွေ ကျပ်သိန်း နှစ်ထောင်ကျော် ပြန် လည်အပ်နှံခဲ့ကြောင်း ဦးမင်းသူ ကဆိုသည်။

ယင်းကဲ့သို့ နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့သော ငွေကျပ် သိန်းနှစ်ထောင်ကျော်သည် နေ ပြည်တော်ကောင်စီနယ်မြေ ရွှေ နံ့သာရပ်ကွက်ရှိ မြေဧက ၂၀၀ကို တွက်ချက်ထားပြီး ပေးလျော်နိုင်ခဲ့ခြင်းမရှိသောကြောင့်ဟု ၎င်းက ရှင်းပြသည်။

‘‘ဒီနှစ်ဘတ်ဂျက်ခွင့်ပြုငွေက သိန်းပေါင်းတစ်ထောင်လောက် ရှိတယ်။ လက်ရှိမှာ ၄၀၀ နီးပါး ပေးထားပြီးဖြစ်တဲ့အတွက် သိန်း ပေါင်း ၆၀၀ ကျော်သီးနှံနဲ့မြေ လျော်ကြေးတွေ ပေးဖို့ရှိနေပါ သေးတယ်’’ ဟုဦးမင်းသူက ပြော သည်။ ယခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏမြို့နယ် မှ သစ်တောမြေ ၃၈ ဧကကျော်အတွက် မြေယာလျော်ကြေးကျပ်သိန်း ၄၀၀ ခန့်ကို အောက်တိုဘာ ၂၉ ရက်က တောင်သူ ၁၄ ဦးထံပေးအပ်ခဲ့သည်။ ယင်းသို့ပေးအပ် ရာတွင် စိုက်ပျိုးခဲ့သော တောင်သူ များ၏ သီးပင်စားပင်များအတွက် သီးနှံလျော်ကြေးများ ထည့်သွင်း တွက်ချက်ပြီး မြေတစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ပေးလျော် ခဲ့သည်။

‘‘စိစစ်တွက်ချက်တဲ့နေရာ မှာ အခက်အခဲဖြစ်တာက မြေစာ ရင်းမဟုတ်တဲ့ သစ်တောမြေတွေ ပေါ့။ အခက်အခဲဖြစ်တယ်ဆိုတဲ့ နေရာမှာ လုပ်ကိုင်စားသောက်တဲ့ သူတွေဟာ ပိုင်ဆိုင်မှုထပ်နေတာ တို့၊ အငြင်းပွားတာတွေကိုလည်း ထပ်မံစိစစ်နေပါတယ်’’ ဟု ဦး မင်းသူက ဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service