အငှားဈေးကွက်ဆက်လက် ဦးဆောင်နေဆဲ မြို့တွင်း အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
5534 Views

အငှားဈေးကွက်ဆက်လက် ဦးဆောင်နေဆဲ မြို့တွင်း အိမ်ခြံမြေဈေးကွက်

မန္တလေးမြို့ရဲ့ မြို့တွင်းအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ထက် အငှားဈေးကွက်ကသာ ဆက်လက်ဦးဆောင်နေဆဲဖြစ်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။
မြို့တွင်းအိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးမြင့်မားတဲ့ အိမ်ခြံမြေအကွက်အကွင်းတွေဟာ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေဆဲ ဖြစ်ပေမဲ့ အိမ်မြေအငှားဈေးနှုန်းတွေကတော့ တစ်နှစ်ထက်တစ်နှစ် မြှင့်ခေါ်လာသလိုဈေးကွက်တောင်းဆိုမှုလည်း ကောင်းနေပါတယ်။

မြို့တွင်းမှာ အဆောက်အအုံကောင်း၊ အကွက်အကွင်းကောင်းရင် အငှားဈေးနှုန်းကို ကောင်းကောင်းခေါ်နိုင်တာကြောင့် အရောင်းအဝယ်အေးပေမဲ့ အိမ်မြေပိုင်ရှင်တွေအနေနဲ့ သိပ်မှုစရာမလိုပါဘူး။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေတာ နှစ်ရှည်ကြာမြင့်နေပြီး မြို့တွင်းဈေးကွက်ဟာ မြို့သစ်ဈေးကွက်ထက် အခြေအနေပိုဆိုးပါတယ်။ ဒါပေမဲ့ အငှားဈေးကွက်မှာတော့ မြို့တွင်းရော၊ မြို့သစ်မှာပါ ဈေးကွက်တောင်းဆိုမှုကောင်းနေပြီး ဈေးနှုန်းတွေက တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။ အထူးသဖြင့် မြို့တွင်းပိုင်းမှာ ဖြစ်ပါတယ်။

မြို့တွင်းမှာဆိုရင် အရှေ့နဲ့အနောက်မှာ ၆၆ လမ်းကနေ ၈၄ လမ်းအတွင်း၊ တောင်နဲ့မြောက်မှာ သိပ္ပံလမ်းကနေ ၂၆ လမ်းအတွင်း အိမ်မြေတွေဟာ အငှားဈေးနှုန်းတွေ သိသိသာသာ ကောင်းလာပါတယ်။ မဟာအောင်မြေ၊ ချမ်းအေးသာစံ မြို့နယ်တွေဟာ ကုမ္ပဏီရုံးခန်း၊ ဆိုင်ခန်း၊ အရောင်းပြခန်းဖွင့်လိုသူတွေ အများဆုံးဦးစားပေးစဉ်းစားလိုကြတဲ့ အကွက်အကွင်းတွေဖြစ်နေပါတယ်။

အကွက်အကွင်းကောင်းတဲ့ ၇၃ လမ်းပေါ်မှာဆိုရင် အကျယ် ၁ဝ ပေပတ်လည်လောက်သာရှိတဲ့ ဆိုင်ခန်းတစ်ခန်းကို တစ်လခေါ်ဈေး ကျပ် ၁ဝ သိန်းလောက်ရှိပြီး အဓိက မိန်းလမ်းမတန်းတစ်ခုခုပေါ်ကို တင်မယ်ဆိုရင် နေရာအကျယ်အဝန်းနဲ့ အဆောက်အအုံကောင်းရင် ကောင်းသလို တစ်လကို ကျပ်သိန်း ၂ဝ အောက်ထစ် ဈေးခေါ်နေကြပါတယ်။

မြို့သစ်ထဲမှာဆိုရင်လည်း သွားရေးလာရေးအဆင်ပြေပြီး၊ နေလို့ထိုင်လို့ဖြစ်တဲ့ အိမ်အနေအထားဆိုရင် အောက်ထစ် ကျပ်တစ်သိန်း ပေးရပြီး၊ မိန်းလမ်းမ တစ်လမ်းလမ်းပေါ်မတင်ပေမဲ့လူနေသိပ်သည်းတဲ့ ဧရိယာထဲဖြစ်မယ်၊ အဆောက်အအုံလည်း ကောင်းမယ်ဆိုရင် တစ်လကို အောက်ထစ် ကျပ် ၁ဝ သိန်း အနည်းဆုံး ဈေးပေါက်နေပါတယ်။

အငှားဈေးနှုန်းတွေ တစ်နှစ်ထက်တစ်နှစ်မြင့်မားနေတာကြောင့် ငှားရမ်းလိုသူတွေအနေနဲ့ ပိုအကျပ်ရိုက်ဖွယ်ရှိနေပြီး မဖြစ်မနေ အလုပ်ဆက်လုပ်ရမယ့် လုပ်ငန်းတွေအနေနဲ့ ငှားရမ်းပြီဆိုရင် နှစ်ရှည်ငှားရမ်းနိုင်ဖို့ ကြိုးပမ်းကြရပါတယ်။

နှစ်ရှည်ဆိုရာမှာ အနည်းဆုံးသုံးနှစ်လောက်ကို ပထမဆုံးနှစ်က နှုန်းထားအတိုင်း တစ်ပြေးတည်းသတ်မှတ်ပြီး ငှားခွင့်ရရင် အတော်အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ တစ်နှစ်ပြီးတစ်နှစ် ရာခိုင်နှုန်းအလိုက် အိမ်လခကို တိုးမြှင့်တောင်းခံသွားကြတာများတယ်လို့ အကျိုးဆောင်တချို့က ပြောပြီး မြို့တွင်း အိမ်မြေအငှားဈေးကွက်ဟာ ငှားရမ်းသူက အားသာတဲ့ ဈေးကွက်အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ 

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service