နေပြည်တော်မှာ လယ်ယာမြေတွေ ပိုပြီး အရောင်းအ၀ယ်ပြုလုပ်လာကြ - Property News in Myanmar from iMyanmarHouse.com
5476 Views

နေပြည်တော်မှာ လယ်ယာမြေတွေ ပိုပြီး အရောင်းအ၀ယ်ပြုလုပ်လာကြ

နေပြည်တော်မှာ သည်နှစ်မိုးဦးကျကာလလောက်ကစပြီး လယ်ယာမြေတွေကို အရောင်းအ၀ယ်ပိုပြီး ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

‘ သိပ်တော့ မကြာသေးဘူးရယ် လယ်မြေတွေ အရောင်းအ၀ယ်လုပ်ကြတာက မိုးဦးကျအချိန်ကနေမှလာဝယ်ကုန်ကြတာပဲ၊ လာဝယ်တဲ့သူတွေကတော့ တရုတ်သူဌေးတွေလို့တော့ကြားတာပဲ၊ သူတို့တော့ စပ်မျိုးစပါးစိုက်ပျိုးဖို့ ၀ယ်တယ်တော့ ကြားတာပဲ၊ အတိအကျတော့မသိဘူး၊ ရွားနားကပ်နေတဲ့အကွက်တွေတော့ သူတို့ ပိုကြိုက်တယ် ’ လို့ ဒက္ခိဏသီရိမြို့နယ်၊ အောင်သုခကျေးရွာမှ တောင်သူ ဦးနိုင်ကြီးကပြောပါတယ်။

အခုလိုတောင်သူတွေအနေနဲ့ လယ်ယာမြေတွေကို ရောင်းချတဲ့ နေရာမှာ ၀ယ်ယူသူတွေက ရွာနဲ့ ကပ်နေတဲ့ လယ်ယာမြေတွေကို ရောင်းချတဲ့နေရာမှာ ၀ယ်ယူသူတွေက ရွာနဲ့ ကပ်နေတဲ့လယ်ယာမြေတွေကိုပိုပြီး စိတ်ဝင်စားကြသလို ဈေးကောင်းပေးပြီးလည်း ၀ယ်ယူလိုနေကြတယ်လို့ သိရပါတယ်။ နေပြည်တော်မှာ လယ်ယာမြေတွေကို ၀ယ်ယူသူတွေက များသောအားဖြင့် တရုတ်လူမျိုးတွေဖြစ်ပြီး ဥယျာဉ်ခြံစိုက်ပျိုးဖို့၊ စပ်မျိုးစပါးတွေ စိုက်ပျိုးဖို့ ၀ယ်ယူကြတာများတယ်လို့လည်း သိရပါတယ်။

ရောင်းချတဲ့သူတွေအနေနဲ့ လယ်ယာအဖြစ် ပြောရောင်းတာတွေ ရှိသလို တချို့ရွာနဲ့ ကပ်လျက်ရှိတဲ့ လယ်ယာမြေပိုင်ရှင်တွေကတော့ အကွက်ရိုက်ပြီး ရွာမြေအဖြစ် ပြောရောင်းတာတွေလည်း ရှိပါတယ်။ အလခုလို့ရွာနဲ့ ကပ်လျက်ရှိတဲ့ လယ်ယာမြေတွေကို ၀ယ်ယူသူတွေကတော့ ဧကကျယ်တဲ့အကွက်ကိုပဲ ပိုပြီး စိတ်ဝင်စားလေ့ရှိတယ်လို့ သိရပါတယ်။

ဒက္ခိဏသီရိမြို့နယ်ဘက်မှာတော့ လမ်းဘေးနဲ့ ရွာနားကပ်လျက်ရှိတဲ့ လယ်ယာမြေတွေကို ၀ယ်ယူသူတချို့က လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ ၀ယ်ယူထားပြီး အကွက်ရိုက်ထားတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

‘ တပ်ကုန်းဘက်တွေတော့ အဲဒီလိုတွေက ဧကကျယ်တွေရောင်းနေကြတာတော့ကြာပြီ၊ ဧကတစ်ရာတို့ ဘာတို့ကို ကြေညာပြီး ရောင်းနေတာ၊ ဧက ၂၀၀ တို့ဘယ်လိုတွေ ရထားကြလဲတော့မသိဘူး။ ရွာတဲ့နီးတဲ့ ဟာတွေကရော မနီးတဲ့ဟာတွေရော တချိုကလမ်းရဲ့ ဘယ်နားလေးပေါ့။ ဖေ့စ်ဘုတ်ခ်ပေါ်မှာတင်နေကြတာပဲ၊ လုပ်ရောင်းကြတာတချိုကလမ်းဖောက်ထားတာ ဘယ်နှစ်ကွက်တို့ ’ လို့ ဇေယျသီရိမြို့နယ် စိမ်းစားပင်ကျေးရွာမှ တောင်သူဦးကိုကိုကပြောပါတယ်။

၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေမှာ တော့ အခုလို လယ်ယာမြေတွေကို ပုံစံ(၇) နဲ့ လယ်ယာစိုက်ပျိုးသီးနှံပဲစိုက်ခွင့်ပေးထားပြီး အခြားနည်းလမ်းနဲ့ အသုံးပြုခွင့်ပေးမထားပါဘူး။ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက်လည်း လယ်ယာမြေကို အခြားနည်းဖြင့် မွေးမြူရေးကန်တွေ တူးဖော်ချင်ပါက လန ၃၉ ကိုလျှောက်ထားရပြီး တစ်ဧကကို ၁၀ သိန်းနှုန်းခန့် ဒဏ်ကြေးပေးဆောင်ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နေပြည်တော်ရဲ့ လယ်ယာမြေဈေးနှုန်းတွေက ရွာနဲ့ တစ်ဆက်တည်းရှိတဲ့အကွက်တွေ၊ လမ်းမကြီးတွေ ဘေးကပ်နေတဲ့အကွက်တွေဆိုရင် တစ်ဧကသိန်း ၃၀၀ ခန့်းရှိပြီး သာမန်လယ်ယာမြေအကွက်ဆိုရင်တော့ တစ်ဧက သိန်း ၁၀၀ ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရောင်းသူဝယ်သူတွေ များနေပေမဲ့ ရောင်းသူရောဝယ်သူပါ ဈေးကွက်စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိတဲ့အတွက် အရောင်းအ၀ယ်အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service