မန်းမြို့တွင် အကွက်အကွင်းကောင်း၊ နေရာကျယ် အငှားသွက်တယ် - Property News in Myanmar from iMyanmarHouse.com
5436 Views

မန်းမြို့တွင် အကွက်အကွင်းကောင်း၊ နေရာကျယ် အငှားသွက်တယ်

မန္တလေးမြို့တွင်း အိမ်ခြံမြေအငှားဈေးကွက်မှာ ငှားရမ်းခနှုန်းထားတွေက အချို့နေရာတွေမှာ ငါးနှစ်အတွင်း ရှင်ဆခန့် မြင့်တက်လာတယ်။

အကွက်အကွင်းကောင်းမွန်ပြီး ကားရှိုးရွန်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် စသဖြင့် စီးပွားရေးလုပ်ကိုင်လို့ အဆင်ပြေတဲ့ အချက်အချာနေရာတွေက နေရာကျယ်ဝန်းတဲ့ အိမ်ခြံမြေ ငှားရမ်းခ နှုန်းထားတွေ အများဆုံးဆက်လာတာပါ။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အဖြစ်ဖွင့်လှစ်ဖို့ အဆင်ပြေတဲ့ ၂၆ လမ်း၊ မေးတင်မြေကွက်ကျယ်တစ်ခုရဲ့ မြေနေရာငှာရမ်းခဟာ ၂၀၁၂ ခုနှစ်ကတစ်လ ငှားရမ်းခ ကျပ်ရှစ်သိန်းခန့်သာ ပေါက်ဈေးရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ ကျပ်သိန်း ၆၀ ခန့်အထိ ဖြစ်လာပါတ်ယ။ ထို့အတူ ၆၆ လမ်းပေါ်က တစ်လငှားရမ်းခ ကျပ် ၁၀ သိန်းခန့်ပေါက်ဈေးရှိတဲ့ မြေနေရာကို သည်နှစ်မှာ ငှားရမ်းခ ကျပ်သိန်း ၈၀ ကျော်အထိဈေးတိုးတောင်းနေတယ်လို့ သိရပါတယ်။

‘တစ်ခါတည်း နှစ်ရှည်သဘောမျိုးချုပ်လာတယ်၊ စီးပွားရေးအရ အကွက်အကွင်းကောင်းတဲ့နေရာတွေမှာဆို များသောအားဖြင့် ဒီလိုပဲလုပ်ကြတယ်။ စာချုပ်ထဲမှာပထမ တစ်နှစ်မှာ ငှားရမ်းခ ဘယ်လောက်နှုန်း၊ နောင်နှစ်နောင်နှစ်တွေမှာ ဘယ်လောက်နှုန်းတိုးမယ် စသဖြင့် တစ်ခါတည်းပါအောင် လုပ်ကြတော့တယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးမြင့်မောင်က ပြောပါတယ်။

ဥပမာ အိမ်ငှားခကို တစ်နှစ်မှာ ၁၀ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ဖို့ သဘောတူတယ်ဆိုရင် ပထမနှစ်အတွက် ၁၀ သိန်း အိမ်ငှားရမ်းခ သတ်မှတ်ထားရင် ဒုတိယနှစ်အတွက် ၁၀ သိန်း သည်လိုသတ်မှတ်ထားတာပါ။ ပထမဆုံးနှစ် ငှားရမ်းခနဲ့ နောက်ဆုံးသက်တမ်းအတွက် သတ်မှတ်ငှားရမ်းခနှုန်းထားကြား ကွာဟမှုဟာ နှစ်ဆနီးပါးရှိပါတယ်။

နှစ်ရှည်ငှားရမ်းရာမှာ ငှားရမ်းခကို တစ်လုံးတည်ပေးဖို့မလိုအပ်ဘူး။ သတ်မှတ်နှုန်းထားအလိုက် တစ်နှစ်ချင်း ပေးသွင်းဖို့ သတ်မှတ်တယ်။ ဒါမှလည်း အိမ်ရှင်အိမ်ငှားနှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေစေမှာဖြစ်တယ်။

‘အဓိကအကြောင်းအရင်းကမြေကွက်ကျယ်တာရှားလာလို့ ဥပမာ ပေ ၁၀၀ အကျယ်အ၀န်း ရှိတဲ့ နေရာငှားမယ်၊ သိန်း ၁၀၀ လောက်သုံးပါမယ်ပြောတယ်။ ငှားမပေးနိုင်ဘူး၊ ဘာလို့လဲဆိုတော့ နေရာမရှိဘူး၊ ငှားဖို့ပိုက်ဆံရှိတောင် ငှားချင်တိုင်း ငှားဖို့မလွယ်ဘူး’ လို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးသန်းက ပြောပါတယ်။

အချက်အချာနေရာဆိုပေမဲ့ မီးပွိုင့်တွေနဲ့နီးကပ်စွာ တည်ရှိနေရင်တော့ သည်နေရာဟာ အငှားနည်းသလို ဈေးလည်း ရရှိမှုနည်းပါးပါတယ်။

ဇုန်တွေလည်းအငှားသွက်

မန္တလေးအိမ်ခြံမြေဆိုင်ခန်း အငှားဈေးကွက်မှာ ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊ လမ်း ၈၀ နဲ့ ၈၃ လမ်းကြား၊ ဧရိယာကို ဇုန် A၊ ၇၈ လမ်းနဲ့ ၇၃ လမ်းကြား ဧရိယာကို ဇုန် B၊ ၇၂ လမ်းကနေ ၆၂ အထိ ဧရိယာကို ဇုန် C နဲ့ မြို့သစ်ဧရိယာတွေကို ဇုန် D အဖြစ်သတ်မှတ်ပါတယ်။

