ဆာဗားနား(သို့မဟုတ်) သုဿန် ပေါ်တွင်တည်သည့်မြို့  - Property News in Myanmar from iMyanmarHouse.com
6662 Views

ဆာဗားနား(သို့မဟုတ်) သုဿန် ပေါ်တွင်တည်သည့်မြို့ 

အမေရိကန်ပြည်ထောင်စုဂျော်ဂျီယာပြည်နယ်တွင် ဆာဗားနားအမည်ရှိ မြို့ ကလေးတစ်မြို့ ရှိသည်။အဆိုပါ မြို့ ကလေးသည် ယခင်ကသုဿန်နေရာဖြစ်ပြီးယခင်မြေပုံအုတ်ဂူဟောင်းများကိုဖယ်ရှားခြင်းမပြုဘဲ မြို့ တည်ထားခြင်းဖြစ်သည်။

မြို့ ကလေးအတွင်းရှိရှေ့ ဟောင်းသမိုင်းဝင်ဇုံနေရာတွင် သရဲအလွန်ခြောက်ကြောင်းဒေသခံများစွာကပြောကြားသည်။
အဆိုပါ ဇုန်နေရာတွင် ၁၇၅၀ ခုနှစ် က တည်ဆောက်ခဲ့သည့် Colonial Park သုဿန်ကြီးတည်ရှိသည်။

ယင်းသုဿန်တွင် လူပေါင်းတစ်သောင်းကျော် မြှုပ်နှံခဲ့သော်လည်းလက်
ရှိအားဖြင့် သချို င်္င်းကျောက်တိုင် ၁၀၀၀ ခန့်သာရှိသည်။၁၈၂၀ ပြည့်လွန်နှစ်များအတွင်းအူရောင်ငန်းဖျားရောဂါဖြင့်သေဆုံးခဲ့ရသည့် လူပေါင်း ၇၀၀ကျော်ကို မြေကျင်းကြီးများဖြင့် မြှုပ်နှံခဲ့ရပြီးမိသားစုလိုက်မြှပ်နှံထားကြသည့်အုတ်ဂူများလည်းများစွာရှိသည်.။

၎င်းတို့၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်များမှာဆွေးမြည့်ပျက်စီးသွားကြပြီးနောက် အရိုးအိုးများဖြင့် ပြောင်းလဲအစားထိုးလိုက်ကြသည်။ယင်းမြေနေရာတွင် နောက်မျိုးဆက်မှ ကွယ်လွန်သူများကိုဆက်လက်မြှုပ်နှံပြန်သည်။
ထိုအတိုင်းပင် သံသရာစက်ဝန်းလည်ပတ်နေလေသည်။

ပြည်တွင်းစစ်ကာလအတွင်းတွင် ပြည်ထောင်စုစစ်သည်တို့ကသင်္ချိုင်းကျောက်တုံးများကိုဖယ်ရှားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြရာမည်သူကိုမည်သည့်နေရာတွင် မြှုပ်နှံခဲ့သည်ဟူသည့် အချက်အလက်များမှာအတည်ပြုနိုင်ခြင်းမရှိတော့ချေ။နောက်ပိုင်းတွင် သင်္ချိုင်းဝန်းကျင်ပတ်လည် လမ်းများဖောက်လုပ်ရာတွင် သင်္ချိုင်းမြေပိုမိုကျဉ်းမြောင်းသွားခဲ့ပြီးသင်္ချိုင်းကျောက်တိုင်များစွာမှာလမ်းများအောက်သို့ ရောက်ရှိသွားခဲ့သည်။

သင်္ချိုင်းမြေတစ်နေရာမှာယနေ့အခါတွင် ကလေးကစားကွင်းနှင့် ဘတ်စ်ကက်ဘောကွင်း ဖြစ်နေလေပြီ။အဆိုပါ မြို့ ကလေးတွင် သရဲခြောက်သော ဖြစ်ရပ်များအနက် နာမည်အကျော်ဆုံးမှာသင်္ချိုင်းမြေအဖြစ် တစ်ချိန်ကပါဝင်ခဲ့သောနေရာရှိ ကြိုးဆွဲချသစ်ပင်ရှိသရဲဖြစ်သည်။

ကြိုးဆွဲချသစ်ပင်သရဲဇာတ်လမ်းကိုဒေသခံများနှင့် မြို့ ကလေးသို့ အလည်အပတ်လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသည်များများစွာစိတ်ဝင်စားကြသည်။ကြိုးဆွဲချသစ်ပင်တည်ရှိသည့်နေရာမှာသင်္ချိုင်းနောက်ဘက် အုတ်တံတိုင်းအနီးတွင် ဖြစ်၏။ကြိုးဆွဲချသရဲမှာယောက်ျားတစ်ဦးဖြစ်ပြီးလူ့ဘဝကရီနီရွန်ဒိုလီယာဟုအမည်ရသည်။

အဆိုပါသရဲကိုသင်္ချိုင်းအတွင်းလမ်းလျှောက်နေခြင်း၊ ကြိုးဆွဲချသစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေခြင်းများမကြာခဏတွေ့ရလေ့ရှိသည်ဟုဆိုကြသည်။

ရွန်ဒိုလီယာမှာအရပ် ၇ ပေနီးပါးရှိသဖြင့် ညဘက်များတွင် အလွယ်တကူတွေ့ရှိနိုင်သည်ဟုဆို၏။ရွန်ဒိုလီယာသည် အဆိုပါသင်္ချိုင်းအတွင်းတွင်ပင် မိန်းကလေးငယ် ၂ ဦးကိုသတ်ဖြတ်ခဲ့သည်။

အဆိုပါ လူသတ်မှုဖြင့် သေဒဏ်စီရင်ခြင်းခံခဲ့ရပြီး ကြိုးဆွဲချသစ်ပင် (သို့မဟုတ်) အနီးရှိရင်ပြင်တစ်ခုခုတွင် ကြိုးဆွဲချ ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။

မှတ်ချက်။ ရွန်ဒိုလီယာဆိုသူအမှန်တကယ်ရှိခဲ့၊ မရှိခဲ့ဟူသည့် သမိုင်းအထောက်အထားနည်းလှသော်လည်းဒေသတွင်း မျိုးဆက်များစွာကမူအဆိုပါဇာတ်လမ်းကိုယုံတမ်းပုံပြင်သဖွယ် လက်ဆင့်ကမ်းပြောပြခဲ့ကြသည်။

ရွန်ဒိုလီယာ၏ ခြောက်လှန့်မှုကိုခံခဲ့ရသည့် မျက်မြင်သက်သေများစွာရှိပြီးပရလောကသုတေသီတို့ကလည်းအဆိုပါသင်္ချိုင်းကိုစိတ်နယ်လွန်ဖြစ်ရပ်ဆန်းများဖြစ်ပွားရာနေရာတစ်ခုအဖြစ် မှတ်တမ်းတင်ထားကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဆာဗားနား(သို့မဟုတ်) သုဿန် ပေါ်တွင်တည်သည့်မြို့  - Property News in Myanmar from iMyanmarHouse.com
ဆာဗားနား(သို့မဟုတ်) သုဿန် ပေါ်တွင်တည်သည့်မြို့  - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service