ရန်ကုန်တိုက်ခန်းငှားခ သိသာစွာကျ - Property News in Myanmar from iMyanmarHouse.com
3147 Views

ရန်ကုန်တိုက်ခန်းငှားခ သိသာစွာကျ

လူလတ်တန်းစား အများစုနေထိုင်သည့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှ တိုက်ခန်း အထပ်မြင့်များ၏ ငှားရမ်းခ နှုန်းထားများမှာ ယခုနှစ်အတွင်း လျော့ကျလာကြောင်း သက်ဆိုင်ရာ ရပ်ကွက်များအတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ
သိရသည်။

တိုက်ခန်းများ အများဆုံး ဆောက်လုပ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် အထပ်မြင့်များဖြစ်သည့် ငါးလွှာ၊ ခြောက်လွှာ အခန်းများမှာ ယခင်ထက် အနည်းဆုံး ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ ဈေးနှုန်း ကျဆင်းလာကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်စိုးစိုးညွန့်က ပြောကြားသည်။

“မှတ်တိုင်နဲ့ နီးတဲ့နေရာ၊ ဈေးနဲ့နီးတဲ့နေရာတွေက ဈေးမကျဘူး။ ဒါပေမဲ့ ဈေးတိုးတောင်းတာလည်း မတွေ့ဘူး။ အခုဈေးကျတာက နည်းနည်းချောင်ကျ တာနဲ့ အခန်းကျဉ်းတဲ့ဟာတွေဆို သုံး သောင်းလောက်အထိ ဈေးကျတာပါ။ ခြောက်လွှာဆို ဈေးကျတယ်။ ဘာလို့လဲဆိုတော့ မိုးမလုံတာတွေလည်း ရှိလို့ လူတွေက သိပ်မငှားဘူး”ဟု ၎င်းက ရှင်းပြသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ တိုက်ခန်းဈေးနှုန်းများမှာ ခြောက်လွှာ၊ ငါးလွှာကို ယခင်က တစ်လ ငှားရမ်းခ ကျပ်တစ်သိန်း နှစ်သောင်းရှိခဲ့ရာမှ ယခုအခါ ကိုးသောင်းနှင့် တစ်သိန်းကြားတွင်ရှိကာ သုံးလ တစ်ခါပေးဖြင့် အိမ်စာချုပ်များ ချုပ်ဆိုကြကြောင်း၊ အလားတူ တောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) တို့တွင်လည်း တိုက်ခန်း ဈေးနှုန်းများမှာ အနည်းငယ်စီ ဈေးကျဆင်းကြောင်း တောင်ဥက္ကလာပမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်မီးငယ်က ပြောကြားသည်။

“တောင်ဥက္ကလာဆိုရင် အခန်းကျယ် အထပ်မြင့်တွေတောင် ဈေးက တစ်သောင်းလောက်ကျတယ်။ အခန်းကျဉ်းတွေဆိုလည်း တစ်သောင်းကနေ နှစ်သောင်းကြားလောက် ကျတယ်”ဟု ၎င်းက ဆိုသည်။

တောင်ဥက္ကလာပတွင် အလျား ၁၈ ပေ၊ အနံ ၅၄ ပေအခန်းများ၏ ဈေးနှုန်းမှာ ယခင်က တစ်သိန်း ရှစ်သောင်းရှိရာမှ ယခုဆိုလျှင် တစ်သိန်း ခုနစ်သောင်းနှင့် စာချုပ်ချုပ်ကြကြောင်း ၎င်းကပြောဆိုသည်။

ယင်းကဲ့သို့ မြို့တွင်းနှင့် အနည်းငယ် အလှမ်းဝေးသည့် နေရာများတွင် ဈေးနှုန်း ကျဆင်းသော်လည်း မြို့လယ် ခြောက်မြို့နယ်နှင့် ဗဟန်း၊ စမ်းချောင်းမြို့နယ်တို့ရှိ တိုက်ခန်းများမှာ အရောင်းအဝယ်သာ အေးနေပြီး အငှားဈေးနှုန်းများမှာ ဈေးမြင့်နေကြောင်း စမ်းချောင်းမှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးတိုးနိုင်က ပြောကြားသည်။

“စမ်းချောင်းမှာက နိုင်ငံခြားသားတွေက ဝင်ငှားနေတော့ ဈေးကတက်နေတာ။ ၁၀ ပေ အခန်းကျဉ်းတောင် တစ်သိန်းရှစ်သောင်းလောက်ရှိတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တန်ဖိုးနည်းတိုက်ခန်းများ ဆောက်လုပ်လာသည့်အတွက် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှာ အေးစက်နေပြီး တိုက်ခန်းအငှား ဈေးနှုန်းများမှာ လွန်ခဲ့သည့် ၂ နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းနီးပါး ဈေးကျဆင်းသွားကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင် ဦးခင်မောင်အေးက ပြောကြားသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အိမ်၊ ခြံ၊ မြေမှာ ဝင်ရောက်မှု နည်းပါးနေသေးတယ်။ ဒါကြောင့် ဈေးကလည်း ကျတယ်”ဟု ၎င်းကဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service