မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
9439 Views

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ တွင် တည်ရှိသည့် နေအိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။
၁၉၅၃ ခုနှစ်တွင် အစ်ကိုဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီးနောက်ပိုင်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစ်ကိုဖြစ်သူ အောင်ဆန်းဦးတို့သည် ကန်တော်ကြီးစောင်းရှိ တာဝါလိန်းလမ်းနေအိမ်မှ အင်းလျားကန်စောင်းရှိ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

၁၉၈၈ အရေးတော်ပုံကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါနေအိမ်တွင် နိုင်ငံရေး၊ ဘာသာရေးအခြေခံကွဲပြားသူများစွာနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်တာကာလအတွင်း ၁၅ နှစ်ခန့်မှာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရသည်။

နေအိမ်အကျယ်ချုပ်ကျနေသည့်အတွင်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ရွှေဝါရောင် တော်လှန်ရေးကို အားပေးရန်အတွက် ခြံဝန်းတံခါးမှတစ်ဆင့် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။

၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်သောအခါ နေအိမ်အမိုးများ ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးများလည်း ကာလကြာရှည်ပြတ်တောက်သွားခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ အမှောင်ထဲတွင် နေခဲ့ရရှာသည်။

မီးအားပေးစက်များ ကူညီထောက်ပံ့မှုမရသဖြင့် ညအခါတွင် ဖယောင်းတိုင်မီးနှင့် စာဖတ်ရ၏။
၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် နေအိမ်ကို ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့သည်။

နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်မည်ဖြစ်သည့် ၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက်မတိုင်မီ ရက်သတ္တ ၂ ပတ်ခန့်အလိုတွင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက အင်းလျားကန်ကို ရေကူးဖြတ်သန်းကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက်ခဲ့၏။

သို့ဖြင့် အာဏာပိုင်တို့ကို အသိမပေးဘဲ ဧည့်သည်တစ်ဦးကို လက်ခံတွေ့ဆုံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ အမှုရင်ဆိုင်ရကာ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချမှတ်ခြင်း ခံခဲ့ရသည်။

ယင်းသို့ အကျယ်ချုပ် ၁၈ လအထိ ချမှတ်ရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရွေးကောက်ခံနိုင်ခြင်းမရှိရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တို့က သုံးသပ်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများ ဖယ်ရှားပေးလိုက်ချိန်တွင် ပြည်သူလူထုများစွာက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့ အလုံးအရင်းလာရောက်ကြရာ ဒေါ်အောင်ဆန်းစုကြည်က ခြံဝန်းတံခါးနောက်မှ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေအိမ်တစ်ဝက် အမွေရလိုမှုဖြင့် ရန်ကုန်ရှိ တရားရုံးချုပ်တွင် အမှုဖွင့် လျှောက်ထားခဲ့သည်။

ထိုစဉ်က ခန့်မှန်းချက်များစွာ ထွက်ပေါ်ခဲ့ရာ ဦးအောင်ဆန်းဦးသည် ဝေစုတစ်ဝက်ရပါက သူပိုင်ဆိုင်လာမည့်ဝေစုကို စစ်အစိုးရထံ ရောင်းချလိမ့်မည်ဟူသော ခန့်မှန်းချက်များလည်း ထွက်ပေါ်ခဲ့ဖူးသည်။

သို့ရာတွင် တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဆုံးဖြတ်လိုက်ရာ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့ များစွာ အံ့အားသင့်ခဲ့ရသည်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သည် Luc Besson ၏ ၂၀၁၁ ခုနှစ် ရုပ်ရှင်ကားဖြစ်သော The Lady တွင် ပါဝင်ခဲ့ဖူးသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အမှန်တကယ်လာရောက်ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ အဆိုပါနေအိမ်ပုံအတိုင်း ပုံတူဆောက်လုပ်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

Luc Besson က ဂြိုဟ်တုဓာတ်ပုံများနှင့် မိသားစုဓာတ်ပုံ ၂၀၀ ခန့်ကို အခြေခံကာ ပုံတူနေအိမ်ကို ၁း ၁ စကေးဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အခြားနာမည်ကျော်ဖြစ်ရပ်တစ်ခုမှာ ရော့ခ်အဆိုတော် လေးဖြူက သူ၏ တေးစီးရီးတစ်ခုကို ပါဝါ ၅၄ ဟု အမည်ပေးခဲ့ရာ အခွေထွက်ပြီး လပိုင်းအကြာတွင် အခွေနာမည်မှ ၅၄ ဖြုတ်ပေးရန် ညွှန်ကြားခြင်းခံခဲ့ရသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service