အဲသည်ထဲမှာ ဇုန် A ရဲ့အိမ်ခြံမြေဆိုင်ခန်းငှားရမ်းခနှုန်ဟာ အမြင့်ဆုံးဖြစ်ပြီး မျက်နှာ်စာပေအကျယ်အ၀န်း အဆောက်အအုံပေါ်မူတည်ကာ တစ်လငှားရမ်းခ ကျပ် ၁၂ သိန်းခန့်ကနေ သိန်း ၂၀၀ ကျော်အထိ ရှိပါတယ်။

ကုမ္ပဏီရုံးခန်း၊ သင်တန်းကျောင်း စသဖြင့် အသုံးပြုနိုင်တဲ့ အဆောက်အအုံကောင်းမွန်ပြီး နေရာအသင့်အတင့်ကောင်းမှာ ရှိတဲ့ မြေတွေကလည်း ငါးနှစ်အတွင်း မှာ သုံးဆမှ ငါးဆခန့်အထိ အငှားဈေးမြင့်လာပါတယ်။ သည်နေရာတွေကတော့ ဇုန် B နဲ့ C အတွင်းတည်ရှိတဲ့ မြေနေရာတွေပါ။ ယင်းနေရာတွေရဲ့ အိမ်ခြံမြေငှားရမ်းခဟာ တစ်လ ကျပ်လေးသိန်း ကနေ သိန်း ၁၀၀ ကြားပေါက်ဈေးရှိပါတယ်။

‘’အဓိက downtown ဧရိယာတွေ ပိုကျယ်လာတဲ့သဘောလို့ ပြောရမယ်။ နဂိုတုန်းက downtown ဧရိယာဆိုရင် ၂၆ လမ်း၊ ၃၅ လမ်း၊ ၈၄ လမ်း၊ ၇၃ လမ်း၊ လောက်ကိုပဲ သတ်မှတ်တာ၊ ခုကတော့ ၆၂ လမ်းအထိဖြစ်လာပြီ။ ခုလက်ရှိပေါက်ဈေးအရ ပြောမယ်ဆိုရင် ဇုန် A ၊ ဇုန် B ဧရိယာထဲကနေရာတွေက အနည်းဆုံး သိန်း ၅၀ လောက်ရှိနေတယ်၊ ဒီအချိန် မှာ ဇုန် C ဧရိယာကလဲဖွံ့ဖြိုးလာတာနဲ့အမျှ ဈေးလိုက်တက်လာတာ’ လို့အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဇုန် D မှာ ငှားရမ်းကြသူအများစုဟာ ကုမ္ပဏီ၊ ကားရှိုးရွန်း၊ ဆိုင်ကယ်ရှိုးရွန်း၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်ကြီးတွေ စတဲ့ စီးပွားရေးလုပ်ကိုင်ဖို့ ငှားရမ်းကြတာဖြစ်ပြီး သည်နေရာတွေရဲ့ ငှားရမ်းခကလည်း မြေနေရာအကျယ်အ၀န်းအလိုက် ၁၂ သိန်းခန့် ကနေကျပ်သိန်း ၁၀၀ ၀န်းကျင်အထိ တစ်လငှားရမ်းဈေးနှုန်းရှိပါတယ်။

ရပ်ကွက်တွေလည်းအငှာသွက်

နှစ်စဉ် ဇွန်၊ ဇူလိုင် လဆန်းကနေ နိုဝင်ဘာ၊ ဒီဇင်ဘာလ အထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှားရာသီဖြစ်ပြီး သီတင်းကျွတ်ကာလအပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိဟာ အိမ်ခြံမြေ ရာသီရဲ့ အငှားအသွက်ဆုံးကာလဖြစ်ပါတယ်။

သည်နှစ်ဟာ ယခင်နှစ်ကထက်စာရင် အငှားသွက်သလို ဈေးနှုန်းလည်းမြင့်မားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချိုကဆီက သိရပါတယ်။

အိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်ကြေးကြောင့်လည်း ယခုနှစ်အတွက် အိမ်ငှားရမ်းခနှုန်းထားဟာ ယခင်နှစ်တွေနဲ့စာရင် ငှားရမ်းခအနည်းငယ်မြင့်မားစေတာလို့ အကျိုးဆောင်အချို့က ပြောပါတယ်။

အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေပြီး ငှားရမ်းနှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက်စာရင် မြင်တက်လာတယ်လို့ မြို့ခံအိမ်ခြံမြေအငှားအကျိုးဆောင်အချို့က ပြောပါတယ်။

ချမ်းအေးသာဇံမြို့နယ်ကယာဉ်ပျံ၊ ရွှေယာဉ်မွန်၊ ကျန်းမာရေး၊ အောင်မြေသာစံမြို့နယ်က နန်းဦးလွင်း၊ ဘူးကုန်း၊ သရက်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း၊ ကျွဲရေကုန်း၊ စတဲ့ရပ်ကွက်တွေက အိမ်ငှားရမ်းခတွေ မြင့်တာလာတာဖြစ်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service